ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (19/01/21)

အာဆင်နယ် ကွင်းလယ် လူငယ် ကစားသမား စမစ်ရိုဝီဟာ ကလပ်အသင်း အတွက် ပထမဆုံး ၁၀ ပွဲမှာ ၂ဂိုးသွင်း၊ ၅ဂိုး ဖန်တီးပေးခဲ့သလို ယူနိုက်တက်ကိုစရောက်ခဲ့တုန်းက ဘရူနို ဖာနန်ဒက်စ်နဲ့ နှိုင်းယှဉ်ခံရမှုတွေကို ကျေနပ်နေပြီး ပေါ်တူဂီ ကွင်းလယ်လူကို လေးစားအားကျကြောင်း ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက်ဟာ လီဗာပူးလို အသင်းကို တိုက်ခိုက်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဂယ်ရီနဗီးက ပြောဆိုခဲ့ပေမယ့် ကာရေဂါက ဒါကို ဆန့်ကျင်ခဲ့ပြီး ယူနိုက်တက်ကို အသင်းငယ် တစ်သင်းလို့ ပြောတာမျိုးက မဖြစ်သင့်ဘူးလို့ ဆိုပြီး နဗီးက ဝေဖန်ခဲ့ပါတယ်။

ဂယ်ရီနဗီးဟာ ယူနိုက်တက်မှာ သူ့ရဲ့ ကာလရှည်ကြာပြီး အောင်မြင်ခဲ့တဲ့ ကစားသမားဘဝအတွင်း တွဲကစားခဲ့ဖူးတဲ့အထဲမှာ အကောင်းဆုံး တိုက်စစ်မှူးအဖြစ် နစ္စတယ်ရွိုင်းကို ကျော်ပြီး ဝိန်းရွန်းနီးကို ရွေးချယ်ပြောဆိုခဲ့ပါတယ်။

လီဗာပူးနဲ့ပွဲမှာ ပေါ့ဘာဟာ ဝမ်ဘစ်ဆာကာရဲ့ ဖြတ်တင်ပေးပို့မှုကို အဆုံးသတ် ဂိုးသွင်းယူဖို့ အခွင့်အရေး ရခဲ့ပေမယ့် ဂိုးသမား အဲလစ်ဆန် ကာကွယ်သွားခဲ့တာကြောင့် နိုင်ပွဲနဲ့ ဝေးကွာခဲ့ရသလို ပွဲအပြီး အဝတ်လဲခန်းထဲမှာ အသင်းဖော်တွေကို တောင်းပန်ခဲ့ပါတယ်။

ယူနိုက်တက် ယူ၂၃ မှာ အဓိက ကစားသမားဖြစ်တဲ့ လူငယ်ကြယ်ပွင့် တီဒန် မန်ဂီဟာ အသင်းကြီးထံ ခေါ်ယူခြင်းမခံခဲ့ရတဲ့နောက် စီနီယာ ဘောလုံး လောကမှာ အတွေ့အကြုံ ရရှိဖို့အတွက် လိဂ်ဝမ်းနဲ့ ချန်ပီယံရှစ် ကလပ်တွေထံ အငှား သွား ကစားရတော့မှာဖြစ်ပါတယ်။

လီဗာပူးနဲ့ပွဲမှာ ယူနိုက်တက်ရဲ့ တိုက်စစ်က စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် ခံစစ်ကတော့ အားလုံး ထူးချွန်ခဲ့ကြသလို အလန်ရှီးယားက အသင်းမှာ အကောင်းဆုံး ကစားသမားအဖြစ် လုခ်ရှောကို ရွေးချယ်ခဲ့ပြီး သူက တိုက်စစ်ရော ခံစစ်ပါ ပံ့ပိုးပေးခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ ကြင္းလယ္ လူငယ္ ကစားသမား စမစ္႐ိုဝီဟာ ကလပ္အသင္း အတြက္ ပထမဆုံး ၁၀ ပြဲမွာ ၂ဂိုးသြင္း၊ ၅ဂိုး ဖန္တီးေပးခဲ့သလို ယူႏိုက္တက္ကိုစေရာက္ခဲ့တုန္းက ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ႏႈိင္းယွဥ္ခံရမႈေတြကို ေက်နပ္ေနၿပီး ေပၚတူဂီ ကြင္းလယ္လူကို ေလးစားအားက်ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ယူႏိုက္တက္ဟာ လီဗာပူးလို အသင္းကို တိုက္ခိုက္ဖို႔ အဆင္သင့္ မျဖစ္ေသးဘူးလို႔ ဂယ္ရီနဗီးက ေျပာဆိုခဲ့ေပမယ့္ ကာေရဂါက ဒါကို ဆန္႔က်င္ခဲ့ၿပီး ယူႏိုက္တက္ကို အသင္းငယ္ တစ္သင္းလို႔ ေျပာတာမ်ိဳးက မျဖစ္သင့္ဘူးလို႔ ဆိုၿပီး နဗီးက ေဝဖန္ခဲ့ပါတယ္။

ဂယ္ရီနဗီးဟာ ယူႏိုက္တက္မွာ သူ႔ရဲ႕ ကာလရွည္ၾကာၿပီး ေအာင္ျမင္ခဲ့တဲ့ ကစားသမားဘဝအတြင္း တြဲကစားခဲ့ဖူးတဲ့အထဲမွာ အေကာင္းဆုံး တိုက္စစ္မႉးအျဖစ္ နစၥတယ္႐ြိဳင္းကို ေက်ာ္ၿပီး ဝိန္း႐ြန္းနီးကို ေ႐ြးခ်ယ္ေျပာဆိုခဲ့ပါတယ္။

လီဗာပူးနဲ႔ပြဲမွာ ေပါ့ဘာဟာ ဝမ္ဘစ္ဆာကာရဲ႕ ျဖတ္တင္ေပးပို႔မႈကို အဆုံးသတ္ ဂိုးသြင္းယူဖို႔ အခြင့္အေရး ရခဲ့ေပမယ့္ ဂိုးသမား အဲလစ္ဆန္ ကာကြယ္သြားခဲ့တာေၾကာင့္ ႏိုင္ပြဲနဲ႔ ေဝးကြာခဲ့ရသလို ပြဲအၿပီး အဝတ္လဲခန္းထဲမွာ အသင္းေဖာ္ေတြကို ေတာင္းပန္ခဲ့ပါတယ္။

ယူႏိုက္တက္ ယူ၂၃ မွာ အဓိက ကစားသမားျဖစ္တဲ့ လူငယ္ၾကယ္ပြင့္ တီဒန္ မန္ဂီဟာ အသင္းႀကီးထံ ေခၚယူျခင္းမခံခဲ့ရတဲ့ေနာက္ စီနီယာ ေဘာလုံး ေလာကမွာ အေတြ႕အႀကဳံ ရရွိဖို႔အတြက္ လိဂ္ဝမ္းနဲ႔ ခ်န္ပီယံရွစ္ ကလပ္ေတြထံ အငွား သြား ကစားရေတာ့မွာျဖစ္ပါတယ္။

လီဗာပူးနဲ႔ပြဲမွာ ယူႏိုက္တက္ရဲ႕ တိုက္စစ္က စိတ္ပ်က္စရာျဖစ္ခဲ့ေပမယ့္ ခံစစ္ကေတာ့ အားလုံး ထူးခြၽန္ခဲ့ၾကသလို အလန္ရွီးယားက အသင္းမွာ အေကာင္းဆုံး ကစားသမားအျဖစ္ လုခ္ေရွာကို ေ႐ြးခ်ယ္ခဲ့ၿပီး သူက တိုက္စစ္ေရာ ခံစစ္ပါ ပံ့ပိုးေပးခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။