မန်နေဂျာလမ်းပတ်က အပြောင်းအရွှေ့မှာ တယူသန်အစွဲနဲ့ လုပ်မယ်ဆိုတဲ့ အပြောတွေကို ပယ်ချခြင်း

အင်္ဂလန်ရပ်ဝန်းမှာတော့ ချယ်ဆီးမန်နေဂျာလမ်ပတ်က လူငယ်တွေနဲ့ပဲ အလုပ်လုပ်လိုပြီး အင်္ဂလန်အသင်းသားတွေကိုပဲ နေရာပေးလိမ့်မယ်ဆိုတဲ့ စွပ်စွဲချက်တွေ အများကြီး ရှိထားပါတယ်။

The Athletic မှ Liam Twomey ကတော့ အဆိုပါ စွပ်စွဲချက်တွေကို ငြင်းဆန်လိုက်ပြီး ချယ်ဆီးဟာ အသင်းအတွက် မှန်ကန်တဲ့ တိုးတက်မှုတွေကို ဖြစ်စေမယ်ဆိုရင် အခြားသော ဦးတည်ချက်တွေကိုလည်း လုပ်ဆောင်မယ်လို့ တုန့်ပြန်ခဲ့တယ်။

မနှစ်ကနွေမှာ မန်နေဂျာလမ်းပတ် ချယ်ဆီးကို ဝင်ရောက်လာခဲ့စဉ် ကလပ်အသင်းက ကစားသမားခေါ်ယူခွင့်တွေ ပိတ်ခံထားရတာပါ။ ဒါကြောင့် လမ်းပတ်ဟာ အကယ်ဒမီ ကစားသမားတွေကိုပဲ အဓိက နေရာပေးခဲ့တာဖြစ်တယ်။ ဇန်နဝါရီမှာ ဈေးကွက်ထဲ ပြန်လှုပ်ရှားခွင့် ရခဲ့ပေမယ့် ချယ်ဆီး ချိတ်ဆက်ခဲ့တဲ့ ကာဗာနီ၊ ဒရိုင်းမာတင် လို တိုက်စစ်သမားတွေကလည်း အသင်းပြောင်းလာဖို့ ငြင်းဆန်ခဲ့ပါတယ်။

Liam Twomey က မန်နေဂျာလမ်းပတ်ဟာ လူငယ်ကစားသမားတွေတင် အာရုံစိုက်မှာ မဟုတ်ဘဲ ကလပ်အတွက် ချက်ခြင်း အကျိုးဖြစ်မယ့် ဝါရင့်ကစားသမားတွေကိုလည်း ခေါ်ယူလိုတယ်။ အကောင်းဆုံး ဥပမာက ဇီယက်ကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မိုရိုကို ကစားသမားဟာ အသက် ၂၇ နှစ်အရွယ်ဖြစ်ကာ နယ်သာလန်လိဂ်မှာ အတွေ့အကြုံရှိ ကစားသမားလည်းဖြစ်တယ်။

ချယ်ဆီးအသင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီကတော့ အသက်အရွယ် ထိန်းချုပ်မှု အကန့်အသတ်တွေ ရှိနေဦးမှာဖြစ်ပြီး ဝါရင့်ကစားသမားကြီးတွေထက်စာရင် အသက် ၂၃-၂၈ နှစ်ကြား အရွယ်ကောင်း ကစားသမားတွေကိုပဲ အဓိက ခေါ်ယူလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။

ချယ်ဆီးဟာ အလဲအထပ်တွေ ပါဝင်ရင်တောင် နွေမှာတော့ တိုက်စစ်သမားသစ် ခေါ်ယူသွားမှာပါ။ ဥပမာအားဖြင့် ဟာဗက်လို ကစားသမားကို ခေါ်ယူရေးကို စောင့်ကြည့်နေသေးသလို ဘယ်လို ကစားသမားက အသင်းနဲ့ သင့်လျော်သလဲဆိုတာကိုလည်း ရှာဖွေနေမှာဖြစ်ပါတယ်။

ZAWGYI – အဂၤလန္ရပ္ဝန္းမွာေတာ့ ခ်ယ္ဆီးမန္ေနဂ်ာလမ္ပတ္က လူငယ္ေတြနဲ႔ပဲ အလုပ္လုပ္လိုျပီး အဂၤလန္အသင္းသားေတြကိုပဲ ေနရာေပးလိမ့္မယ္ဆိုတဲ့ စြပ္စြဲခ်က္ေတြ အမ်ားၾကီး ရွိထားပါတယ္။

The Athletic မွ Liam Twomey ကေတာ့ အဆိုပါ စြပ္စြဲခ်က္ေတြကို ျငင္းဆန္လုိက္ျပီး ခ်ယ္ဆီးဟာ အသင္းအတြက္ မွန္ကန္တဲ့ တိုးတက္မႈေတြကို ျဖစ္ေစမယ္ဆိုရင္ အျခားေသာ ဦးတည္ခ်က္ေတြကိုလည္း လုပ္ေဆာင္မယ္လို႔ တုန္႔ျပန္ခဲ့တယ္။

မႏွစ္ကေႏြမွာ မန္ေနဂ်ာလမ္းပတ္ ခ်ယ္ဆီးကို ဝင္ေရာက္လာခဲ့စဥ္ ကလပ္အသင္းက ကစားသမားေခၚယူခြင့္ေတြ ပိတ္ခံထားရတာပါ။ ဒါေၾကာင့္ လမ္းပတ္ဟာ အကယ္ဒမီ ကစားသမားေတြကိုပဲ အဓိက ေနရာေပးခဲ့တာျဖစ္တယ္။ ဇန္နဝါရီမွာ ေစ်းကြက္ထဲ ျပန္လႈပ္ရွားခြင့္ ရခဲ့ေပမယ့္ ခ်ယ္ဆီး ခ်ိတ္ဆက္ခဲ့တဲ့ ကာဗာနီ၊ ဒရိုင္းမာတင္ လို တိုက္စစ္သမားေတြကလည္း အသင္းေျပာင္းလာဖို႔ ျငင္းဆန္ခဲ့ပါတယ္။

Liam Twomey က မန္ေနဂ်ာလမ္းပတ္ဟာ လူငယ္ကစားသမားေတြတင္ အာရံုစိုက္မွာ မဟုတ္ဘဲ ကလပ္အတြက္ ခ်က္ျခင္း အက်ိဳးျဖစ္မယ့္ ဝါရင့္ကစားသမားေတြကိုလည္း ေခၚယူလိုတယ္။ အေကာင္းဆံုး ဥပမာက ဇီယက္ကို ေခၚယူခဲ့ျခင္းျဖစ္ျပီး မိုရိုကို ကစားသမားဟာ အသက္ ၂၇ ႏွစ္အရြယ္ျဖစ္ကာ နယ္သာလန္လိဂ္မွာ အေတြ႔အၾကံဳရွိ ကစားသမားလည္းျဖစ္တယ္။

ခ်ယ္ဆီးအသင္းရဲ႕ အေျပာင္းအေရႊ႔ ေပၚလစီကေတာ့ အသက္အရြယ္ ထိန္းခ်ဳပ္မႈ အကန္႔အသတ္ေတြ ရွိေနဦးမွာျဖစ္ျပီး ဝါရင့္ကစားသမားၾကီးေတြထက္စာရင္ အသက္ ၂၃-၂၈ ႏွစ္ၾကား အရြယ္ေကာင္း ကစားသမားေတြကိုပဲ အဓိက ေခၚယူလိမ့္မယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ခ်ယ္ဆီးဟာ အလဲအထပ္ေတြ ပါဝင္ရင္ေတာင္ ေႏြမွာေတာ့ တိုက္စစ္သမားသစ္ ေခၚယူသြားမွာပါ။ ဥပမာအားျဖင့္ ဟာဗက္လို ကစားသမားကို ေခၚယူေရးကို ေစာင့္ၾကည့္ေနေသးသလို ဘယ္လို ကစားသမားက အသင္းနဲ႔ သင့္ေလ်ာ္သလဲဆိုတာကိုလည္း ရွာေဖြေနမွာျဖစ္ပါတယ္။