အာဆင်နယ်အသင်းဟာ နယူးကာဆယ်ကို အမ်းမရိတ်မှာ ဧည့်ခံ ကစားတဲ့ ညက ပရီးမီးယားလိဂ် ပွဲမှာ ၃ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရကာ အမှတ်ပေးဇယား အဆင့် ၁၀ ရောက်လာပြီ ဖြစ်ပါတယ်။ ဂိုးတွေကိုတော့ အူဘာမီးယန်းက ၂ဂိုးနဲ့ ဆာကာ က ၁ဂိုး သွင်းယူခဲ့တာပါ။
အာဆင်နယ် အတွက် ၂ဂိုး သွင်းခဲ့တဲ့ အူဘာမီးယန်းဟာ လူစားလဲပြီးတဲ့နောက် အဝတ်လဲခန်းထဲ တန်းဝင်သွားခဲ့တာက ကစားသမားဟာ အစာအိမ်နာ ဝေဒနာ ရှိနေပြီး အားတင်း ကစားခဲ့တာကြောင့် ဖြစ်တယ်လို့ အာတီတာက ပွဲ အပြီးမှာ ဖွင့်ဟခဲ့ပါတယ်။

ကွင်းလယ်မှာ အစွမ်းပြသွားတဲ့ စမစ် ရိုဝီကတော့ ၎င်းကို ယူနိုက်တက်မှ ဘရူနို ဖာနန်ဒက်စ်နဲ့ ခိုင်းနှိုင်းခဲ့ကြတဲ့ အပေါ် ကျေနပ်မိကြောင်းနဲ့ ပေါ်တူဂီသားကို အထင်ကြီး သဘောကျသူ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ကွင်းလယ်မှာ သောမတ်စ်ပါတေး၊ ဇာခါနဲ့ စမစ် ရိုဝီတို့ကို တွဲဖက် ကစားစေပြီး ဟန်ချက်ညီစွာ လှုပ်ရှားနိုင်ခဲ့တဲ့အပေါ် Goal သတင်းဌာနက ချီးကျူးခဲ့ကာ အိုဇေးလ်ကို မေ့သွားနိုင်စေခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။
မာဆေးအသင်းမှ ပေါင် သန်း ၂၀ တန် ကွင်းလယ် ကစားသမား မော်ဂန် ဆန်ဆွမ်ကို ပရီးမီးယားလိဂ်မှ အာဆင်နယ်၊ စပါး၊ အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်း အသင်းတို့ အပြိုင် အလိုရှိနေပါတယ်။
သောမတ်စ် ပါတေးဟာ ဒဏ်ရာကနေ ပြန်လာကာစ ဖြစ်တာကြောင့် ၎င်းကို အထူးသတိထားကာ ပွဲကစားဖို့ သုံးသွားရမှာ ဖြစ်ကြောင်း နည်းပြ အာတီတာက ဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ နယူးကာဆယ္ကို အမ္းမရိတ္မွာ ဧည့္ခံ ကစားတဲ့ ညက ပရီးမီးယားလိဂ္ ပြဲမွာ ၃ဂိုး ဂိုးမရွိနဲ႕ ဂိုးျပတ္ အနုိင္ရကာ အမွတ္ေပးဇယား အဆင့္ ၁၀ ေရာက္လာျပီ ျဖစ္ပါတယ္။ ဂိုးေတြကိုေတာ့ အူဘာမီးယန္းက ၂ဂိုးနဲ႕ ဆာကာ က ၁ဂိုး သြင္းယူခဲ့တာပါ။
အာဆင္နယ္ အတြက္ ၂ဂိုး သြင္းခဲ့တဲ့ အူဘာမီးယန္းဟာ လူစားလဲျပီးတဲ့ေနာက္ အ၀တ္လဲခန္းထဲ တန္း၀င္သြားခဲ့တာက ကစားသမားဟာ အစာအိမ္နာ ေ၀ဒနာ ရွိေနျပီး အားတင္း ကစားခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ အာတီတာက ပြဲ အျပီးမွာ ဖြင့္ဟခဲ့ပါတယ္။
ကြင္းလယ္မွာ အစြမ္းျပသြားတဲ့ စမစ္ ရို၀ီကေတာ့ ၄င္းကို ယူနိုက္တက္မွ ဘရူနို ဖာနန္ဒက္စ္နဲ႕ ခိုင္းႏိႈ္င္းခဲ့ၾကတဲ့ အေပၚ ေက်နပ္မိေၾကာင္းနဲ႕ ေပၚတူဂီသားကို အထင္ၾကီး သေဘာက်သူ ျဖစ္ေၾကာင္း ၀န္ခံခဲ့ပါတယ္။
အာဆင္နယ္အသင္းဟာ ကြင္းလယ္မွာ ေသာမတ္စ္ပါေတး၊ ဇာခါနဲ႕ စမစ္ ရို၀ီတို႔ကို တြဲဖက္ ကစားေစျပီး ဟန္ခ်က္ညီစြာ လႈပ္ရွားနုိင္ခဲ့တဲ့အေပၚ Goal သတင္းဌာနက ခ်ီးက်ဴးခဲ့ကာ အိုေဇးလ္ကို ေမ့သြားနုိင္ေစခဲ့တယ္လို႔ သံုးသပ္ခဲ့ပါတယ္။
မာေဆးအသင္းမွ ေပါင္ သန္း ၂၀ တန္ ကြင္းလယ္ ကစားသမား ေမာ္ဂန္ ဆန္ဆြမ္ကို ပရီးမီးယားလိဂ္မွ အာဆင္နယ္၊ စပါး၊ အက္စတြန္ဗီလာနဲ႕ ၀က္စ္ဟမ္း အသင္းတို႔ အျပိဳင္ အလိုရွိေနပါတယ္။
ေသာမတ္စ္ ပါေတးဟာ ဒဏ္ရာကေန ျပန္လာကာစ ျဖစ္တာေၾကာင့္ ၄င္းကို အထူးသတိထားကာ ပြဲကစားဖို႔ သံုးသြားရမွာ ျဖစ္ေၾကာင္း နည္းျပ အာတီတာက ဆိုခဲ့ပါတယ္။
