ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (19/01/21)

မက်ဂွဲရားဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ထိပ်တန်း ဗဟိုခံစစ်မှူး တစ်ဦး ဖြစ်လာနေပြီလို့ ယူနိုက်တက် ကွင်းလယ်ဟောင်း ချက်ဝပ်က ချီးကျူးပြောဆိုခဲ့ပါတယ်။

ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ဟာ ကြီး ၆ ကြီး ပြိုင်ဘက် အသင်းတွေနဲ့ တွေ့ရင် သွင်းဂိုးတွေ ပျောက်ဆုံးနေတဲ့ အပေါ် သတိပြုမိလာကြပါတယ်။ ယူနိုက်တက် ရောက်လာပြီးတည်းက အသင်းကြီးတွေနဲ့ ၈ ပွဲ ဆုံထားခဲ့ရာ ဖာနန်ဒက်စ်က ၂ ဂိုးသွင်း၊ ၂ဂိုး ဖန်တီးမှုသာ လုပ်ထားနိုင်ပါတယ်။

ယူနိုက်တက် ဖန်ဆိုဒ် တစ်ခု ဖြစ်တဲ့ United Stand ကတော့ ဒီရာသီ ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးနဲ့ ဖန်တီးမှုတွေသာ ဖယ်လိုက်ရင် ယူနိုက်တက်က လက်ရှိကနေ ရမှတ် ၁၆ မှတ်ထိ လျော့မှာ ဖြစ်ပြီး အဆင့် ၁၄ မှာသာ ရှိနေမယ်လို့ ပြန်လည် ထောက်ပြခဲ့ပါတယ်။

တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာဟာ ဇာတ်မျောကြီး ဖြစ်နေတဲ့ အပြောင်းအရွှေ့ ပုံပြင်တွေကို အဆုံးသတ်ကာ ပြင်သစ်သား အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေပါတယ်။

အင်္ဂလန် အမျိုးသမီး လက်ရွေးစင် အသင်းကို နည်းပြ အဖြစ် ဆောင်ရွက်ခဲ့တဲ့ သရဲနီဟောင်း ဖီးနဗီးလ်ဟာ ဒေးဗစ်ဘက်ခမ်းရဲ့ မေဂျာလိဂ်ကလပ် အင်တာမီယာမီ အသင်းသို့ ပြောင်းရွှေ့ကာ နည်းပြ လုပ်တော့မှာ ဖြစ်ပါတယ်။

ဗန်ဒီဘိခ်ရဲ့ ကစားချိန် မရတဲ့အပေါ် ကလပ်ကို ဝေဖန်မှုတွေရှိနေပမယ့် ဗန်ဒါဆားကတော့ လက်ရှိ ယူနိုက်တက် ကွင်းလယ်ဟာ နာမည်ကြီးတွေနဲ့ အင်အား တောင့်တင်းနေတာကြောင့် သူ နေရာ မရတာက ရှက်စရာမဟုတ်ဘူးလို့ ဆိုပြီး အချိန်တန်ရင် ဖြစ်လာလိမ့်မယ် လို့ အားပေး ထောက်ခံခဲ့ပါတယ်။

Zawgyi – မက္ဂြဲရားဟာ မန္ခ်က္စတာ ယူနိုက္တက္ အတြက္ ထိပ္တန္း ဗဟိုခံစစ္မွဴး တစ္ဦး ျဖစ္လာေနျပီလို႔ ယူနိုက္တက္ ကြင္းလယ္ေဟာင္း ခ်က္၀ပ္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္စ္ဟာ ၾကီး ၆ ၾကီး ျပိဳင္ဘက္ အသင္းေတြနဲ႕ ေတြ႔ရင္ သြင္းဂိုးေတြ ေပ်ာက္ဆံုးေနတဲ့ အေပၚ သတိျပဳမိလာၾကပါတယ္။ ယူနိုက္တက္ ေရာက္လာျပီးတည္းက အသင္းၾကီးေတြနဲ႕ ၈ ပြဲ ဆံုထားခဲ့ရာ ဖာနန္ဒက္စ္က ၂ ဂိုးသြင္း၊ ၂ဂိုး ဖန္တီးမႈသာ လုပ္ထားနိုင္ပါတယ္။

ယူနိုက္တက္ ဖန္ဆိုဒ္ တစ္ခု ျဖစ္တဲ့ United Stand ကေတာ့ ဒီရာသီ ဖာနန္ဒက္စ္ရဲ႕ သြင္းဂိုးနဲ႕ ဖန္တီးမႈေတြသာ ဖယ္လိုက္ရင္ ယူနုိုက္တက္က လက္ရွိကေန ရမွတ္ ၁၆ မွတ္ထိ ေလ်ာ့မွာ ျဖစ္ျပီး အဆင့္ ၁၄ မွာသာ ရွိေနမယ္လို႔ ျပန္လည္ ေထာက္ျပခဲ့ပါတယ္။

တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္ကေတာ့ ယူနိုက္တက္ ကြင္းလယ္သမား ေပါ့ဘာဟာ ဇာတ္ေမ်ာၾကီး ျဖစ္ေနတဲ့ အေျပာင္းအေရႊ႕ ပံုျပင္ေတြကို အဆံုးသတ္ကာ ျပင္သစ္သား အသင္းမွာ ဆက္ရွိေနဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အဂၤလန္ အမ်ိဳးသမီး လက္ေရြးစင္ အသင္းကို နည္းျပ အျဖစ္ ေဆာင္ရြက္ခဲ့တဲ့ သရဲနီေဟာင္း ဖီးနဗီးလ္ဟာ ေဒးဗစ္ဘက္ခမ္းရဲ႕ ေမဂ်ာလိဂ္ကလပ္ အင္တာမီယာမီ အသင္းသို႔ ေျပာင္းေရႊ႕ကာ နည္းျပ လုပ္ေတာ့မွာ ျဖစ္ပါတယ္။

ဗန္ဒီဘိခ္ရဲ႕ ကစားခ်ိန္ မရတဲ့အေပၚ ကလပ္ကို ေဝဖန္မႈေတြရွိေနပမယ့္ ဗန္ဒါဆားကေတာ့ လက္ရွိ ယူႏိုက္တက္ ကြင္းလယ္ဟာ နာမည္ႀကီးေတြနဲ႔ အင္အား ေတာင့္တင္းေနတာေၾကာင့္ သူ ေနရာ မရတာက ရွက္စရာမဟုတ္ဘူးလို႔ ဆိုၿပီး အခ်ိန္တန္ရင္ ျဖစ္လာလိမ့္မယ္ လို႔ အားေပး ေထာက္ခံခဲ့ပါတယ္။