ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (20/01/21)

လက်စတာကို ရှုံးခဲ့တဲ့တာက ချယ်ဆီးအတွက် ပရီးမီးယားလိဂ် ၈ပွဲမှာ ၅ကြိမ်မြောက် ရှုံးပွဲဖြစ်ခဲ့သလို ဆိုးရွားတဲ့ ရလဒ်တွေ ဆက်တိုက် ဖြစ်လာတဲ့နောက် ကလပ်က သူ့နေရာမှာ အစားထိုးဖို့ အတွေ့အကြုံရှိ နည်းပြတွေကို ရွေးချယ်စဉ်းစားနေပါတယ်။

ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေတဲ့ချယ်ဆီးမှ ပျော့ညံ့နေတဲ့ ကစားသမားတွေကို ဂျေမီရက်နပ်က ဝေဖန်ခဲ့ပြီး အိုဒွိုင်းက အခွင့်အရေးရတာနဲ့ တန်အောင် မလုပ်နိုင်ခဲ့သလို ကွင်းလယ်ကလဲ ဟန်ချက်မညီဘူးလို့ လမ်းပတ်ကိုပါ အပြစ်တင်ပြောဆိုခဲ့ပါတယ်။

နောက်ဆုံး ၅ပွဲအတွင်း ၄ပွဲမြောက် ရှုံးပွဲတွေ့ခဲ့ပြီး ရာသီဝက်မှာ အဆင့်၈ ရောက်ခဲ့တဲ့နောက် လမ်းပတ်ရဲ့အနာဂတ်က သံသယရှိစရာ ဖြစ်လာ ခဲ့သလို ချယ်ဆီးက ထိပ်တန်းဆုဖလားတွေ စိန်ခေါ်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ နည်းပြက ဝန်ခံခဲ့ပါတယ်။

လမ်းပတ်ရဲ့အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့နောက် လက်စတာကွင်းလယ်လူ ဂျိမ်းစ် မတ်ဒီဆန်က သူတို့ဟာ ပွဲမတိုင်ခင်ထဲက ချယ်ဆီးရဲ့ တည်ကန်ဘောတွေမှာ အားနည်းမှုကို အသုံးချပြီး အမြတ်ထုတ်ဖို့ ယုံကြည်မှုရှိခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်စတာက ချယ်ဆီးထက် ပိုမိုပြတ်သားခဲ့ကာ သူတို့ရဲ့ အရည်အချင်းကို ပြသခဲ့တဲ့အချိန် မိမိတို့က ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေခဲ့ပြီး လေးကန် ပေါ့လျော့နေခဲ့ကာ တိုက်ပွဲဝင်စိတ်ဓာတ်ပါ ပျောက်ဆုံးနေခဲ့တယ်လို့ ကစားသမားတွေကို လမ်းပတ်က အပြစ်တင်ခဲ့ပါတယ်။

လမ်းပတ်ဟာ ဈေးကြီးတဲ့ကစားသမားတွေနဲ့ ချယ်ဆီးအသင်းကို ဦးဆောင်ဖို့ မှန်ကန်တဲ့ နည်းပြဖြစ်တယ်လို့ ရိုမန်အေဘရာမိုဗစ်က ထင်နေဆဲလား ဆိုတဲ့ အပေါ် ထင်ကြေးပေးမှုတွေ ရှိလာသလို သူ့အနာဂတ်က သူ့လက်ထဲမှာ မဟုတ်တော့ဘူးလို့ လမ်းပတ်က ဝန်ခံခဲ့ပါတယ်။

ချယ်ဆီးဟာ လုံလောက်တဲ့ ကောင်းမွန်မှုမရှိခဲ့ပဲ ပိုကောင်းတဲ့အသင်းကို ရှုံးနိမ့်ခဲ့တာပါလို့ လမ်းပတ်က ဝန်ခံခဲ့ပြီး သူတို့ဟာ တစ်ဦးချင်း ယှဉ်ပြိုင်မှုတွေမှာ ဆုံးရှုံးခဲ့သလို ကစားသမားတွေက ခြေစွမ်းနဲ့ယုံကြည်မှု ပျောက်ဆုံးနေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဖရန့်လမ်းပတ် အနေနဲ့ ရိုမန်အေဘရာမိုဗစ်နဲ့ ချယ်ဆီးအကြီးအကဲတွေထံကနေ အလေးပေးတဲ့ ဆက်ဆံမှုမျိုး ရရှိဖို့ မမျှော်လင့်ထားသင့်ဘူးလို့ ဒင်းအက်ရှ်တန်က သတိပေးခဲ့ပြီး မြန်မြန် တိုးတက်လာမလာရင် အသင်းကနေ ထွက်သွားရမှာပဲလို့ ဆိုပါတယ်။

Zawgyi – လက္စတာကို ရႈံးခဲ့တဲ့တာက ခ်ယ္ဆီးအတြက္ ပရီးမီးယားလိဂ္ ၈ပြဲမွာ ၅ႀကိမ္ေျမာက္ ရႈံးပြဲျဖစ္ခဲ့သလို ဆိုး႐ြားတဲ့ ရလဒ္ေတြ ဆက္တိုက္ ျဖစ္လာတဲ့ေနာက္ ကလပ္က သူ႔ေနရာမွာ အစားထိုးဖို႔ အေတြ႕အႀကဳံရွိ နည္းျပေတြကို ေ႐ြးခ်ယ္စဥ္းစားေနပါတယ္။

ပုံမွန္ေျခစြမ္းေအာက္ က်ဆင္းေနတဲ့ခ်ယ္ဆီးမွ ေပ်ာ့ညံ့ေနတဲ့ ကစားသမားေတြကို ေဂ်မီရက္နပ္က ေဝဖန္ခဲ့ၿပီး အိုဒြိဳင္းက အခြင့္အေရးရတာနဲ႔ တန္ေအာင္ မလုပ္ႏိုင္ခဲ့သလို ကြင္းလယ္ကလဲ ဟန္ခ်က္မညီဘူးလို႔ လမ္းပတ္ကိုပါ အျပစ္တင္ေျပာဆိုခဲ့ပါတယ္။

ေနာက္ဆုံး ၅ပြဲအတြင္း ၄ပြဲေျမာက္ ရႈံးပြဲေတြ႕ခဲ့ၿပီး ရာသီဝက္မွာ အဆင့္၈ ေရာက္ခဲ့တဲ့ေနာက္ လမ္းပတ္ရဲ႕အနာဂတ္က သံသယရွိစရာ ျဖစ္လာ ခဲ့သလို ခ်ယ္ဆီးက ထိပ္တန္းဆုဖလားေတြ စိန္ေခၚဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ နည္းျပက ဝန္ခံခဲ့ပါတယ္။

လမ္းပတ္ရဲ႕အသင္းကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ လက္စတာကြင္းလယ္လူ ဂ်ိမ္းစ္ မတ္ဒီဆန္က သူတို႔ဟာ ပြဲမတိုင္ခင္ထဲက ခ်ယ္ဆီးရဲ႕ တည္ကန္ေဘာေတြမွာ အားနည္းမႈကို အသုံးခ်ၿပီး အျမတ္ထုတ္ဖို႔ ယုံၾကည္မႈရွိခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လက္စတာက ခ်ယ္ဆီးထက္ ပိုမိုျပတ္သားခဲ့ကာ သူတို႔ရဲ႕ အရည္အခ်င္းကို ျပသခဲ့တဲ့အခ်ိန္ မိမိတို႔က ပုံမွန္ေျခစြမ္းေအာက္ က်ဆင္းေနခဲ့ၿပီး ေလးကန္ ေပါ့ေလ်ာ့ေနခဲ့ကာ တိုက္ပြဲဝင္စိတ္ဓာတ္ပါ ေပ်ာက္ဆုံးေနခဲ့တယ္လို႔ ကစားသမားေတြကို လမ္းပတ္က အျပစ္တင္ခဲ့ပါတယ္။

လမ္းပတ္ဟာ ေဈးႀကီးတဲ့ကစားသမားေတြနဲ႔ ခ်ယ္ဆီးအသင္းကို ဦးေဆာင္ဖို႔ မွန္ကန္တဲ့ နည္းျပျဖစ္တယ္လို႔ ႐ိုမန္ေအဘရာမိုဗစ္က ထင္ေနဆဲလား ဆိုတဲ့ အေပၚ ထင္ေၾကးေပးမႈေတြ ရွိလာသလို သူ႔အနာဂတ္က သူ႔လက္ထဲမွာ မဟုတ္ေတာ့ဘူးလို႔ လမ္းပတ္က ဝန္ခံခဲ့ပါတယ္။

ခ်ယ္ဆီးဟာ လုံေလာက္တဲ့ ေကာင္းမြန္မႈမရွိခဲ့ပဲ ပိုေကာင္းတဲ့အသင္းကို ရႈံးနိမ့္ခဲ့တာပါလို႔ လမ္းပတ္က ဝန္ခံခဲ့ၿပီး သူတို႔ဟာ တစ္ဦးခ်င္း ယွဥ္ၿပိဳင္မႈေတြမွာ ဆုံးရႈံးခဲ့သလို ကစားသမားေတြက ေျခစြမ္းနဲ႔ယုံၾကည္မႈ ေပ်ာက္ဆုံးေနခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဖရန႔္လမ္းပတ္ အေနနဲ႔ ႐ိုမန္ေအဘရာမိုဗစ္နဲ႔ ခ်ယ္ဆီးအႀကီးအကဲေတြထံကေန အေလးေပးတဲ့ ဆက္ဆံမႈမ်ိဳး ရရွိဖို႔ မေမွ်ာ္လင့္ထားသင့္ဘူးလို႔ ဒင္းအက္ရွ္တန္က သတိေပးခဲ့ၿပီး ျမန္ျမန္ တိုးတက္လာမလာရင္ အသင္းကေန ထြက္သြားရမွာပဲလို႔ ဆိုပါတယ္။