ယနေ့ ညနေခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (20/01/21)

အင်တာမီလန် အသင်းဟာ အက်သလက်တီကို မက်ဒရစ်မှာ အငှား ကစားနေတဲ့ အာဆင်နယ် ကွင်းလယ်ကစားသမား တော်ရဲရားကို ၎င်းတို့ ကစားသမား အဲရစ်ဆန်နဲ့ အလဲအထပ် ပြုလုပ်လိုနေပါတယ်။

အာဆင်နယ် အသင်းဟာ အသက် ၂၀ အရွယ် လူငယ် ကွင်းလယ် ကစားသမား စမစ် ရိုဝီကို တစ်ပတ် လုပ်ခ ပေါင် လေးသောင်းနဲ့ ကာလရှည် စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေပါတယ်။

စမစ်ရိုဝီဟာ ဒီတလော သီတင်းပတ်များမှာ အာဆင်နယ် အသင်းကြီးအတွက် ပါဝင်ကစားခွင့် ရပြီး ခြေစွမ်းကောင်းတွေလည်း ပြသနိုင် နေပါတယ်။ အခုလို ရိုဝီ အခွင့် မရခင် အသက် ၁၇ နှစ်သားတည်းက ဝီရှိုင်းယားက ၎င်းကို ထရိန်နင်မှာ သတိပြုမိခဲ့ပြီး ထူးရည် အရည်အချင်းတွေ ရှိနေသူလို့ ကြိုပြောခဲ့ဖူးပါတယ်။

အိုဇေးလ် နေရာ အစားထိုးဖို့ အာဆင်နယ် ပစ်မှတ်ထားနေတဲ့ ကွင်းလယ် ကစားသမား ဘူရမ်ဒီယာကို နောဝစ်ချ် အသင်းက လက်မလွှတ်လိုဘဲ ဒီရာသီကုန်မှာ တန်းတက်ဖို့ ကြိုးစားမှာ ဖြစ်တာကြောင့် အနည်းဆုံး ရာသီကုန်ထိ ဆက်ထိန်းသွားဖို့ ရှိနေပါတယ်။

နယူးကာဆယ်နဲ့ ပွဲမှာ ပွဲပြီးခါနီး လူစားလဲခံရပြီးနောက် အူဘာမီးယန်း တစ်ယောက် ကွင်းဘေး အရန်ခုံကနေ အသင်းကို ဆက်မကြည့်ဘဲ ဥမင်ထဲ တန်းပြီး ပြေးဝင်သွားခြင်းဟာ ဗိုက်နာပြီး အိမ်သာပြေးသွားတာ ဖြစ်ကြောင်း အာတီတာက ရှင်းလင်းခဲ့ပါတယ်။

အာဆင်နယ် အသင်း ဒါရိုက်တာ အီဒူးကတော့ တော်ရဲရားဟာ ပွဲကစားခွင့် ကောင်းစွာ မရတာကြောင့် အငှားကလပ်မှာ မပျော်ရင် စာချုပ်ကို ဖျက်သိမ်းမယ်လို့ အက်သလက်တီကို မက်ဒရစ်အား သတိပေးလိုက်ပါတယ်။

Zawgyi – အင္တာမီလန္ အသင္းဟာ အက္သလက္တီကို မက္ဒရစ္မွာ အငွား ကစားေနတဲ့ အာဆင္နယ္ ကြင္းလယ္ကစားသမား ေတာ္ရဲရားကို ၄င္းတို႔ ကစားသမား အဲရစ္ဆန္နဲ႕ အလဲအထပ္ ျပဳလုပ္လိုေနပါတယ္။

အာဆင္နယ္ အသင္းဟာ အသက္ ၂၀ အရြယ္ လူငယ္ ကြင္းလယ္ ကစားသမား စမစ္ ရို၀ီကို တစ္ပတ္ လုပ္ခ ေပါင္ ေလးေသာင္းနဲ႕ ကာလရွည္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုရန္ ျပင္ဆင္ေနပါတယ္။

စမစ္ရို၀ီဟာ ဒီတေလာ သီတင္းပတ္မ်ားမွာ အာဆင္နယ္ အသင္းၾကီးအတြက္ ပါ၀င္ကစားခြင့္ ရျပီး ေျခစြမ္းေကာင္းေတြလည္း ျပသနုိင္ ေနပါတယ္။ အခုလို ရို၀ီ အခြင့္ မရခင္ အသက္ ၁၇ နွစ္သားတည္းက ၀ီရွိဳင္းယားက ၄င္းကို ထရိန္နင္မွာ သတိျပဳမိခဲ့ျပီး ထူးရည္ အရည္အခ်င္းေတြ ရွိေနသူလို႔ ၾကိဳေျပာခဲ့ဖူးပါတယ္။

အိုေဇးလ္ ေနရာ အစားထိုးဖို႔ အာဆင္နယ္ ပစ္မွတ္ထားေနတဲ့ ကြင္းလယ္ ကစားသမား ဘူရမ္ဒီယာကို ေနာ၀စ္ခ်္ အသင္းက လက္မလႊတ္လိုဘဲ ဒီရာသီကုန္မွာ တန္းတက္ဖို႔ ၾကိဳးစားမွာ ျဖစ္တာေၾကာင့္ အနည္းဆံုး ရာသီကုန္ထိ ဆက္ထိန္းသြားဖို႔ ရွိေနပါတယ္။

နယူးကာဆယ္နဲ႕ ပြဲမွာ ပြဲျပီးခါနီး လူစားလဲခံရျပီးေနာက္ အူဘာမီးယန္း တစ္ေယာက္ ကြင္းေဘး အရန္ခံုကေန အသင္းကို ဆက္မၾကည့္ဘဲ ဥမင္ထဲ တန္းျပီး ေျပး၀င္သြားျခင္းဟာ ဗိုက္နာျပီး အိမ္သာေျပးသြားတာ ျဖစ္ေၾကာင္း အာတီတာက ရွင္းလင္းခဲ့ပါတယ္။

အာဆင္နယ္ အသင္း ဒါရိုက္တာ အီဒူးကေတာ့ ေတာ္ရဲရားဟာ ပြဲကစားခြင့္ ေကာင္းစြာ မရတာေၾကာင့္ အငွားကလပ္မွာ မေပ်ာ္ရင္ စာခ်ဳပ္ကို ဖ်က္သိမ္းမယ္လို႔ အက္သလက္တီကို မက္ဒရစ္အား သတိေပးလိုက္ပါတယ္။