ကိုဗစ်ကာလမှာ အိုထရတ်ဖိုဒ့်ကွင်း အစိတ်အပိုင်း ၃၈၉၈ ခုနဲ့ အချိန်ဖြုန်းခဲ့တဲ့ ဆာအဲလက်စ်

UNICODE – ဗြိတိန်တွင်း ကိုရိုနာကပ်ဘေးကာလ ၁၀ ပတ်ကြာ ပိတ်ဆို့မှုမှာတော့ ယူနိုက်တက် ဂန္တဝင် မန်နေဂျာကြီး ဆာအဲလက်စ်ဟာလည်း နေအိမ်မှာပဲ နေထိုင်ပြီး အချိန်တွေ ဖြုန်းခဲ့ရပါတယ်။

အသက် ၇၈ နှစ်အရွယ် စကော်သား မန်နေဂျာကြီးဟာ ကိုရိုနာကပ်ဘေးအတွင်း ကလပ်ရဲ့ အိုထရတ်ဖိုဒ့်ကွင်း ပုံစံတူ အရုပ်ကို နေအိမ်တွင်းမှာ ကိုယ်တိုင် တည်ဆောက်ပြီး အချိန်ဖြုန်းခဲ့ပါတယ်။ ပေါင် ၂၅၀ နဲ့ ကလပ်က ရောင်းချတဲ့ အဆိုပါ အရုပ်ကို နေအိမ်ကို ပို့ပေးဖို့ ယူနိုက်တက်ကို ဆာအဲလက်စ်က တောင်းခံခဲ့တာပါ။

အိုထရတ်ဖိုဒ့် ပုံတူ အရုပ်မှာတော့ အစိတ်အပိုင်းပေါင်း ၃၈၉၈ ခုထိ ပါဝင်ခဲ့ပြီး ကျော်ကြားတဲ့ ဖာဂူဆန် ဂုဏ်ပြု ရုပ်ထုနဲ့ သူ့နာမည်ပါ ပွဲကြည့်စင်တို့ကလည်း အစိတ်အပိုင်းတွေအဖြစ် ပါဝင်ခဲ့တယ်။ ‘တည်ဆောက်မှုဆိုင်ရာ အတွေ့အကြုံ စိန်ခေါ်ခြင်း’ ဆိုတဲ့ ရောင်စုံတုန်းတွေနဲ့ အရုပ်ဆက်ခြင်းကို ဆာအဲလက်စ်က ၇ နာရီခွဲကြာ အချိန်ယူပြီး ဆက်ခဲ့ပါတယ်။

နေအိမ်တွင်း ကန့်သတ်မှုတွေမှာ အိုထရတ်ဖိုဒ့် ပုံတူကို ဆက်ကစားခြင်းကို လုပ်ဆောင်ခဲ့တာက ဆာအဲလက်လ် တစ်ဦးတည်းသော မဟုတ်ပါဘူး။ အသင်းခေါင်းဆောင်ဟောင်း ဘရိုင်ယန် ရော့ဆန်နဲ့ မန်နေဂျာ အိုလီတို့ကလည်း တရုပ်စီကို ဆက်ကစားခဲ့ကြပါတယ်။

အိုလီက ‘ ဘရိုင်ရန် ရော့ဆန်နဲ့ ရင်ဆိုင်ပြီး အိုထရတ်ဖိုဒ့် အရုပ်ကို တည်ဆောက်တဲ့ စိန်ခေါ်မှုကို လုပ်ခဲ့တယ်။ လုပ်သင့်လား မလုပ်သင့်လားတော့ မပြောနိုင်ပါဘူး။ ငါ့မိသားစုနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ငါကတော့ အဲ့လောက်ထိ စိတ်မရှည်ပါဘူး။ ‘ လို့ ဖြေခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI – ျဗိတိန္တြင္း ကိုရိုနာကပ္ေဘးကာလ ၁၀ ပတ္ၾကာ ပိတ္ဆို႔မႈမွာေတာ့ ယူႏုိက္တက္ ဂႏၱဝင္ မန္ေနဂ်ာၾကီး ဆာအဲလက္စ္ဟာလည္း ေနအိမ္မွာပဲ ေနထိုင္ျပီး အခ်ိန္ေတြ ျဖဳန္းခဲ့ရပါတယ္။

အသက္ ၇၈ ႏွစ္အရြယ္ စေကာ္သား မန္ေနဂ်ာၾကီးဟာ ကိုရိုနာကပ္ေဘးအတြင္း ကလပ္ရဲ႕ အိုထရတ္ဖိုဒ့္ကြင္း ပံုစံတူ အရုပ္ကို ေနအိမ္တြင္းမွာ ကိုယ္တုိင္ တည္ေဆာက္ျပီး အခ်ိန္ျဖဳန္းခဲ့ပါတယ္။ ေပါင္ ၂၅၀ နဲ႔ ကလပ္က ေရာင္းခ်တဲ့ အဆိုပါ အရုပ္ကို ေနအိမ္ကို ပို႔ေပးဖို႔ ယူႏုိက္တက္ကို ဆာအဲလက္စ္က ေတာင္းခံခဲ့တာပါ။

အိုထရတ္ဖိုဒ့္ ပံုတူ အရုပ္မွာေတာ့ အစိတ္အပိုင္းေပါင္း ၃၈၉၈ ခုထိ ပါဝင္ခဲ့ျပီး ေက်ာ္ၾကားတဲ့ ဖာဂူဆန္ ဂုဏ္ျပဳ ရုပ္ထုနဲ႔ သူ႔နာမည္ပါ ပြဲၾကည့္စင္တို႔ကလည္း အစိတ္အပိုင္းေတြအျဖစ္ ပါဝင္ခဲ့တယ္။ ‘တည္ေဆာက္မႈဆိုင္ရာ အေတြ႔အၾကံဳ စိန္ေခၚျခင္း’ ဆိုတဲ့ ေရာင္စုံတုန္းေတြနဲ႔ အရုပ္ဆက္ျခင္းကို ဆာအဲလက္စ္က ၇ နာရီခြဲၾကာ အခ်ိန္ယူျပီး ဆက္ခဲ့ပါတယ္။

ေနအိမ္တြင္း ကန္႔သတ္မႈေတြမွာ အိုထရတ္ဖိုဒ့္ ပံုတူကို ဆက္ကစားျခင္းကို လုပ္ေဆာင္ခဲ့တာက ဆာအဲလက္လ္ တစ္ဦးတည္းေသာ မဟုတ္ပါဘူး။ အသင္းေခါင္းေဆာင္ေဟာင္း ဘရိုင္ယန္ ေရာ့ဆန္နဲ႔ မန္ေနဂ်ာ အိုလီတို႔ကလည္း တရုပ္စီကို ဆက္ကစားခဲ့ၾကပါတယ္။

အိုလီက ‘ ဘရိုင္ရန္ ေရာ့ဆန္နဲ႔ ရင္ဆိုင္ျပီး အိုထရတ္ဖိုဒ့္ အရုပ္ကို တည္ေဆာက္တဲ့ စိန္ေခၚမႈကို လုပ္ခဲ့တယ္။ လုပ္သင့္လား မလုပ္သင့္လားေတာ့ မေျပာႏုိင္ပါဘူး။ ငါ့မိသားစုနဲ႔ပဲ ဆိုင္ပါလိမ့္မယ္။ ငါကေတာ့ အဲ့ေလာက္ထိ စိတ္မရွည္ပါဘူး။ ‘ လို႔ ေျဖခဲ့ေသးတာ ျဖစ္ပါတယ္။