ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (20/01/21)

အာမက် ဒီယာလိုဟာ ဒီရာသီမှာ ၂ပွဲကစားခဲ့ရပြီး မနှစ်က ၃ပွဲသာ ကစားခဲ့ရတာကြောင့် ထိပ်တန်းဘောလုံးလောက အတွေ့အကြုံ မရှိသေး ပေမယ့် သူက အရည်အချင်းရှိတဲ့ လူငယ်ကြယ်ပွင့် ဖြစ်သလို ယူနိုက်တက်မှာ မကြာခင် ပွဲဦးထွက် ရမှာပါလို့ ဆိုးရှားက ကတိပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပုံစံကောင်းတွေကနေ ယိမ်းယိုင်လို့ မရဘဲ ဆက်လက် တိုက်ပွဲ ဝင်သွားရမယ်လို့ တိုက်စစ်မှူး ကာဗာနီက အသင်းဖော်တွေ အား တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ အာဂျင်တီးနားမှ လန်းစ်အသင်း ခံစစ်မှူး ဖာကန်ဒို မယ်ဒီနာ ကို ခေါ်ယူဖို့ ပစ်မှတ်ထားတဲ့ အသင်းတွေထဲ ပါဝင်နေပါတယ်။ အသက် ၂၁ နှစ် အရွယ် ကစားသမားကို ဥရောပ ကလပ်အသင်း အများအပြားက စောင့်ကြည့်နေကြတာပါ။

ယူနိုက်တက် ဂန္တဝင် ဘရိုင်ယန် ရော့်ဘ်ဆန်ကတော့ ၎င်းဟာ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂျက် ဂရေးလစ်ချ်ကို သဘောကျတဲ့ ပရိသတ် တစ်ဦး ဖြစ်ပြီး ဂရေးလစ်ချ်ကို ယူနိုက်တက် ဂျာစီနဲ့ မြင်လိုကြေငာ်း ဝန်ခံခဲ့ပါတယ်။

ယခင် နည်းပြဟောင်း မော်ရင်ညို ဟာ ကစားသမားတွေကို လူရှေ့မှာ အော်ဟစ်ကြိမ်းမောင်းပြီး ပါဝါပြလေ့ ရှိပေမယ့် လက်ရှိ နည်းပြ ဆိုးရှားကတော့ ကစားသမားတွေကို တစ်ဦးချင်း သေချာပြောဆို ဆွေးနွေးတာကိုသာ သဘောကျကြောင်း ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ဖူလ်ဟမ်နဲ့ ပွဲကို ရလဒ်ကောင်း ထွက်အောင် စွမ်းဆောင်ပြီး ၉၉ ခုနှစ်က ကလပ်စံချိန်တင်ထားတဲ့ အဝေးကွင်း ပရီးမီးယားလိဂ်ပွဲ ၁၇ ပွဲ ဆက် ရှုံးပွဲမရှိ မှတ်တမ်းကို အမှီလိုက်နိုင်ဖို့ ရှိနေပါတယ်။

Zawgyi – အာမက္ ဒီယာလိုဟာ ဒီရာသီမွာ ၂ပြဲကစားခဲ့ရၿပီး မႏွစ္က ၃ပြဲသာ ကစားခဲ့ရတာေၾကာင့္ ထိပ္တန္းေဘာလုံးေလာက အေတြ႕အႀကဳံ မရွိေသး ေပမယ့္ သူက အရည္အခ်င္းရွိတဲ့ လူငယ္ၾကယ္ပြင့္ ျဖစ္သလို ယူႏိုက္တက္မွာ မၾကာခင္ ပြဲဦးထြက္ ရမွာပါလို႔ ဆိုးရွားက ကတိေပးခဲ့ပါတယ္။

ယူနိုက္တက္ဟာ ပံုစံေကာင္းေတြကေန ယိမ္းယိုင္လို႔ မရဘဲ ဆက္လက္ တိုက္ပြဲ ၀င္သြားရမယ္လို႔ တိုက္စစ္မွဴး ကာဗာနီက အသင္းေဖာ္ေတြ အား တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ အာဂ်င္တီးနားမွ လန္းစ္အသင္း ခံစစ္မွဴး ဖာကန္ဒို မယ္ဒီနာ ကို ေခၚယူဖို႔ ပစ္မွတ္ထားတဲ့ အသင္းေတြထဲ ပါ၀င္ေနပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ ကစားသမားကို ဥေရာပ ကလပ္အသင္း အမ်ားအျပားက ေစာင့္ၾကည့္ေနၾကတာပါ။

ယူနိုက္တက္ ဂႏၱ၀င္ ဘရိုင္ယန္ ေရာ့္ဘ္ဆန္ကေတာ့ ၄င္းဟာ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂ်က္ ဂေရးလစ္ခ်္ကို သေဘာက်တဲ့ ပရိသတ္ တစ္ဦး ျဖစ္ျပီး ဂေရးလစ္ခ်္ကို ယူနိုက္တက္ ဂ်ာစီနဲ႕ ျမင္လိုေၾကငာ္း ၀န္ခံခဲ့ပါတယ္။

ယခင္ နည္းျပေဟာင္း ေမာ္ရင္ညိဳ ဟာ ကစားသမားေတြကို လူေရွ႕မွာ ေအာ္ဟစ္ၾကိမ္းေမာင္းျပီး ပါ၀ါျပေလ့ ရွိေပမယ့္ လက္ရွိ နည္းျပ ဆိုးရွားကေတာ့ ကစားသမားေတြကို တစ္ဦးခ်င္း ေသခ်ာေျပာဆို ေဆြးေႏြးတာကိုသာ သေဘာက်ေၾကာင္း ဆိုပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ ဖူလ္ဟမ္နဲ႕ ပြဲကို ရလဒ္ေကာင္း ထြက္ေအာင္ စြမ္းေဆာင္ျပီး ၉၉ ခုနွစ္က ကလပ္စံခ်ိန္တင္ထားတဲ့ အေ၀းကြင္း ပရီးမီးယားလိဂ္ပြဲ ၁၇ ပြဲ ဆက္ ရွံဳးပြဲမရွိ မွတ္တမ္းကို အမွီလိုက္နုိင္ဖို႔ ရွိေနပါတယ္။