ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (21/01/21)

ယူနိုက်တက်ဟာ ဖူလ်ဟမ်ကို ၂-၁ နဲ့ အနိုင်ရဖို့ အဆုံးသတ်အထိ ခက်ခက်ခဲခဲ တိုက်ပွဲ ဝင်ခဲ့ရတဲ့နောက် နည်းပြဆိုးရှားက ကလပ်ရဲ့ စိတ်ပိုင်း ဆိုင်ရာ တိုးတက်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုက ခက်ခဲတဲ့ပွဲတွေကို ကျော်ဖြတ်နိုင်ခဲ့စေခဲ့တာပါလို့ ဆိုပါတယ်။

ဖူလ်ဟမ်ရဲ့ဦးဆောင်ဂိုးကို ချေပပေးခဲ့တဲ့ ကာဗာနီကို ဆိုးရှားက ပွဲအပြီးမှာ ချီးကျူးခဲ့ပေမယ့် တခါတလေ သူက ဗဟိုတိုက်စစ်မှူးဖြစ်ရက်နဲ့ သူ့ နေရာမှာ မနေဘဲ တောင်ပံကနေ ဖြတ်တင်ပေးပို့မှုတွေ လုပ်တဲ့အခါမျိုးမှာ စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်ကို နိုင်ပွဲရရှိအောင် ကူညီပေးခဲ့တဲ့ ကာဗာနီဟာ တကယ်ကို ကြောက်စရာ ကောင်းတဲ့ တိုက်စစ်မှူးဖြစ်ပြီး ဂိုးသွင်းဖို့ မွေးဖွားလာသူ ဖြစ်သလို ပြိုင်ဘက်ခံစစ် ကစားသမားတွေအတွက် အိမ်မက်ဆိုးပဲလို့ မာတင်ကီယွန်က ချီးကျူးခဲ့ပါတယ်။

ယူနိုက်တက်ကစားသမားတွေဟာ ပွဲမတိုင်ခင် လေ့ကျင့်ရေးဆင်းဖို့ ကွင်းရှာမတွေ့ခဲ့ပေမယ့် နိုင်ပွဲအတွက် ဆိုးရှားက ကျေနပ်နေပြီး သရေ ၁မှတ် အစား ၃မှတ်ရယူနိုင်ခဲ့တာက ရာသီကုန်မှာ အဆုံးအဖြတ် ဖြစ်လာနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဆိုးရှားဟာ လက်ကျန်ရာသီအတွက် သူ့အသင်းကို အင်အားလျှော့ချမှုလုပ်ဖို့ အလိုရှိနေသလို ဒီလထဲမှာ ယူနိုက်တက်ကနေ ထွက်ခွာနိုင်ခြေရှိတဲ့ ကစားသမား ၇ ယောက်ကတော့ လင်ဂတ်၊ရိုဂျို၊ ရိုမဲရိုး၊ မာတာ၊ ဖီးဂျုံးစ်၊ ဝီလီယံနဲ့ ဂျိမ်းစ်တို့ပဲ ဖြစ်ပါတယ်။

အနိုင်ဂိုးသွင်းရှင် ပေါ့ဘာဟာ ယူနိုက်တက်မှာ သူ့ရဲ့ကစားချိန်တွေကို ပျော်ရွှင်နေပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပုံစံကောင်းမှာ ရှိနေသလို ၎င်းဟာ နေရာအစုံမှာ ကစားနိုင်ပြီး ဂိုးနဲ့ဖန်တီးမှုတွေ အားလုံးလုပ်နိုင်တဲ့သူဖြစ်တယ်လို့ ဆိုးရှားက ချီးကျူးခဲ့ပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ဖူလ္ဟမ္ကို ၂-၁ နဲ႔ အႏိုင္ရဖို႔ အဆုံးသတ္အထိ ခက္ခက္ခဲခဲ တိုက္ပြဲ ဝင္ခဲ့ရတဲ့ေနာက္ နည္းျပဆိုးရွားက ကလပ္ရဲ႕ စိတ္ပိုင္း ဆိုင္ရာ တိုးတက္မႈနဲ႔ ႐ုပ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈက ခက္ခဲတဲ့ပြဲေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့ေစခဲ့တာပါလို႔ ဆိုပါတယ္။

ဖူလ္ဟမ္ရဲ႕ဦးေဆာင္ဂိုးကို ေခ်ပေပးခဲ့တဲ့ ကာဗာနီကို ဆိုးရွားက ပြဲအၿပီးမွာ ခ်ီးက်ဴးခဲ့ေပမယ့္ တခါတေလ သူက ဗဟိုတိုက္စစ္မႉးျဖစ္ရက္နဲ႔ သူ႔ ေနရာမွာ မေနဘဲ ေတာင္ပံကေန ျဖတ္တင္ေပးပို႔မႈေတြ လုပ္တဲ့အခါမ်ိဳးမွာ စိတ္ပ်က္မိတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ယူႏိုက္တက္ကို ႏိုင္ပြဲရရွိေအာင္ ကူညီေပးခဲ့တဲ့ ကာဗာနီဟာ တကယ္ကို ေၾကာက္စရာ ေကာင္းတဲ့ တိုက္စစ္မႉးျဖစ္ၿပီး ဂိုးသြင္းဖို႔ ေမြးဖြားလာသူ ျဖစ္သလို ၿပိဳင္ဘက္ခံစစ္ ကစားသမားေတြအတြက္ အိမ္မက္ဆိုးပဲလို႔ မာတင္ကီယြန္က ခ်ီးက်ဴးခဲ့ပါတယ္။

ယူႏိုက္တက္ကစားသမားေတြဟာ ပြဲမတိုင္ခင္ ေလ့က်င့္ေရးဆင္းဖို႔ ကြင္းရွာမေတြ႕ခဲ့ေပမယ့္ ႏိုင္ပြဲအတြက္ ဆိုးရွားက ေက်နပ္ေနၿပီး သေရ ၁မွတ္ အစား ၃မွတ္ရယူႏိုင္ခဲ့တာက ရာသီကုန္မွာ အဆုံးအျဖတ္ ျဖစ္လာႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဆိုးရွားဟာ လက္က်န္ရာသီအတြက္ သူ႔အသင္းကို အင္အားေလွ်ာ့ခ်မႈလုပ္ဖို႔ အလိုရွိေနသလို ဒီလထဲမွာ ယူႏိုက္တက္ကေန ထြက္ခြာႏိုင္ေျခရွိတဲ့ ကစားသမား ၇ ေယာက္ကေတာ့ လင္ဂတ္၊႐ိုဂ်ိဳ၊ ႐ိုမဲ႐ိုး၊ မာတာ၊ ဖီးဂ်ဳံးစ္၊ ဝီလီယံနဲ႔ ဂ်ိမ္းစ္တို႔ပဲ ျဖစ္ပါတယ္။

အႏိုင္ဂိုးသြင္းရွင္ ေပါ့ဘာဟာ ယူႏိုက္တက္မွာ သူ႔ရဲ႕ကစားခ်ိန္ေတြကို ေပ်ာ္႐ႊင္ေနၿပီး ႐ုပ္ပိုင္း၊ စိတ္ပိုင္းဆိုင္ရာ ပုံစံေကာင္းမွာ ရွိေနသလို ၎ဟာ ေနရာအစုံမွာ ကစားႏိုင္ၿပီး ဂိုးနဲ႔ဖန္တီးမႈေတြ အားလုံးလုပ္ႏိုင္တဲ့သူျဖစ္တယ္လို႔ ဆိုးရွားက ခ်ီးက်ဴးခဲ့ပါတယ္။