ချယ်ဆီး အသင်း ပိုင်ရှင် ရိုမန် အေဘရာမိုဗစ်ဟာ ရလဒ်ဆိုးတွေအတွက် လမ်းပတ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်မယ်ဆိုရင် သူ့အစား ယာယီနည်းပြ ခန့်မှာမဟုတ်ပဲ တခါတည်း နည်းပြသစ်ကို တန်းခန့်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။
လက်စတာကို ရှုံးခဲ့တဲ့ပွဲက စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ မေဆန်မောင့်က မိမိတို့ အသင်းဟာ ဒီထက် ပိုကောင်းအောင် လုပ်နိုင်သလို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပြီး အမှားတွေပြင်ဆင်ကာ နောက်ပွဲမှာ ပိုကောင်းတဲ့ပုံစံနဲ့ပြန်လာရမယ်လို့ တိုက်တွန်းခဲ့ပါတယ်။
ရိုမန်အေဘရာမိုဗစ်ဟာ ပေါင်သန်း၂၂၀ အကုန်အကျခံခဲ့ရတဲ့ သူ့အသင်းရဲ့ ရလဒ်ဆိုးတွေ အတွက် စိတ်ပျက်နေသလို သူ့အနေနဲ့ လမ်းပတ်ကို ထုတ်ပယ်မယ်ဆိုရင် ချယ်ဆီးက အယ်လီဂရီ ဒါမှမဟုတ် တူချယ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။

ချယ်ဆီး အကယ်ဒမီကြယ်ပွင့် မာဆယ်လီဝစ်ဟာ အသင်းကြီးနဲ့ လေ့ကျင့်ရေး ဆင်းခဲ့ပေမယ့် အခုထိ ပွဲထွက်ခွင့် မရသေးတဲ့အပေါ် စိတ်ပျက် နေပြီး စာချုပ်သစ်ချုပ်ဖို့ သဘောမတူခဲ့တာကြောင့် ကလပ်ကနေ ဖရီးအေးဂျင့်အဖြစ် ထွက်ခွာနိုင်ဖွယ် ရှိပါတယ်။
အခုချိန်မှာ ဆိုးရှားက ဝေဖန်သူတွေကို အသံတိတ်စေခဲ့ပြီး လမ်းပတ်က ရုန်းကန်နေရပေမယ့် အနာဂတ်မှာ ချယ်ဆီးနည်းပြဟာ ဆိုးရှားထက် ပိုပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ ပဲလေ့စ်ပိုင်ရှင်ဟောင်း ဆိုင်မွန်ဂျော်ဒန်က ဆိုပါတယ်။
ချယ်ဆီး ဘုတ်အဖွဲ့ဟာ လမ်းပတ်အတွက် သူ့ရဲ့နည်းပြနေရာ ထိုက်တန်မှုကို ပြသဖို့ ၃ပွဲ အချိန်ပေးခဲ့တယ်လို့သိရပြီး ကလပ်အနေနဲ့ လူတန်တောင်း၊ ဝုလ်ဗ်၊ ဘန်လေတို့နဲ့ပွဲတွေမှာ မဖြစ်မနေ အနိုင်ရရှိအောင် စွမ်းဆောင်ပြဖို့ လိုအပ်လာပြီဖြစ်ပါတယ်။
လက်စတာရဲ့ ပထမဂိုးမှာ ထောင့်ကန်ဘောကနေ ဧရိယာထိပ်ကို အဝေးဘော ပေးခဲ့တဲ့အချိန် အသင်းဖော်တွေက အမြင့်ဘောကို မရယူနိုင်ခဲ့ရင် နောက်ခံလူက ဂိုးရှေ့မှာ ကာကွယ်ရမှာဖြစ်ပေမယ့် ရိစ်ဂျိမ်းစ်က သူ့နေရာမှာ မရှိနေတာက အမှားဖြစ်ခဲ့တယ်လို့ ဝီလီယံ ဂယ်လက်စ်က ဆိုပါတယ်။
ချယ်ဆီးဟာ ရလဒ်ဆိုးတွေ ဆက်တိုက်ကြုံခဲ့ရပြီး ရုန်းကန်နေရပေမယ့် သူတို့ဟာ တချိန်မှာ ရည်မှန်းချက်တွေ အောင်မြင်လိမ့်မယ်လို့ သီယာဂို ဆေးဗားက ယုံကြည်နေပြီး သူတို့ဟာ တိုးတက်ဖို့အတွက် သွေးနဲ့ချွေးနဲ့ရင်းပြီး ကြိုးစားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္း ပိုင္ရွင္ ႐ိုမန္ ေအဘရာမိုဗစ္ဟာ ရလဒ္ဆိုးေတြအတြက္ လမ္းပတ္ကို ထုတ္ပယ္ဖို႔ ဆုံးျဖတ္မယ္ဆိုရင္ သူ႔အစား ယာယီနည္းျပ ခန္႔မွာမဟုတ္ပဲ တခါတည္း နည္းျပသစ္ကို တန္းခန္႔ဖို႔ ဆုံးျဖတ္ထားၿပီးျဖစ္တယ္လို႔ သိရပါတယ္။
လက္စတာကို ရႈံးခဲ့တဲ့ပြဲက စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ ေမဆန္ေမာင့္က မိမိတို႔ အသင္းဟာ ဒီထက္ ပိုေကာင္းေအာင္ လုပ္ႏိုင္သလို ကိုယ့္ကိုယ္ကို ျပန္သုံးသပ္ၿပီး အမွားေတြျပင္ဆင္ကာ ေနာက္ပြဲမွာ ပိုေကာင္းတဲ့ပုံစံနဲ႔ျပန္လာရမယ္လို႔ တိုက္တြန္းခဲ့ပါတယ္။
႐ိုမန္ေအဘရာမိုဗစ္ဟာ ေပါင္သန္း၂၂၀ အကုန္အက်ခံခဲ့ရတဲ့ သူ႔အသင္းရဲ႕ ရလဒ္ဆိုးေတြ အတြက္ စိတ္ပ်က္ေနသလို သူ႔အေနနဲ႔ လမ္းပတ္ကို ထုတ္ပယ္မယ္ဆိုရင္ ခ်ယ္ဆီးက အယ္လီဂရီ ဒါမွမဟုတ္ တူခ်ယ္ကို ေခၚယူဖို႔ စိတ္အားထက္သန္ေနပါတယ္။
ခ်ယ္ဆီး အကယ္ဒမီၾကယ္ပြင့္ မာဆယ္လီဝစ္ဟာ အသင္းႀကီးနဲ႔ ေလ့က်င့္ေရး ဆင္းခဲ့ေပမယ့္ အခုထိ ပြဲထြက္ခြင့္ မရေသးတဲ့အေပၚ စိတ္ပ်က္ ေနၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ သေဘာမတူခဲ့တာေၾကာင့္ ကလပ္ကေန ဖရီးေအးဂ်င့္အျဖစ္ ထြက္ခြာႏိုင္ဖြယ္ ရွိပါတယ္။
အခုခ်ိန္မွာ ဆိုးရွားက ေဝဖန္သူေတြကို အသံတိတ္ေစခဲ့ၿပီး လမ္းပတ္က ႐ုန္းကန္ေနရေပမယ့္ အနာဂတ္မွာ ခ်ယ္ဆီးနည္းျပဟာ ဆိုးရွားထက္ ပိုၿပီး ႀကီးမားတဲ့ ေအာင္ျမင္မႈေတြ ရရွိလိမ့္မယ္လို႔ ပဲေလ့စ္ပိုင္ရွင္ေဟာင္း ဆိုင္မြန္ေဂ်ာ္ဒန္က ဆိုပါတယ္။
ခ်ယ္ဆီး ဘုတ္အဖြဲ႕ဟာ လမ္းပတ္အတြက္ သူ႔ရဲ႕နည္းျပေနရာ ထိုက္တန္မႈကို ျပသဖို႔ ၃ပြဲ အခ်ိန္ေပးခဲ့တယ္လို႔သိရၿပီး ကလပ္အေနနဲ႔ လူတန္ေတာင္း၊ ဝုလ္ဗ္၊ ဘန္ေလတို႔နဲ႔ပြဲေတြမွာ မျဖစ္မေန အႏိုင္ရရွိေအာင္ စြမ္းေဆာင္ျပဖို႔ လိုအပ္လာၿပီျဖစ္ပါတယ္။
လက္စတာရဲ႕ ပထမဂိုးမွာ ေထာင့္ကန္ေဘာကေန ဧရိယာထိပ္ကို အေဝးေဘာ ေပးခဲ့တဲ့အခ်ိန္ အသင္းေဖာ္ေတြက အျမင့္ေဘာကို မရယူႏိုင္ခဲ့ရင္ ေနာက္ခံလူက ဂိုးေရွ႕မွာ ကာကြယ္ရမွာျဖစ္ေပမယ့္ ရိစ္ဂ်ိမ္းစ္က သူ႔ေနရာမွာ မရွိေနတာက အမွားျဖစ္ခဲ့တယ္လို႔ ဝီလီယံ ဂယ္လက္စ္က ဆိုပါတယ္။
ခ်ယ္ဆီးဟာ ရလဒ္ဆိုးေတြ ဆက္တိုက္ႀကဳံခဲ့ရၿပီး ႐ုန္းကန္ေနရေပမယ့္ သူတို႔ဟာ တခ်ိန္မွာ ရည္မွန္းခ်က္ေတြ ေအာင္ျမင္လိမ့္မယ္လို႔ သီယာဂို ေဆးဗားက ယုံၾကည္ေနၿပီး သူတို႔ဟာ တိုးတက္ဖို႔အတြက္ ေသြးနဲ႔ေခြၽးနဲ႔ရင္းၿပီး ႀကိဳးစားမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
