အာဆင်နယ်နဲ့ ထိပ်တန်းကစားသမား လိုအပ်မှုအကြောင်း ထောက်ပြအကြံပေးမှု

အာဆင္နယ္အသင္းဟာ လက္ရွိ အေနအထားကေန ထိပ္တန္းအဆင့္ ျပန္ေရာက္ဖို႔ မလြယ္ကူေတာ့ဘူးလို႔ အသင္း ဂႏၱ၀င္ တစ္ဦး ျဖစ္တဲ့ တိုနီအဒမ္က သတိေပးလိုက္ပါတယ္။

ဒီလို အေနအထားကေန ေျပာင္းလဲနိုင္ဖိုပ ဆိုတာကလည္း နည္းျပ အာတီတာ အေနနဲ႔ ကစားသမားအေျပာင္းအလဲႀကီးႀကီးမားမား ျပဳလုပ္ဖို႔ လိုအပ္ၿပီး ဒါမွသာ သူ႔အတြက္ အခြင့္အေရးရရွိမွာ ျဖစ္တယ္လို႔ အဒမ္ က အၾကံျပဳ တိုက္တြန္းလိုက္ပါတယ္။

နည္းျပ အာတီတာ အေနနဲ႔ ထိပ္တန္းကစားသမားေတြ ရရွိဖို႔အတြက္ စတင္ စုေဆာင္း လႈပ္ရွား ရမွာျဖစ္ၿပီး ၿပီးမွသာ အသင္းကို ျပန္လည္ တည္ေဆာက္ယူရမယ္ လို႔ သုံးသပ္ခဲ့ပါတယ္။ အာတီတာ ဟာ နည္းျပ အမ္မရီ ထြက္ခြာသြားခဲ့ၿပီးေနာက္ အသင္းရဲ႕နည္းျပ ရာထူးကို လႊဲေျပာင္း တာဝန္ယူခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိေတာ့ အာဆင္နယ္အသင္းကို တိုးတက္မႈမ်ား အနည္းငယ္ ျမင္သာေအာင္ စြမ္းေဆာင္ ျပထားပါတယ္။

ဒါေပမယ့္ အမွတ္ေပးဇယား ရပ္တည္မႈမွာေတာ့ သိသိသာသာ တိုးတက္လာနုိင္ျခင္း မရွိေသးဘဲ လက္ရွိမွာ ပရီးမီးယားလိဂ္ရဲ႕ အဆင့္ (၉) ေနရာမွာ ရပ္တည္ေနတာပါ။ ယူရိုပါလိဂ္ ျပိဳင္ပြဲကေနလည္း အိုလံပီယာကို႔စ္ကို ရႈံးနိမ့္ခဲ့ၿပီး ေစာစီးစြာ ထြက္ခြာထားခဲ့ရတာေၾကာင့္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရရွိဖို႔လည္း မလြယ္ကူတဲ့ အေျခအေနမွာ ရွိေနပါတယ္။

” အာတီတာ လုပ္ေနတာ ၾကီးမားတဲ့ အလုပ္တစ္ခုပါ၊ ကြၽန္ေတာ္ သူရဲ႕စိတ္အားထက္သန္မႈကို ႀကိဳက္ပါတယ္၊ ၿပီးေတာ့ သူအခု ဗိုင္းရပ္စ္ ကူးစက္ ခံေနရတာေတာင္မွ က်န္းက်န္းမာမာပါပဲ၊ ကြၽန္ေတာ္ ဒီကလပ္အသင္းနဲ႔ ပက္သတ္ၿပီး လြန္ခဲ့တဲ့ (၁၀) ႏွစ္ေလာက္ထဲက စကား ေျပာခဲ့ဖူးပါတယ္၊ ထိပ္တန္း ကစားသမားေတြကို စုေဆာင္းထားဖို႔ လိုအပ္တယ္ ဆိုတာကိုေပါ့၊

ဒါမွ အာဆင္နယ္ အသင္းအေနနဲ႔ထိပ္တန္းအဆင့္တစ္ခုကို ျပန္ၿပီးတက္ႏိုင္မွာပါ၊ နည္းျပ အမ္မရီ ဟာဆိုရင္လည္း သင့္ေလ်ာ္တဲ့ နည္းျပတစ္ဦး ျဖစ္ပါတယ္၊ ဒါေပမယ့္ သူလည္း ကစားသမားေတြကို မေခၚယူႏိုင္ခဲ့ဘူး၊ တကယ္လို႔သာ လိုအပ္တဲ့ ကစားသမားေတြကို ေခၚႏိုင္မယ္ဆိုရင္ နည္းျပေတြ အတြက္လည္း မွန္ကန္တဲ့ ေ႐ြးခ်ယ္မႈေတြကို ျပဳလုပ္ႏိုင္မွာ ျဖစ္ပါတယ္ ” လို႔ တိုနီအဒမ္က သံုးသပ္ အၾကံေပးျပီး ထိပ္တန္း ကစားသမားေတြ ေခၚယူဖို႔ တိုုက္တြန္းခဲ့ပါတယ္။

Unicode – အာဆင်နယ်အသင်းဟာ လက်ရှိ အနေအထားကနေ ထိပ်တန်းအဆင့် ပြန်ရောက်ဖို့ မလွယ်ကူတော့ဘူးလို့ အသင်း ဂန္တဝင် တစ်ဦး ဖြစ်တဲ့ တိုနီအဒမ်က သတိပေးလိုက်ပါတယ်။

ဒီလို အနေအထားကနေ ပြောင်းလဲနိုင်ဖိုပ ဆိုတာကလည်း နည်းပြ အာတီတာ အနေနဲ့ ကစားသမားအပြောင်းအလဲကြီးကြီးမားမား ပြုလုပ်ဖို့ လိုအပ်ပြီး ဒါမှသာ သူ့အတွက် အခွင့်အရေးရရှိမှာ ဖြစ်တယ်လို့ အဒမ် က အကြံပြု တိုက်တွန်းလိုက်ပါတယ်။

နည်းပြ အာတီတာ အနေနဲ့ ထိပ်တန်းကစားသမားတွေ ရရှိဖို့အတွက် စတင် စုဆောင်း လှုပ်ရှား ရမှာဖြစ်ပြီး ပြီးမှသာ အသင်းကို ပြန်လည် တည်ဆောက်ယူရမယ် လို့ သုံးသပ်ခဲ့ပါတယ်။ အာတီတာ ဟာ နည်းပြ အမ်မရီ ထွက်ခွာသွားခဲ့ပြီးနောက် အသင်းရဲ့နည်းပြ ရာထူးကို လွှဲပြောင်း တာဝန်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိတော့ အာဆင်နယ်အသင်းကို တိုးတက်မှုများ အနည်းငယ် မြင်သာအောင် စွမ်းဆောင် ပြထားပါတယ်။

ဒါပေမယ့် အမှတ်ပေးဇယား ရပ်တည်မှုမှာတော့ သိသိသာသာ တိုးတက်လာနိုင်ခြင်း မရှိသေးဘဲ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့် (၉) နေရာမှာ ရပ်တည်နေတာပါ။ ယူရိုပါလိဂ် ပြိုင်ပွဲကနေလည်း အိုလံပီယာကို့စ်ကို ရှုံးနိမ့်ခဲ့ပြီး စောစီးစွာ ထွက်ခွာထားခဲ့ရတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်ရရှိဖို့လည်း မလွယ်ကူတဲ့ အခြေအနေမှာ ရှိနေပါတယ်။

” အာတီတာ လုပ်နေတာ ကြီးမားတဲ့ အလုပ်တစ်ခုပါ၊ ကျွန်တော် သူရဲ့စိတ်အားထက်သန်မှုကို ကြိုက်ပါတယ်၊ ပြီးတော့ သူအခု ဗိုင်းရပ်စ် ကူးစက် ခံနေရတာတောင်မှ ကျန်းကျန်းမာမာပါပဲ၊ ကျွန်တော် ဒီကလပ်အသင်းနဲ့ ပက်သတ်ပြီး လွန်ခဲ့တဲ့ (၁၀) နှစ်လောက်ထဲက စကား ပြောခဲ့ဖူးပါတယ်၊ ထိပ်တန်း ကစားသမားတွေကို စုဆောင်းထားဖို့ လိုအပ်တယ် ဆိုတာကိုပေါ့၊

ဒါမှ အာဆင်နယ် အသင်းအနေနဲ့ထိပ်တန်းအဆင့်တစ်ခုကို ပြန်ပြီးတက်နိုင်မှာပါ၊ နည်းပြ အမ်မရီ ဟာဆိုရင်လည်း သင့်လျော်တဲ့ နည်းပြတစ်ဦး ဖြစ်ပါတယ်၊ ဒါပေမယ့် သူလည်း ကစားသမားတွေကို မခေါ်ယူနိုင်ခဲ့ဘူး၊ တကယ်လို့သာ လိုအပ်တဲ့ ကစားသမားတွေကို ခေါ်နိုင်မယ်ဆိုရင် နည်းပြတွေ အတွက်လည်း မှန်ကန်တဲ့ ရွေးချယ်မှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ် ” လို့ တိုနီအဒမ်က သုံးသပ် အကြံပေးပြီး ထိပ်တန်း ကစားသမားတွေ ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။