ပေါ့ဘာ အလဲအထပ်ထဲ ပါဝင်ဖို့ ဒိုင်ဘားလားနဲ့ ပီဂျာနစ် ငြင်းနေလို့ ဂျူဗင်တပ် အခက်တွေ့

စီးရီးအေကလပ် ဂျူဗင်တပ်ဟာ ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာကို ခေါ်ယူဖို့ ကမ်းလှမ်းမှုမှာ စီနီယာအသင်းသား နှစ်ဦး ထည့်သွင်းဖို့ စီစဉ်ထားသော်လည်း ကစားသမားတွေက ငြင်းဆန်ခဲ့တာကြောင့် အခက်တွေ့နေပါတယ်။ အလဲအထပ်ထဲ မပါဝင်ဖို့ ငြင်းခဲ့တာက ဒိုင်ဘားလားနဲ့ ပီဂျာနစ်တို့ ဖြစ်ပါတယ်။

အီတလီဘက်က သတင်းတွေ အရ ဒိုင်ဘာားလားနဲ့ ပီဂျာနစ်တို့ နှစ်ဦးလုံးက ၎င်းတို့ကို ပေါ့ဘာ အပြောင်းအရွှေ့အတွက် ထည့်သွင်း ကမ်းလှမ်းမှာကို လက်မခံနိုင်ခကြဘူးလို့ သိရပါတယ်။

ယူနိုက်တက်ဟာ ပြင်သစ်သားကို ၂၀၁၆ က ပြန်ခေါ်ယူစဉ် စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉.၃ သန်း သုံးခဲ့တာကြောင့် ပြန်ကာမိမယ့် ပြောင်းရွှေ့ကြေး အလိုရှိနေပါတယ်။ ဒါပေမယ့် ကိုရိုနာ ရိုက်ခတ်မှုကြောင့် အင်အားကြီးကလပ် ဂျူဗင်တပ်ကိုယ်တိုင် ငွေသုံးမကြမ်းနိုင်ဘဲ ဖြစ်နေပြီး အလဲအထပ် ကမ်းလှမ်းဖို့ စီစဉ်နေခဲ့တာပါ။

ဒိုင်ဘားလားက ပြီးခဲ့တဲ့နွေမှာ အိုးထရက်ဖို့ဒ် ပြောင်းလာဖို့ သတင်းကြီးခဲ့သူ ဖြစ်ပြီး နောက်ဆုံး အချိန်ကျမှ အာဂျင်တိုင်းသားက သဘောထား ပြောင်းခဲ့ကာ မန်ချက်စတာကလပ်ထံ ပြောင်းဖို့ ဖျက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတကြိမ်မှာလည်း ဒိုင်ဘားလားက အသင်းမပြောင်းလိုပါဘူး။

ဘော့စ်နီးယားသား ပီဂျာနစ်က ဂျူဗင်တပ်မှာ မျက်နှာသာပေးခြင်း မခံရဘဲ ရောင်းခံရဖို့ ရှိနေပေမယ့် အသက် ၃၀ အရွယ် ကွင်းလယ် ကစားသမားက အလဲအထပ်ထဲ ထည့်သွင်းခံရဖို့ ငြင်းဆန်ထားပါတယ်။

ဂျူဗင်တပ်ဟာ အသင်းသားဟောင်း ပေါ့ဘာကို အလိုရှိနေပေမယ့် ပြောင်းရွှေ့ကြေးနဲ့ လစာ မြင့်မားတာက အခက်တွေ့နေပြီး ကမ်းလှမ်းမှုကို နှစ်ဘက်ကလပ်အသင်းတွေ အဆင်ပြေနိုင်မယ့် နည်းလမ်း ဆက်လက် ရှာဖွေနေပါတယ်။

Zawgyi – စီးရီးေအကလပ္ ဂ်ဴဗင္တပ္ဟာ ယူနုိက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာကို ေခၚယူဖို႔ ကမ္းလွမ္းမႈမွာ စီနီယာအသင္းသား နွစ္ဦး ထည့္သြင္းဖို႔ စီစဥ္ထားေသာ္လည္း ကစားသမားေတြက ျငင္းဆန္ခဲ့တာေၾကာင့္ အခက္ေတြ႔ေနပါတယ္။ အလဲအထပ္ထဲ မပါ၀င္ဖို႔ ျငင္းခဲ့တာက ဒိုင္ဘားလားနဲ႕ ပီဂ်ာနစ္တို႔ ျဖစ္ပါတယ္။

အီတလီဘက္က သတင္းေတြ အရ ဒိုင္ဘာားလားနဲ႕ ပီဂ်ာနစ္တို႔ နွစ္ဦးလံုးက ၄င္းတို႔ကို ေပါ့ဘာ အေျပာင္းအေရႊ႕အတြက္ ထည့္သြင္း ကမ္းလွမ္းမွာကို လက္မခံနုိင္ခၾကဘူးလို႔ သိရပါတယ္။

ယူနိုက္တက္ဟာ ျပင္သစ္သားကို ၂၀၁၆ က ျပန္ေခၚယူစဥ္ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၈၉.၃ သန္း သံုးခဲ့တာေၾကာင့္ ျပန္ကာမိမယ့္ ေျပာင္းေရႊ႕ေၾကး အလိုရွိေနပါတယ္။ ဒါေပမယ့္ ကိုရိုနာ ရိုက္ခတ္မႈေၾကာင့္ အင္အားၾကီးကလပ္ ဂ်ဴဗင္တပ္ကိုယ္တိုင္ ေငြသံုးမၾကမ္းနုိင္ဘဲ ျဖစ္ေနျပီး အလဲအထပ္ ကမ္းလွမ္းဖို႔ စီစဥ္ေနခဲ့တာပါ။

ဒိုင္ဘားလားက ျပီးခဲ့တဲ့ေႏြမွာ အိုးထရက္ဖို႔ဒ္ ေျပာင္းလာဖို႔ သတင္းၾကီးခဲ့သူ ျဖစ္ျပီး ေနာက္ဆံုး အခ်ိန္က်မွ အာဂ်င္တိုင္းသားက သေဘာထား ေျပာင္းခဲ့ကာ မန္ခ်က္စတာကလပ္ထံ ေျပာင္းဖို႔ ဖ်က္ခဲ့တာ ျဖစ္ပါတယ္။ ဒီတၾကိမ္မွာလည္း ဒိုင္ဘားလားက အသင္းမေျပာင္းလိုပါဘူး။

ေဘာ့စ္နီးယားသား ပီဂ်ာနစ္က ဂ်ဴဗင္တပ္မွာ မ်က္နွာသာေပးျခင္း မခံရဘဲ ေရာင္းခံရဖို႔ ရွိေနေပမယ့္ အသက္ ၃၀ အရြယ္ ကြင္းလယ္ ကစားသမားက အလဲအထပ္ထဲ ထည့္သြင္းခံရဖို႔ ျငင္းဆန္ထားပါတယ္။

ဂ်ဴဗင္တပ္ဟာ အသင္းသားေဟာင္း ေပါ့ဘာကို အလိုရွိေနေပမယ့္ ေျပာင္းေရႊ႕ေၾကးနဲ႕ လစာ ျမင့္မားတာက အခက္ေတြ႔ေနျပီး ကမ္းလွမ္းမႈကို နွစ္ဘက္ကလပ္အသင္းေတြ အဆင္ေျပနိုင္မယ့္ နည္းလမ္း ဆက္လက္ ရွာေဖြေနပါတယ္။