နောက်ခံလူ ဖီကာယို တိုမိုရီဟာ အေစီမီလန်ထံ အငှားပြောင်းရွှေ့ဖို့ ချိတ်ဆက်နေခဲ့တာ ဖြစ်ပြီး သဘောတူညီမှုရဖို့ နီးစပ်နေသလို မီလန်က အတ္တလန္တာနဲ့ပွဲအမီ သူ့ကို ကစားခိုင်းဖို့အတွက် မြန်မြန် အပြောင်းအရွှေ့အပြီးသတ်ဖို့ မျှော်လင့်နေပါတယ်။
နည်းပြဘဝ အနာဂတ် မရေမရာဖြစ်နေတဲ့ လမ်းပတ်ဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အရာအားလုံးကို ပြောင်းလဲဖို့ အချိန် ပိုရရှိသင့်တယ်လို့ အာဆင်နယ် နည်းပြ အာတီတာက ယုံကြည်နေပြီး ချယ်ဆီးက လမ်းပတ်ကို ထောက်ခံပြီး အခွင့်အရေးပေးသင့်တယ်လို ဆိုပါတယ်။

လမ်းပတ်ဟာ လိဂ်၈ပွဲမှာ ၂ပွဲသာ အနိုင်ရခဲ့တဲ့နောက် ဖိအားတွေအများကြီး ရလာခဲ့ပြီး ကစားသမားသစ်တွေ အထိုင်ကျအောင် မလုပ်နိုင်ခဲ့တဲ့ အပေါ် ဝေဖန်မှုတွေ ခံခဲ့ရသလို ချယ်ဆီးက သူ့ကို ဒီဇန်နဝါရီမှာ နောက်ထပ် ငွေထုတ်ပေးမှာမဟုတ်ဘူးလို့ ကက်စ်ကာရီနိုက ယုံကြည်နေပါတယ်။
ချယ်ဆီးဟာ လမ်းပတ်ရဲ့နေရာကို အစားထိုးဖို့အတွက် နည်းပြများစွာကို ပစ်မှတ်ထားခဲတဲ့အထဲမှာ သောမတ်စ်တူချယ်က အလားအလာ အကောင်းဆုံး ဖြစ်နေပြီး ကလပ်ဟာ သူ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ရလဒ်ဆိုးတွေ ဆက်တိုက် ကြုံနေရပေမယ့်လဲ သီယာဂိုဆေးဗားကတော့ အကောင်းမြင်နေဆဲ ဖြစ်ပြီး ကလပ်ဟာ ဒီရာသီမှာ သူတို့ရဲ့ ရည်မှန်းချက်တွေ ကို အောင်မြင်အောင် ကြိုးစားမှာဖြစ်တယ်လို့ပရိသတ်တွေကို အားပေးစကားဆိုခဲ့ပါတယ်။
လက်စတာနဲ့ပွဲမှာ နောက်တန်းအတွက် အပြောင်းအလဲလုပ်ပြီး ရူဒီဂါကို လူစာရင်းမှာ ထည့်သွင်းခဲ့တာက လမ်းပတ်ရဲ့ မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ရှာဝါဇာက ဆိုလိုက်ပြီး ၎င်းဟာ လုံလောက်တဲ့ ကောင်းမွန်မှုမရှိဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
တီမိုဗာနာဟာ ချယ်ဆီးမှာ ကောင်းကောင်းကစားနေပြီး ဂိုးသွင်းဖို့တစ်ခုသာ လိုအပ်နေတာ ဖြစ်ပေမယ့် ကိုင်ဟားဗတ်ကတော့ ကစားဖို့တောင် စိတ်မပါတဲ့ပုံ ပေါ်နေပြီး ဘောလုံး ဆုံးရှုံးရင်တောင် ပြန်မယူနိုင်ဘူးလို့ ရောဘတ်ဟုသ်က ဝေဖန်ခဲ့ပါတယ်။
ချယ်ဆီးမှာ ရုန်းကန်နေရပေမယ့်လည်း ကိုင်ဟားဗတ်ဟာ ထိပ်တန်းကစားသမားဖြစ်တယ်လို့ မဲချော့က ယုံကြည် ထောက်ခံနေဆဲဖြစ်သလို သူ့ရဲ့ပြဿနာက လမ်းပတ်ဟာ သူ့ကို ဘယ်နေရာမှာ အကောင်းဆုံး အသုံးချရမလဲဆိုတာ မသိတာပဲလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ေနာက္ခံလူ ဖီကာယို တိုမိုရီဟာ ေအစီမီလန္ထံ အငွားေျပာင္းေ႐ႊ႕ဖို႔ ခ်ိတ္ဆက္ေနခဲ့တာ ျဖစ္ၿပီး သေဘာတူညီမႈရဖို႔ နီးစပ္ေနသလို မီလန္က အတၱလႏၲာနဲ႔ပြဲအမီ သူ႔ကို ကစားခိုင္းဖို႔အတြက္ ျမန္ျမန္ အေျပာင္းအေ႐ႊ႕အၿပီးသတ္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
နည္းျပဘဝ အနာဂတ္ မေရမရာျဖစ္ေနတဲ့ လမ္းပတ္ဟာ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ အရာအားလုံးကို ေျပာင္းလဲဖို႔ အခ်ိန္ ပိုရရွိသင့္တယ္လို႔ အာဆင္နယ္ နည္းျပ အာတီတာက ယုံၾကည္ေနၿပီး ခ်ယ္ဆီးက လမ္းပတ္ကို ေထာက္ခံၿပီး အခြင့္အေရးေပးသင့္တယ္လို ဆိုပါတယ္။
လမ္းပတ္ဟာ လိဂ္၈ပြဲမွာ ၂ပြဲသာ အႏိုင္ရခဲ့တဲ့ေနာက္ ဖိအားေတြအမ်ားႀကီး ရလာခဲ့ၿပီး ကစားသမားသစ္ေတြ အထိုင္က်ေအာင္ မလုပ္ႏိုင္ခဲ့တဲ့ အေပၚ ေဝဖန္မႈေတြ ခံခဲ့ရသလို ခ်ယ္ဆီးက သူ႔ကို ဒီဇန္နဝါရီမွာ ေနာက္ထပ္ ေငြထုတ္ေပးမွာမဟုတ္ဘူးလို႔ ကက္စ္ကာရီႏိုက ယုံၾကည္ေနပါတယ္။
ခ်ယ္ဆီးဟာ လမ္းပတ္ရဲ႕ေနရာကို အစားထိုးဖို႔အတြက္ နည္းျပမ်ားစြာကို ပစ္မွတ္ထားခဲတဲ့အထဲမွာ ေသာမတ္စ္တူခ်ယ္က အလားအလာ အေကာင္းဆုံး ျဖစ္ေနၿပီး ကလပ္ဟာ သူ႔ရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ လုပ္ေနတယ္လို႔ သိရပါတယ္။
ရလဒ္ဆိုးေတြ ဆက္တိုက္ ၾကဳံေနရေပမယ့္လဲ သီယာဂိုေဆးဗားကေတာ့ အေကာင္းျမင္ေနဆဲ ျဖစ္ၿပီး ကလပ္ဟာ ဒီရာသီမွာ သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြ ကို ေအာင္ျမင္ေအာင္ ႀကိဳးစားမွာျဖစ္တယ္လို႔ပရိသတ္ေတြကို အားေပးစကားဆိုခဲ့ပါတယ္။
လက္စတာနဲ႔ပြဲမွာ ေနာက္တန္းအတြက္ အေျပာင္းအလဲလုပ္ၿပီး ႐ူဒီဂါကို လူစာရင္းမွာ ထည့္သြင္းခဲ့တာက လမ္းပတ္ရဲ႕ မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ ျဖစ္တယ္လို႔ ရွာဝါဇာက ဆိုလိုက္ၿပီး ၎ဟာ လုံေလာက္တဲ့ ေကာင္းမြန္မႈမရွိဘူးလို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။
တီမိုဗာနာဟာ ခ်ယ္ဆီးမွာ ေကာင္းေကာင္းကစားေနၿပီး ဂိုးသြင္းဖို႔တစ္ခုသာ လိုအပ္ေနတာ ျဖစ္ေပမယ့္ ကိုင္ဟားဗတ္ကေတာ့ ကစားဖို႔ေတာင္ စိတ္မပါတဲ့ပုံ ေပၚေနၿပီး ေဘာလုံး ဆုံးရႈံးရင္ေတာင္ ျပန္မယူႏိုင္ဘူးလို႔ ေရာဘတ္ဟုသ္က ေဝဖန္ခဲ့ပါတယ္။
ခ်ယ္ဆီးမွာ ႐ုန္းကန္ေနရေပမယ့္လည္း ကိုင္ဟားဗတ္ဟာ ထိပ္တန္းကစားသမားျဖစ္တယ္လို႔ မဲေခ်ာ့က ယုံၾကည္ ေထာက္ခံေနဆဲျဖစ္သလို သူ႔ရဲ႕ျပႆနာက လမ္းပတ္ဟာ သူ႔ကို ဘယ္ေနရာမွာ အေကာင္းဆုံး အသုံးခ်ရမလဲဆိုတာ မသိတာပဲလို႔ ေျပာဆိုခဲ့ပါတယ္။
