မနှစ်ကနေစလို့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပုံစံကောင်းတွေဟာ ပေါ့ဘာရဲ့ အတ္တကို ထိခိုက်စေခဲ့ပေမယ့် နောက်ဆုံးမှာတော့ ပြင်သစ် ကွင်းလယ်လူဟာ ယူနိုက်တက်မှာ နေရာပြိုင်ဆိုင်မှုတွေကို ကောင်းကောင်း တုံ့ပြန်နိုင်နေပြီလို့ ပေါလ် ပါကာက သုံးသပ်ပြောဆိုပါတယ်။
ပေါ့ဘာ ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ သတင်းကြီးခဲ့ပေမယ့် အခုတော့ ယူနိုက်တက်ဟာ နောက်နှစ်မှာလဲ သူ ဒီမှာ ဆက်ရှိနေဖို့ ယုံကြည်မှုရှိနေပြီး ၂၀၂၂မှာ စာချုပ်မကုန်ခင် သက်တမ်းတိုးဖို့တောင် အလားအလာရှိတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ပယ်မေးရက်စ် တောင်ပံကစားသမား ဂေဘရီရယ် ဗီရွန်ကို ခေါ်ယူနိုင်ဖို့အတွက် ဘာစီလိုနာနဲ့ အပြိုင်ကြိုးစားမှာဖြစ်သလို သူ့ရဲ့ စာချုပ် ဖျက်သိမ်းကြေးက ပေါင် ၅၃သန်း ရှိပေမယ့် ၁၈သန်းလောက်နဲ့ ရရှိနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
ကာဗာနီရဲ့ လှုပ်ရှားပုံတွေဟာ လုံးဝတိကျန်မှန်ကန်နေတာကြောင့် သူဟာ ယူနိုက်တက်က ရှာဖွေနေခဲ့တဲ့ ဗဟိုတိုက်စစ်မှူးမျိုးဖြစ်ပြီး ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်တို့အတွက် လေ့လာသင်ယူရမယ့် စံပြပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆိုးရှားက ဆိုပါတယ်။
ယူနိုက်တက်ဟာ အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အင်တာကတော့ သူ့ကို စာချုပ်၅နှစ် သက်တမ်းတိုးဖို့ ဆွေးနွေးနေတာကြောင့် စာချုပ်သစ် သဘောတူညီမှုမရခင် သူ့ကို ကြိုးစားဖို့ အချိန် အနည်းငယ်သာ ရရှိနိုင်ပါတယ်။
ယူနိုက်တက်ရဲ့ အပယ်ခံ ကွင်းလယ်လူ ဂျက်ဆီလင်ဂတ်ဟာ အသင်းကနေ ထွက်ခွာရတော့မှာ ဖြစ်သလို သူ့ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ စပါးလည်း ပါဝင်လာပြီး ရာသီကုန်အထိ အငှားခေါ်ယူချင်နေပါတယ်။

Zawgyi – မႏွစ္ကေနစလို႔ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ပုံစံေကာင္းေတြဟာ ေပါ့ဘာရဲ႕ အတၱကို ထိခိုက္ေစခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ ျပင္သစ္ ကြင္းလယ္လူဟာ ယူႏိုက္တက္မွာ ေနရာၿပိဳင္ဆိုင္မႈေတြကို ေကာင္းေကာင္း တုံ႔ျပန္ႏိုင္ေနၿပီလို႔ ေပါလ္ ပါကာက သံုးသပ္ေျပာဆိုပါတယ္။
ေပါ့ဘာ ရာသီကုန္မွာ အသင္းကေန ထြက္ခြာဖို႔ သတင္းႀကီးခဲ့ေပမယ့္ အခုေတာ့ ယူႏိုက္တက္ဟာ ေနာက္ႏွစ္မွာလဲ သူ ဒီမွာ ဆက္ရွိေနဖို႔ ယုံၾကည္မႈရွိေနၿပီး ၂၀၂၂မွာ စာခ်ဳပ္မကုန္ခင္ သက္တမ္းတိုးဖို႔ေတာင္ အလားအလာရွိတယ္လို႔ သိရပါတယ္။
ယူႏိုက္တက္ဟာ ပယ္ေမးရက္စ္ ေတာင္ပံကစားသမား ေဂဘရီရယ္ ဗီ႐ြန္ကို ေခၚယူႏိုင္ဖို႔အတြက္ ဘာစီလိုနာနဲ႔ အၿပိဳင္ႀကိဳးစားမွာျဖစ္သလို သူ႔ရဲ႕ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ေပါင္ ၅၃သန္း ရွိေပမယ့္ ၁၈သန္းေလာက္နဲ႔ ရရွိႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
ကာဗာနီရဲ႕ လႈပ္ရွားပုံေတြဟာ လုံးဝတိက်န္မွန္ကန္ေနတာေၾကာင့္ သူဟာ ယူႏိုက္တက္က ရွာေဖြေနခဲ့တဲ့ ဗဟိုတိုက္စစ္မႉးမ်ိဳးျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္၊ မာရွယ္၊ ဂရင္းဝုဒ္တို႔အတြက္ ေလ့လာသင္ယူရမယ့္ စံျပပုဂၢိဳလ္ျဖစ္တယ္လို႔ ဆိုးရွားက ဆိုပါတယ္။
ယူႏိုက္တက္ဟာ အင္တာမီလန္ တိုက္စစ္မႉး ေလာ္တာ႐ို မာတီနက္ဇ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ အင္တာကေတာ့ သူ႔ကို စာခ်ဳပ္၅ႏွစ္ သက္တမ္းတိုးဖို႔ ေဆြးေႏြးေနတာေၾကာင့္ စာခ်ဳပ္သစ္ သေဘာတူညီမႈမရခင္ သူ႔ကို ႀကိဳးစားဖို႔ အခ်ိန္ အနည္းငယ္သာ ရရွိႏိုင္ပါတယ္။
ယူႏိုက္တက္ရဲ႕ အပယ္ခံ ကြင္းလယ္လူ ဂ်က္ဆီလင္ဂတ္ဟာ အသင္းကေန ထြက္ခြာရေတာ့မွာ ျဖစ္သလို သူ႔ကို ေခၚယူဖို႔စိတ္ဝင္စားေနတဲ့ ပရီးမီးယားလိဂ္ ကလပ္ေတြထဲမွာ စပါးလည္း ပါဝင္လာၿပီး ရာသီကုန္အထိ အငွားေခၚယူခ်င္ေနပါတယ္။
