ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (22/01/21)

ယူနိုက်တက်ကို မျှော်လင့်ချက်ကြီးစွာ လာခဲ့ပေမယ့် ပုံမှန် ပွဲကစားခွင့် မရတဲ့ ကွင်းလယ် ကစားသမား ဗန်ဒီဘိခ်ကို အငှားနဲ့ ခေါ်ယူဖို့ ဆက်သွယ် မေးမြန်းမှုတွေ ရှိနေတယ်လို့ သိရပြီး မန်ချက်စတာကလပ်ကတော့ ငြင်းဆန်ထားပါတယ်။

ပြီးခဲ့တဲ့ အန်းဖီးလ်မှာ ကန်ခဲ့တဲ့ လီဗာပူးနဲ့ ပွဲမှာ ယူနိုက်တက်က ခံစစ်ကို အထိုင် ကစားခဲ့တယ် ဆိုတဲ့ ဝေဖန်မှုတွေ အပေါ် ဆိုးရှားက တုန့်ပြန်လိုက်ပြီး ယူနိုက်တက်က အချိန်တိုင်း တိုက်စစ် ဆင်နေခဲ့တာ လို့ ပြောဆိုခဲ့ပါတယ်။

ကာဗာနီဟာ ယူနိုက်တက် တိုက်စစ်အတွက် ပြိုင်ဘက်ကင်း အရည်အသွေးတစ်ခု ယူဆောင်လာခဲ့တယ်လို့ ပေါလ်ပေါ့ဘာက ယုံကြည်နေသလို အသင်းကို အနိုင်ရအောင် ကူညီဖို့အတွက် အချိန်မှန်၊ နေရာမှန်မှာ အမြဲရှိနေတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလား အောင်မြင်လိမ့်မယ်လို့ ကလပ်ဂန္တဝင် ဝိန်းရွန်းနီက ထောက်ခံအားပေးခဲ့ပြီး လွန်ခဲ့တဲ့ ၆ပတ် လောက်ကတည်းက ဒါကို ရုံးကနည်းပြတွေဆီ ပြောခဲ့တာဖြစ်ကြောင်း ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်၊ ချယ်ဆီးနဲ့ လီဗာပူးတို့ စိတ်ဝင်စားနေတဲ့ လိုက်ပ်ဇစ် ခံစစ်မှူး အူဘာမီကာနို ကို အပြိုင် ခေါ်ယူဖို့ အသင့် ရှိတယ် လို့ ဘိုင်ယန်မြူးနစ်ကလည်း အသိပေးကာ ပြိုင်ပွဲအတွင်း ဝင်ရောက်လာပြီ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ယူနိုက်တက်မှာ အဆုံးအဖြတ်တွေ လုပ်ဆောင်ပြီး ပွဲ အဖြေကိုပါ ပြောင်းလဲပေးနိုင်တဲ့ အဓိက ကစားသမား ဖြစ်လာနေပြီလို့ ဘာဘာတော့ဗ်က ဆိုလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ကို ေမွ်ာ္လင့္ခ်က္ၾကီးစြာ လာခဲ့ေပမယ့္ ပံုမွန္ ပြဲကစားခြင့္ မရတဲ့ ကြင္းလယ္ ကစားသမား ဗန္ဒီဘိခ္ကို အငွားနဲ႕ ေခၚယူဖို႔ ဆက္သြယ္ ေမးျမန္းမႈေတြ ရွိေနတယ္လို႔ သိရျပီး မန္ခ်က္စတာကလပ္ကေတာ့ ျငင္းဆန္ထားပါတယ္။

ျပီးခဲ့တဲ့ အန္းဖီးလ္မွာ ကန္ခဲ့တဲ့ လီဗာပူးနဲ႕ ပြဲမွာ ယူနိုက္တက္က ခံစစ္ကို အထိုင္ ကစားခဲ့တယ္ ဆိုတဲ့ ေ၀ဖန္မႈေတြ အေပၚ ဆိုးရွားက တုန္႔ျပန္လိုက္ျပီး ယူနိုက္တက္က အခ်ိန္တိုင္း တိုက္စစ္ ဆင္ေနခဲ့တာ လို႔ ေျပာဆိုခဲ့ပါတယ္။

ကာဗာနီဟာ ယူႏိုက္တက္ တိုက္စစ္အတြက္ ၿပိဳင္ဘက္ကင္း အရည္အေသြးတစ္ခု ယူေဆာင္လာခဲ့တယ္လို႔ ေပါလ္ေပါ့ဘာက ယုံၾကည္ေနသလို အသင္းကို အႏိုင္ရေအာင္ ကူညီဖို႔အတြက္ အခ်ိန္မွန္၊ ေနရာမွန္မွာ အၿမဲရွိေနတယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဒီရာသီ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္လိမ့္မယ္လို႔ ကလပ္ဂႏၲဝင္ ဝိန္း႐ြန္းနီက ေထာက္ခံအားေပးခဲ့ၿပီး လြန္ခဲ့တဲ့ ၆ပတ္ ေလာက္ကတည္းက ဒါကို ႐ုံးကနည္းျပေတြဆီ ေျပာခဲ့တာျဖစ္ေၾကာင္း ျပန္ေျပာင္းေျပာဆိုခဲ့ပါတယ္။

ေပါ့ဘာဟာ ယူနိုက္တက္မွာ အဆံုးအျဖတ္ေတြ လုပ္ေဆာင္ျပီး ပြဲ အေျဖကိုပါ ေျပာင္းလဲေပးနုိင္တဲ့ အဓိက ကစားသမား ျဖစ္လာေနျပီလို႔ ဘာဘာေတာ့ဗ္က ဆိုလိုက္ပါတယ္။

ယူနိုက္တက္၊ ခ်ယ္ဆီးနဲ႕ လီဗာပူးတို႔ စိတ္၀င္စားေနတဲ့ လိုက္ပ္ဇစ္ ခံစစ္မွဴး အူဘာမီကာနို ကို အျပိဳင္ ေခၚယူဖို႔ အသင့္ ရွိတယ္ လို႔ ဘိုင္ယန္ျမဴးနစ္ကလည္း အသိေပးကာ ျပိဳင္ပြဲအတြင္း ၀င္ေရာက္လာျပီ ျဖစ္ပါတယ္။