ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (23/01/21)

ဖရန့်လမ်းပတ် အနေနဲ့ ရုန်းကန်နေရတဲ့ ချယ်ဆီးကို ပြောင်းလဲလာစေဖို့အတွက် အတွေ့အကြုံရှိနည်းပြရဲ့ အကူအညီ လိုအပ်နေပြီး ပရီးမီးယားလိဂ် နည်းပြဟောင်း ဟယ်ရီရက်နပ်ကို လက်ထောက်နည်းပြ ခန့်သင့်တယ်လို့ ပေါလ်မာဆွန်က ယုံကြည်နေပါတယ်။

လမ်းပတ်ဟာ ချယ်ဆီးရဲ့ တိုးတက်စပြုနေတဲ့ အသင်းကို ပရီးမီးယားလိဂ် ရလဒ်ဆိုးတွေကနေ ရုန်းထွက်နိုင်အောင် ကူညီပေးဖို့အတွက် သူ့မှာ တိုက်ပွဲဝင် စိတ်ဓာတ် ရှိတယ်လို့ ယုံကြည်နေသလို ခက်ခဲတဲ့အချိန်ကို ကျော်ဖြတ်နိုင်တာက အကောင်းဆုံး ခံစားချက်ပဲလို့ ပြောဆိုခဲ့ပါတယ်။

လက်စတာကို ၂-ဝနဲ့ ရှုံးခဲ့တဲ့ပွဲအတွင်း စိတ်မပါသလို ထက်သန်မှုမရှိပဲ ကစားခဲ့တဲ့ ကိုင်ဟားဗတ်အပေါ် ဝေဖန်မှုတွေကို လမ်းပတ်က ကာကွယ် ပြောဆိုခဲ့ပြီး ဒီဘရိုင်းနဲ့ ဆာလာတို့လို ကနဦး ရုန်းကန်ရမှုတွေကနေ ပြန်ထလာနိုင်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

တိုမိုရီဟာ လက်ကျန်ရာသီကို အေစီမီလန်မှာ အငှားသွားကစားမှာ ဖြစ်ပေမယ့် ၎င်းဟာ ချယ်ဆီးနဲ့ရေရှည်အနာဂတ် ရှိသေးတယ်လို့ လမ်းပတ်က ဖွင့်ဟခဲ့ပြီး နောက်နှစ်မှာ သူက ပိုကောင်းတဲ့ကစားသမားအဖြစ် မီလန်ကနေ ပြန်လာလိမ့်မယ်လို့ ထောက်ခံခဲ့ပါတယ်။

သီယာဂိုဆေးဗားဟာ ချယ်ဆီးမှာ တစ်နှစ်ထက်ပိုပြီး နေနိုင်ဖွယ်ရှိပေမယ့် ကလပ်ရဲ့ ရေတိုရွေးချယ်စရာသာဖြစ်သလို အသင်းဟောင်း ဖလူမီးနန့်စ်က သူအနားမယူခင် ကလပ်ထံ ပြန်ခေါ်ဖို့ လုပ်နိုင်သမျှအားလုံးလုပ်သွားမယ်လို့ နည်းပြက ပြောဆိုခဲ့ပါတယ်။

အိုလီဗီယာ ဂျီရူးဟာ လူတန်တောင်းနဲ့ အက်ဖ်အေဖလားပွဲမှာ ပါဝင်ဖို့ ကြံ့ခိုင်မှု အပြည့်အဝ ရှိပေမယ့် ကွင်းလယ်လူ ကန်တေကတော့ ပြန် ကောင်းလာဖို့ ကြိုးစားနေရဆဲ ဖြစ်သလို ဒီပွဲကို လွဲချော်ဦးမှာပါလို့ နည်းပြ လမ်းပတ်က အတည်ပြုခဲ့ပါတယ်။

လမ်းပတ်ဟာ ချယ်ဆီးရဲ့ အပြောင်းအရွှေ့ဦးစားပေးပစ်မှတ်ကို ပြောင်းလဲသတ်မှတ်ခဲ့ပြီး တိုက်စစ်ထက် ခံစစ်လုံခြုံအောင် အဓိက ထားတော့မှာ ဖြစ်သလို တိုမိုရီရဲ့ အစားထိုးအဖြစ် လိုက်ပ်ဇစ်နောက်ခံလူ အူပါမီကာနိုကို ခေါ်ယူဖို့ အလိုရှိနေပါတယ်။

ချယ်ဆီးရဲ့ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရမှုတွေ အတွက် ပြဿနာကြီးတစ်ခု ရှိနေပြီး လမ်းပတ်က အသင်းလူစာရင်းကို အမြဲ ပြောင်းလဲ နေတာကနေ သီယာဂို ဆေးဗားက အသင်းဖော်တွေနဲ့ အစေးမကပ်တာကြောင့်ဖြစ်တယ်လို့ အာမက် ဖာယီက သုံးသပ်ပြောဆိုပါတယ်။

Zawgyi – ဖရန့်လမ်းပတ် အနေနဲ့ ရုန်းကန်နေရတဲ့ ချယ်ဆီးကို ပြောင်းလဲလာစေဖို့အတွက် အတွေ့အကြုံရှိ နည်းပြရဲ့ အကူအညီ လိုအပ်နေပြီး ပရီးမီးယားလိဂ် နည်းပြဟောင်း ဟယ်ရီရက်နပ်ကို လက်ထောက်နည်းပြ ခန့်သင့်တယ်လို့ ပေါလ်မာဆွန်က ယုံကြည်နေပါတယ်။






