ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (23/01/21)

ဟယ်ရီ မက်ဂွဲရား အတွက် ဗဟိုခံစစ် တွဲဖက်ကို ရှာဖွေနေခဲ့တဲ့ ယူနိုက်တက်ဟာ နာပိုလီနောက်ခံလူ ကူလီဘာလီကို ပစ်မှတ်ထားခဲ့ပြီးတော့ သူ့ကို အခုထိ လိုချင်နေဆဲ ဖြစ်ပေမယ့် နည်းပြဂတ်တူဆိုက သူ့ကို ထွက်ခွာခွင့် ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။

ဆိုးရှားဟာ ရက်ရှ်ဖို့ဒ်၊ ဂရင်းဝုဒ်၊ မာရှယ်၊ ကာဗာနီတို့ကို ဖာဂူဆန်လက်ထက်က ဆိုးရှား၊ ရှရင်းဂမ်၊ အန်ဒီကိုးလ်၊ ဒွိုက်ယော့ခ်တို့ရဲ့ တိုက်စစ်နဲ့ နှိုင်းယှဉ်ခဲ့ပြီး ဘယ်ပွဲမဆို ဂိုးသွင်းနိုင်တဲ့သူတွေ ရထားလို့ အရမ်း ကျေနပ်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ လန်းစ်နောက်ခံလူ ဖာကန်ဒို မီဒီနာကို ဇန်နဝါရီ ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့ပေမယ့်လဲ ပေါင် ၁၀ သန်း တန် လူငယ် ကစားသမား အတွက် ဘာချဉ်းကပ်မှုမှ မလုပ်ရသေးဘူးလို့ ရိုမာနိုက သတင်းပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ သူတို့ ပုံမှန်ကစားချိန် မပေးနိုင်ခဲ့တဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်အတွက် အငှားခေါ်ယူဖို့ ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် လည်း ဆိုးရှားက သူ့ကို ဒုတိယ ရာသီဝက်မှာ အသုံးချဖို့ စီစဉ်ထားတာနဲ့အတူ အငှားချဖို့ စုံစမ်းမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

ဖာကန်ဒို ပယ်လီစထွီဟာ ယူနိုက်တက် စီနီယာအသင်းအတွက် ပွဲဦးထွက်ခွင့် မရသေးတာနဲ့အတူ ကလပ်ဟာ သူ့အတွက် အတွေ့အကြုံနဲ့ တိုးတက်မှု ရရှိစေဖို့ လက်ကျန်ရာသီမှာ လာလီဂါကလပ်တစ်ခုထံ အငှားချထားနိုင်ဖွယ်ရှိပါတယ်။

ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်တို့ ခံစစ်ပိတ်ဆော့ခဲ့တာက အဆိုးဆုံးပဲလို့ ကလော့ပ်က ဝေဖန်ခဲ့တဲ့အပေါ် ဆိုးရှားက တုံ့ပြန်ခဲ့ပြီး မိမိတို့ဟာ ဘောလုံးရတိုင်း တိုက်စစ် ဆင်ခဲ့တာတောင်မှ ဒီ စကားပြောတာကို နားမလည်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ဟယ္ရီ မက္ဂြဲရား အတြက္ ဗဟိုခံစစ္ တြဲဖက္ကို ရွာေဖြေနခဲ့တဲ့ ယူႏိုက္တက္ဟာ နာပိုလီေနာက္ခံလူ ကူလီဘာလီကို ပစ္မွတ္ထားခဲ့ၿပီးေတာ့ သူ႔ကို အခုထိ လိုခ်င္ေနဆဲ ျဖစ္ေပမယ့္ နည္းျပဂတ္တူဆိုက သူ႔ကို ထြက္ခြာခြင့္ ေပးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။

ဆိုးရွားဟာ ရက္ရွ္ဖို႔ဒ္၊ ဂရင္းဝုဒ္၊ မာရွယ္၊ ကာဗာနီတို႔ကို ဖာဂူဆန္လက္ထက္က ဆိုးရွား၊ ရွရင္းဂမ္၊ အန္ဒီကိုးလ္၊ ဒြိဳက္ေယာ့ခ္တို႔ရဲ႕ တိုက္စစ္နဲ႔ ႏႈိင္းယွဥ္ခဲ့ၿပီး ဘယ္ပြဲမဆို ဂိုးသြင္းႏိုင္တဲ့သူေတြ ရထားလို႔ အရမ္း ေက်နပ္ပါတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ လန္းစ္ေနာက္ခံလူ ဖာကန္ဒို မီဒီနာကို ဇန္နဝါရီ ပစ္မွတ္အျဖစ္ သတ္မွတ္ထားခဲ့ေပမယ့္လဲ ေပါင္ ၁၀ သန္း တန္ လူငယ္ ကစားသမား အတြက္ ဘာခ်ဥ္းကပ္မႈမွ မလုပ္ရေသးဘူးလို႔ ႐ိုမာႏိုက သတင္းေပးခဲ့ပါတယ္။

ယူႏိုက္တက္ဟာ သူတို႔ ပုံမွန္ကစားခ်ိန္ မေပးႏိုင္ခဲ့တဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္အတြက္ အငွားေခၚယူဖို႔ ကမ္းလွမ္းမႈေတြ ရရွိခဲ့ေပမယ့္ လည္း ဆိုးရွားက သူ႔ကို ဒုတိယ ရာသီဝက္မွာ အသုံးခ်ဖို႔ စီစဥ္ထားတာနဲ႔အတူ အငွားခ်ဖို႔ စုံစမ္းမႈေတြကို ျငင္းပယ္ခဲ့ပါတယ္။

ဖာကန္ဒို ပယ္လီစထြီဟာ ယူႏိုက္တက္ စီနီယာအသင္းအတြက္ ပြဲဦးထြက္ခြင့္ မရေသးတာနဲ႔အတူ ကလပ္ဟာ သူ႔အတြက္ အေတြ႕အႀကဳံနဲ႔ တိုးတက္မႈ ရရွိေစဖို႔ လက္က်န္ရာသီမွာ လာလီဂါကလပ္တစ္ခုထံ အငွားခ်ထားႏိုင္ဖြယ္ရွိပါတယ္။

ဂိုးမရွိသေရက်ခဲ့တဲ့ပြဲမွာ ယူႏိုက္တက္တို႔ ခံစစ္ပိတ္ေဆာ့ခဲ့တာက အဆိုးဆုံးပဲလို႔ ကေလာ့ပ္က ေဝဖန္ခဲ့တဲ့အေပၚ ဆိုးရွားက တုံ႔ျပန္ခဲ့ၿပီး မိမိတို႔ဟာ ေဘာလုံးရတိုင္း တိုက္စစ္ ဆင္ခဲ့တာေတာင္မွ ဒီ စကားေျပာတာကို နားမလည္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။