ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (23/01/21)

ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် ရေရှည် ပြိုင်ဆိုင်ရမှာကို အာရုံစိုက်ပြီးတော့ လီဗာပူးနဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲမှာ ဘရူနို ဖာနန်ဒက်စ်ကို အနားပေးသင့်တယ်လို့ ပေါလ်မာဆွန်က တိုက်တွန်းခဲ့ပါတယ်။

နာပိုလီ ခံစစ်မှူး ကူလီဘိုင်လေဟာ မန်ချက်စတာ ယူနိုက်တက် ခေါ်ယူလိုတဲ့ ထိပ်တန်း ခံစစ် ပစ်မှတ် ဖြစ်နေဆဲလို့ စပိန် မာကာ သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

နည်းပြ ဆိုးရှားကို ယူနိုက်တက် နဲ့ အောင်မြင်မှုတွေ ယူမှာ မလိုလား၊ မနာသူတွေက အချက်တွေ့တာနဲ့ ဝိုင်းဝန်း ဝေဖန်မှုတွေ ရှိနေကြောင်း သရဲနီဟောင်း ဒွိုက်ယော့ခ်က ပြောဆိုခဲ့ပါတယ်။

လင်ဂတ်ရဲ့ အနာဂတ်က သံသယ ရှိစရာတွေ ဖြစ်လာပြီး စပါး၊ ဝက်စ်ဟမ်း၊ ရှက်ဖီးတို့ရဲ့ အငှားခေါ်ယူဖို့ စိတ်ဝင်စားမှု ခံခဲ့ရသလို အသက် ၂၈နှစ် အရွယ် ကစားသမားဟာ ယူနိုက်တက်ရဲ့ ၂၂ယောက် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

လတ်တလောမှာ ရလဒ်ကောင်းတွေ ပျောက်ဆုံးနေလို့ လီဗာပူးအသင်းက ဝေဖန်ခံနေရပေမယ့် ၎င်းတို့ ကစားပုံက ပြောသလောက် အခြေအနေ မဆိုးနေကြောင်း ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ လူငယ် ကစားသမား ပယ်လစ္စထရီကို ဒီလထဲမှာ အငှားစေလွှတ်ဖို့ ပြောဆိုဆွေးနွေးမှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့နွေကမှ ခေါ်ယူထားတာ ဖြစ်ပေမယ့် ပွဲကစားချိန် ရဖို့ ယူနိုက်တက်က အငှား လွှတ်ရန် စီစဉ်နေပြီး စပိန်ဘက် ဖြစ်ဖို့ များနေပါတယ်။

Zawgyi – ယူႏိုက္တက္ အေနနဲ႔ ပရီးမီးယားလိဂ္ဖလားအတြက္ ေရရွည္ ၿပိဳင္ဆိုင္ရမွာကို အာ႐ုံစိုက္ၿပီးေတာ့ လီဗာပူးနဲ႔ ကစားရမယ့္ အက္ဖ္ေအဖလားပြဲမွာ ဘ႐ူႏို ဖာနန္ဒက္စ္ကို အနားေပးသင့္တယ္လို႔ ေပါလ္မာဆြန္က တိုက္တြန္းခဲ့ပါတယ္။

နာပိုလီ ခံစစ္မွဴး ကူလီဘိုင္ေလဟာ မန္ခ်က္စတာ ယူနိုက္တက္ ေခၚယူလိုတဲ့ ထိပ္တန္း ခံစစ္ ပစ္မွတ္ ျဖစ္ေနဆဲလို႔ စပိန္ မာကာ သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။

နည္းျပ ဆိုးရွားကို ယူနိုက္တက္ နဲ႕ ေအာင္ျမင္မႈေတြ ယူမွာ မလုိလား၊ မနာသူေတြက အခ်က္ေတြ႔တာနဲ႕ ၀ိုင္း၀န္း ေ၀ဖန္မႈေတြ ရွိေနေၾကာင္း သရဲနီေဟာင္း ဒြိဳက္ေယာ့ခ္က ေျပာဆိုခဲ့ပါတယ္။

လင္ဂတ္ရဲ႕ အနာဂတ္က သံသယ ရွိစရာေတြ ျဖစ္လာၿပီး စပါး၊ ဝက္စ္ဟမ္း၊ ရွက္ဖီးတို႔ရဲ႕ အငွားေခၚယူဖို႔ စိတ္ဝင္စားမႈ ခံခဲ့ရသလို အသက္ ၂၈ႏွစ္ အ႐ြယ္ ကစားသမားဟာ ယူႏိုက္တက္ရဲ႕ ၂၂ေယာက္ လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

လတ္တေလာမွာ ရလဒ္ေကာင္းေတြ ေပ်ာက္ဆံုးေနလို႔ လီဗာပူးအသင္းက ေ၀ဖန္ခံေနရေပမယ့္ ၄င္းတို႔ ကစားပံုက ေျပာသေလာက္ အေျခအေန မဆိုးေနေၾကာင္း ဖာနန္ဒက္စ္က ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ လူငယ္ ကစားသမား ပယ္လစၥထရီကို ဒီလထဲမွာ အငွားေစလႊတ္ဖို႔ ေျပာဆိုေဆြးေႏြးမႈေတြ ရွိေနပါတယ္။ ျပီးခဲ့တဲ့ေႏြကမွ ေခၚယူထားတာ ျဖစ္ေပမယ့္ ပြဲကစားခ်ိန္ ရဖို႔ ယူနိုက္တက္က အငွား လႊတ္ရန္ စီစဥ္ေနျပီး စပိန္ဘက္ ျဖစ္ဖို႔ မ်ားေနပါတယ္။