ချယ်ဆီးဟာ အခက်အခဲတွေနဲ့ ဆက်လက် ရုန်းကန်နေရသလို အသင်းမှာ အခြေခံအချက်တချို့ ပျောက်ဆုံးနေခဲ့တယ်လို့ လမ်းပတ်က ဝန်ခံခဲ့ပြီး ကိုယ်ပိုင်ဟန်က မပြောင်းလဲခဲ့ပေမယ့် အဲ့ဒီ့အခြေခံကနေ ပြန်စဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ ရလဒ်ဆိုးတွေနဲ့ ကျဆင်းလာခဲ့ပေမယ့် လမ်းပတ်ဟာ ကစားသမား ဘဝကလို အောင်မြင်မှုတွေ ရလာဖို့ အလားအလာ ရှိသူဖြစ်ပြီး စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ကလပ်ကို မြှင့်တင်ပေးမယ့်သူ ဖြစ်နေဆဲပါလို့ ဟစ်ဒင့်က ထောက်ခံခဲ့ပါတယ်။

အသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်နဲ့ ဒါရိုက်တာ မာရီနာတို့ဟာ လမ်းပတ်ကို ထုတ်ပယ်တဲ့အခါ ဘယ်သူ့ကို နည်းပြ ခန့်ရမလဲ၊ ယာယီ နည်းပြ ခန့်မလား၊ ရာသီကုန်အထိ စောင့်မလား ဆိုတဲ့အပေါ် အငြင်းပွားမှုတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
ဘာစီလိုနာဟာ ဘယ်နောက်ခံလူ ဖာပိုကို မီလန်ထံ ရောင်းချပြီးရင် ချယ်ဆီးရဲ့ မားကို့စ်အလွန်ဆိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် မီလန်က ဖာပိုကို လက်လျှော့ခဲ့တဲ့နောက် ဘာကာကလဲ အလွန်ဆိုအပေါ် စိတ်ဝင်စားမှုကို အဆုံးသတ်ခဲ့ရပါတယ်။
လမ်းပတ်အနေနဲ့ အလုပ်မပြုတ်ချင်ရင် ကစားကွက် ပြောင်းလဲဖို့လိုတယ်လို့ ပေါလ်မာဆွန်က အကြံပေးခဲ့ပြီး ကွီတာ၊ ရိစ်ဂျိမ်းစ်၊ ဘင်ချီဝဲတို့ ခံစစ် ၃ယောက်နဲ့၊ ကန်တေနဲ့ မောင့်ကို ကွင်းလယ်မှာထားကာ ဟားဗတ်ကို နံပါတ်၁၀ နေရာ ပေးသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကန်တေဟာ မိုရီကမ်ဘီနဲ့ပွဲကို တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့နောက် ဖူလ်ဟမ်၊ လက်စတာ ပွဲတွေမှာလဲ မကစားနိုင်ခဲ့သလို အခုထိ ကြံ့ခိုင်မှု မပြည့်ဝနေဆဲဖြစ်ပြီး လူတန်တောင်းနဲ့ ပွဲကိုပါ လွဲချော်ရဦးမယ်လို့ လမ်းပတ်က အတည်ပြုခဲ့ပါတယ်။
ဝက်စ်ဟမ်းဟာ ဘယ်နောက်တန်းမှာ ခရက်စ်ဝဲနဲ့ အပြိုင်ဖြစ်စေဖို့အတွက် ချယ်ဆီးနောက်ခံလူ အီမာဆန်ကို အငှားခေါ်ယူဖို့ ချဉ်းကပ်ခဲ့ပေမယ့် လမ်းပတ်က အလုပ်ရှုပ်မယ့် ဒုတိယရာသီဝက်မှာ အသုံးချဖို့အတွက် သူ့ကို အသင်းမှာ ဆက်ထားချင်နေတာပါ။
ကန်တေဟာ ကြံ့ခိုင်မှုပြန်ရရှိဖို့အတွက် သူကိုယ်တိုင် ကုထုံးဆရာတွေနဲ့အတူ ကြိုးစားလေ့ကျင့်နေသလို ကလပ်ကလဲ သူ့ကို မြန်မြန် ပြန်လာစေချင်နေပြီး ဗုဒ္ဓဟူးနေ့ ဝုလ်ဗ်နဲ့ပွဲမှာ ပါဝင်လာဖို့ မျှော်လင့်ရကြောင်း လမ်းပတ်က သတင်းပေးခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးဟာ အခက္အခဲေတြနဲ႔ ဆက္လက္ ႐ုန္းကန္ေနရသလို အသင္းမွာ အေျခခံအခ်က္တခ်ိဳ႕ ေပ်ာက္ဆုံးေနခဲ့တယ္လို႔ လမ္းပတ္က ဝန္ခံခဲ့ၿပီး ကိုယ္ပိုင္ဟန္က မေျပာင္းလဲခဲ့ေပမယ့္ အဲ့ဒီ့အေျခခံကေန ျပန္စဖို႔လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ရလဒ္ဆိုးေတြနဲ႔ က်ဆင္းလာခဲ့ေပမယ့္ လမ္းပတ္ဟာ ကစားသမား ဘဝကလို ေအာင္ျမင္မႈေတြ ရလာဖို႔ အလားအလာ ရွိသူျဖစ္ၿပီး စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ကလပ္ကို ျမႇင့္တင္ေပးမယ့္သူ ျဖစ္ေနဆဲပါလို႔ ဟစ္ဒင့္က ေထာက္ခံခဲ့ပါတယ္။
အသင္းပိုင္ရွင္ ႐ိုမန္ေအဘရာမိုဗစ္နဲ႔ ဒါ႐ိုက္တာ မာရီနာတို႔ဟာ လမ္းပတ္ကို ထုတ္ပယ္တဲ့အခါ ဘယ္သူ႔ကို နည္းျပ ခန္႔ရမလဲ၊ ယာယီ နည္းျပ ခန္႔မလား၊ ရာသီကုန္အထိ ေစာင့္မလား ဆိုတဲ့အေပၚ အျငင္းပြားမႈေတြ ျဖစ္ေနတယ္လို႔ သိရပါတယ္။
ဘာစီလိုနာဟာ ဘယ္ေနာက္ခံလူ ဖာပိုကို မီလန္ထံ ေရာင္းခ်ၿပီးရင္ ခ်ယ္ဆီးရဲ႕ မားကို႔စ္အလြန္ဆိုကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ မီလန္က ဖာပိုကို လက္ေလွ်ာ့ခဲ့တဲ့ေနာက္ ဘာကာကလဲ အလြန္ဆိုအေပၚ စိတ္ဝင္စားမႈကို အဆုံးသတ္ခဲ့ရပါတယ္။
လမ္းပတ္အေနနဲ႔ အလုပ္မျပဳတ္ခ်င္ရင္ ကစားကြက္ေျပာင္းလဲဖို႔လိုတယ္လို႔ ေပါလ္မာဆြန္က အႀကံေပးခဲ့ၿပီး ကြီတာ၊ ရိစ္ဂ်ိမ္းစ္၊ ဘင္ခ်ီဝဲတို႔ ခံစစ္ ၃ေယာက္နဲ႔၊ ကန္ေတနဲ႔ ေမာင့္ကို ကြင္းလယ္မွာထားကာ ဟားဗတ္ကို နံပါတ္၁၀ ေနရာ ေပးသင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ကန္ေတဟာ မိုရီကမ္ဘီနဲ႔ပြဲကို တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တဲ့ေနာက္ ဖူလ္ဟမ္၊ လက္စတာ ပြဲေတြမွာလဲ မကစားႏိုင္ခဲ့သလို အခုထိ ၾကံ့ခိုင္မႈ မျပည့္ဝေနဆဲျဖစ္ၿပီး လူတန္ေတာင္းနဲ႔ ပြဲကိုပါ လြဲေခ်ာ္ရဦးမယ္လို႔ လမ္းပတ္က အတည္ျပဳခဲ့ပါတယ္။
ဝက္စ္ဟမ္းဟာ ဘယ္ေနာက္တန္းမွာ ခရက္စ္ဝဲနဲ႔ အၿပိဳင္ျဖစ္ေစဖို႔အတြက္ ခ်ယ္ဆီးေနာက္ခံလူ အီမာဆန္ကို အငွားေခၚယူဖို႔ ခ်ဥ္းကပ္ခဲ့ေပမယ့္ လမ္းပတ္က အလုပ္ရႈပ္မယ့္ ဒုတိယရာသီဝက္မွာ အသုံးခ်ဖို႔အတြက္ သူ႔ကို အသင္းမွာ ဆက္ထားခ်င္ေနတာပါ။
ကန္ေတဟာ ႀကံ့ခိုင္မႈျပန္ရရွိဖို႔အတြက္ သူကိုယ္တိုင္ ကုထုံးဆရာေတြနဲ႔အတူ ႀကိဳးစားေလ့က်င့္ေနသလို ကလပ္ကလဲ သူ႔ကို ျမန္ျမန္ ျပန္လာေစခ်င္ေနၿပီး ဗုဒၶဟူးေန႔ ဝုလ္ဗ္နဲ႔ပြဲမွာ ပါဝင္လာဖို႔ ေမွ်ာ္လင့္ရေၾကာင္း လမ္းပတ္က သတင္းေပးခဲ့ပါတယ္။
