ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (24/01/21)

ဆိုးရှားဟာ ပေါ့ဘာနဲ့ ဘာပြဿနာမှ မရှိဘဲ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းထားတယ်လို့ ဖွင့်ဟခဲ့ပြီး ကွင်းလယ်လူဟာ သူ့ဆုံးဖြတ်ချက်ကို အမြဲတမ်း လေးစားသလို မကစားရရင်တောင် နောက်ကွယ်မှာ အများကြီး အကူအညီ ပေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒွန်နီ ဗန်ဒီဘိခ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ အရန်လူဖြစ်နေရတာကို မပျော်မရွှင်ဖြစ်နေပြီး ကစားချိန် ပိုရချင်နေသလို လီဗာပူးနဲ့ပွဲမှာ သေချာပေါက် ပါဝင်လာမှာဖြစ်ပြီး သူက ပွဲကို အဆုံးအဖြတ်ပေးတဲ့သူ ဖြစ်လာနိုင်တယ်လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဘာနဲ့ ကာဗာနီတို့နဲ့အတူ သူ့မှာ အောင်မြင်မှုဆီရောက်အောင် တွန်းပို့ပေးနိုင်တဲ့ အဝတ်လဲခန်း တစ်ခု ရှိထားတယ်လို့ ဆိုးရှားက ယုံကြည်နေပြီး သူတို့ကြောင့် သူ့ရဲ့ အလုပ်ကို ရာနှုန်းပြည့် ပိုမိုလွယ်ကူစေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက်ဟာ လီဗာပူးနဲ့ပွဲမှာ ပေါ့ဘာ၊ ဖာနန်ဒက်စ်၊ မက်ဂွိုင်းယား၊ ရက်ရှ်ဖို့ဒ် စတဲ့ အဓိက ကစားသမားတွေကို ပွဲမထုတ်ဘူးဆိုရင် အံ့အား သင့်မိမှာပါလို့ နေးလ်မယ်လာက ဝန်ခံခဲ့ပြီး သူတို့တွေ ပါဝင်ကစားရဖို့မျှော်လင့်ကြောင်းပြောဆိုခဲ့ပါတယ်။

ဘာစီလိုနာကြယ်ပွင့် ဒမ်ဘီလီဟာ ၁၈လအတွင်း စာချုပ်သက်တမ်းကုန်တော့မှာဖြစ်ပြီး သက်တမ်းတိုးဖို့လဲ နီးစပ်မှု မရှိသလို ယူနိုက်တက်နဲ့ ချယ်ဆီးတို့က သူ့ကို နွေရာသီမှာ ခေါ်ယူဖို့အတွက် ၎င်းရဲ့အခြေအနေကိုစောင့်ကြည့်နေကြပါတယ်။

လင်ဂတ်ရဲ့ အနာဂတ်က လီဗာပူးနဲ့ ယူနိုက်တက်ပွဲရဲ့ ရလဒ်အပေါ် မူတည်နေပြီး ယူနိုက်တက်က အက်ဖ်အေဖလားမှာ နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ရင် သူ့ကို အသင်းမှာ ဆက်ထားဖို့ လိုအပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – ဆိုးရွားဟာ ေပါ့ဘာနဲ႔ ဘာျပႆနာမွ မရွိဘဲ ဆက္ဆံေရးေကာင္းကို ထိန္းသိမ္းထားတယ္လို႔ ဖြင့္ဟခဲ့ၿပီး ကြင္းလယ္လူဟာ သူ႔ဆုံးျဖတ္ခ်က္ကို အၿမဲတမ္း ေလးစားသလို မကစားရရင္ေတာင္ ေနာက္ကြယ္မွာ အမ်ားႀကီး အကူအညီ ေပးတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒြန္နီ ဗန္ဒီဘိခ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ အရန္လူျဖစ္ေနရတာကို မေပ်ာ္မ႐ႊင္ျဖစ္ေနၿပီး ကစားခ်ိန္ ပိုရခ်င္ေနသလို လီဗာပူးနဲ႔ပြဲမွာ ေသခ်ာေပါက္ ပါဝင္လာမွာျဖစ္ၿပီး သူက ပြဲကို အဆုံးအျဖတ္ေပးတဲ့သူ ျဖစ္လာႏိုင္တယ္လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္၊ ေပါ့ဘာနဲ႔ ကာဗာနီတို႔နဲ႔အတူ သူ႔မွာ ေအာင္ျမင္မႈဆီေရာက္ေအာင္ တြန္းပို႔ေပးႏိုင္တဲ့ အဝတ္လဲခန္း တစ္ခု ရွိထားတယ္လို႔ ဆိုးရွားက ယုံၾကည္ေနၿပီး သူတို႔ေၾကာင့္ သူ႔ရဲ႕ အလုပ္ကို ရာႏႈန္းျပည့္ ပိုမိုလြယ္ကူေစတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ယူႏိုက္တက္ဟာ လီဗာပူးနဲ႔ပြဲမွာ ေပါ့ဘာ၊ ဖာနန္ဒက္စ္၊ မက္ဂြိဳင္းယား၊ ရက္ရွ္ဖို႔ဒ္ စတဲ့ အဓိက ကစားသမားေတြကို ပြဲမထုတ္ဘူးဆိုရင္ အံ့အား သင့္မိမွာပါလို႔ ေနးလ္မယ္လာက ဝန္ခံခဲ့ၿပီး သူတို႔ေတြ ပါဝင္ကစားရဖို႔ေမွ်ာ္လင့္ေၾကာင္းေျပာဆိုခဲ့ပါတယ္။

ဘာစီလိုနာၾကယ္ပြင့္ ဒမ္ဘီလီဟာ ၁၈လအတြင္း စာခ်ဳပ္သက္တမ္းကုန္ေတာ့မွာျဖစ္ၿပီး သက္တမ္းတိုးဖို႔လဲ နီးစပ္မႈ မရွိသလို ယူႏိုက္တက္နဲ႔ ခ်ယ္ဆီးတို႔က သူ႔ကို ေႏြရာသီမွာ ေခၚယူဖို႔အတြက္ ၎ရဲ႕အေျခအေနကိုေစာင့္ၾကည့္ေနၾကပါတယ္။

လင္ဂတ္ရဲ႕ အနာဂတ္က လီဗာပူးနဲ႔ ယူႏိုက္တက္ပြဲရဲ႕ ရလဒ္အေပၚ မူတည္ေနၿပီး ယူႏိုက္တက္က အက္ဖ္ေအဖလားမွာ ေနာက္တစ္ဆင့္ တက္ေရာက္ႏိုင္ခဲ့ရင္ သူ႔ကို အသင္းမွာ ဆက္ထားဖို႔ လိုအပ္မွာ ျဖစ္တယ္လို႔ သိရပါတယ္။