ချယ်ဆီးက အယ်ဂျီးရီးယား မက်ဆီကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် လှုပ်ရှားလာ

UNICODE – ချယ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းကို အင်အားဖြည့်ဖို့ ဒီနွေမှာ ဘရန့်ဖိုဒ့်အသင်းမှ အယ်ဂျီးရီးယား မက်ဆီလို့ လူသိများတဲ့ Said Benrahma ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။

နွေအပြောင်းအရွှေ့မှာ ပက်ဒရိုနဲ့ ဝီလီယမ်တို့ကို လက်လွတ်ရမှာဖြစ်လို့ ကစားသမားသစ် ရှာနေတဲ့ ချယ်ဆီးက တိုက်စစ်ပိုင်းကို အားပြုမှာပါ။ ဒီလို အခြေအနေမှာ ချန်ပီယံရှစ်ကလပ်နဲ့အတူ တောင်ပံတစ်လျှောက် ထိုးဖောက်မှုတွေမှာ တိုးတက်တဲ့ ခြေစွမ်းတွေ ပြသနေတဲ့ Said Benrahma ကို စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။

ဝါရင့်တိုက်စစ်သမားတွေကို လက်လွတ်ပြီးရင် ချယ်ဆီးမှာတော့ အိုဒွိုင်းနဲ့ ပူလီဆစ်တို့လို တောင်ပံသမားတွေပဲ ကျန်ရှိမှာဖြစ်ပြီး နွေမှာ အေဂျက်မှ ဇီယက် ရောက်လာဖို့တော့ ရှိနေပါတယ်။ ဒါကြောင့် တောင်ပံပိုင်းကို အင်းအားဖြည့်ဖို့ကလည်း ချယ်ဆီးရဲ့ ဦးစားပေးဖြစ်ပြီး ၂၄ နှစ်သား တောင်ပံသမားအတွက် ပေါင် ၃၁ သန်း အသုံးပြုရမှာဖြစ်တယ်။

ဒီရာသီ ချန်ပီယံရှစ်မှာ ၃၄ ပွဲ ကစားထားပြီး ၁၀ ဂိုး သွင်းယူထားတဲ့ အယ်ဂျီးရီးယား ကစားသမားဟာ ပြင်သစ်ကလပ် နိုက်အသင်းမှာလည်း ကစားခဲ့သေးတာကြောင့် အဆင့်မြင့်တန်း ပြိုင်ပွဲတွေမှာ အတွေ့အကြုံ ရှိသူဖြစ်တယ်။ ဒါ့အပြင် အင်္ဂလန်မြေအကြောင်းကို သိနေပြီဖြစ်လို့ ချယ်ဆီးမှာလည်း ကစားနိုင်စွမ်း ရှိပါလိမ့်မယ်။

သူ့ကို ခေါ်ယူဖို့က ချယ်ဆီးတစ်သင်းတည်း စိတ်ဝင်စားနေခြင်း မဟုတ်ဘဲ ပရီးမီးယားလိဂ်မှ လန်ဒန်ပြိုင်ဘက် အသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတိုကလည်း စိတ်ဝင်စားနေပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ တိုက္စစ္ပိုင္းကို အင္အားျဖည့္ဖို႔ ဒီေႏြမွာ ဘရန္႔ဖိုဒ့္အသင္းမွ အယ္ဂ်ီးရီးယား မက္ဆီလို႔ လူသိမ်ားတဲ့ Said Benrahma ကို ေခၚယူဖို႔ စိတ္ဝင္စားေနေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပသြားပါတယ္။

ေႏြအေျပာင္းအေရႊ႔မွာ ပက္ဒရိုနဲ႔ ဝီလီယမ္တို႔ကို လက္လြတ္ရမွာျဖစ္လို႔ ကစားသမားသစ္ ရွာေနတဲ့ ခ်ယ္ဆီးက တိုက္စစ္ပိုင္းကို အားျပဳမွာပါ။ ဒီလို အေျခအေနမွာ ခ်န္ပီယံရွစ္ကလပ္နဲ႔အတူ ေတာင္ပံတစ္ေလွ်ာက္ ထိုးေဖာက္မႈေတြမွာ တိုးတက္တဲ့ ေျခစြမ္းေတြ ျပသေနတဲ့ Said Benrahma ကို စိတ္ဝင္စားလာတာ ျဖစ္ပါတယ္။

ဝါရင့္တိုက္စစ္သမားေတြကို လက္လြတ္ျပီးရင္ ခ်ယ္ဆီးမွာေတာ့ အိုဒိြဳင္းနဲ႔ ပူလီဆစ္တုိ႔လို ေတာင္ပံသမားေတြပဲ က်န္ရွိမွာျဖစ္ျပီး ေႏြမွာ ေအဂ်က္မွ ဇီယက္ ေရာက္လာဖို႔ေတာ့ ရွိေနပါတယ္။ ဒါေၾကာင့္ ေတာင္ပံပိုင္းကို အင္းအားျဖည့္ဖို႔ကလည္း ခ်ယ္ဆီးရဲ႕ ဦးစားေပးျဖစ္ျပီး ၂၄ ႏွစ္သား ေတာင္ပံသမားအတြက္ ေပါင္ ၃၁ သန္း အသံုးျပဳရမွာျဖစ္တယ္။

ဒီရာသီ ခ်န္ပီယံရွစ္မွာ ၃၄ ပြဲ ကစားထားျပီး ၁၀ ဂိုး သြင္းယူထားတဲ့ အယ္ဂ်ီးရီးယား ကစားသမားဟာ ျပင္သစ္ကလပ္ ႏုိက္အသင္းမွာလည္း ကစားခဲ့ေသးတာေၾကာင့္ အဆင့္ျမင့္တန္း ျပိဳင္ပြဲေတြမွာ အေတြ႔အၾကံဳ ရွိသူျဖစ္တယ္။ ဒါ့အျပင္ အဂၤလန္ေျမအေၾကာင္းကို သိေနျပီျဖစ္လို႔ ခ်ယ္ဆီးမွာလည္း ကစားႏုိင္စြမ္း ရွိပါလိမ့္မယ္။

သူ႔ကို ေခၚယူဖို႔က ခ်ယ္ဆီးတစ္သင္းတည္း စိတ္ဝင္စားေနျခင္း မဟုတ္ဘဲ ပရီးမီးယားလိဂ္မွ လန္ဒန္ျပိဳင္ဘက္ အသင္းေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ စပါးတိုကလည္း စိတ္ဝင္စားေနပါတယ္။