ယနေ့ နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ စုစည်းမှု (24/01/21)

အာဆင်နယ်အသင်းဟာ ည က စိန့်မေရီမှာ ကန်တဲ့ အက်ဖ်အေဖလား ပွဲမှာ ဆောက်သမ်တန်ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ရတာကြောင့် ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံ ဖြစ်ပမေယ့် စတုတ္ထအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီ ဖြစ်ပါတယ်။

အခုထိ ခြေစွမ်းကောင်းတွေ မပြသနိုင်တဲ့ ပီပီ၊ ဝီလီယံတို့ အခြေအနေကို မေးမြန်းရာမှာ နည်းပြ အာတီတာက ” သူတို့လည်း သူတို့ အကောင်းဆုံးတွေ ထုတ်ပြနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြတာပါ။ ပရိသတ်တွေ မြင်ချင်တဲ့ အဆင့် မရောက်သေးသည့်တိုင် အားထုတ်မှုနဲ့ ရည်ရွယ်ချက်တွေက ရှိနေပါတယ်။ ” လို့ တုန့်ပြန် ဖြေကြားခဲ့ပါတယ်။

ရီးရဲလ်ကနေ အိုဒီဂတ်ကို အငှား ခေါ်ယူဖို့ ဘယ်လောက် နီးစပ်နေပြီလဲ အမေးကိုတော့ အာတီတာ က သူလည်း သတင်းထူး မကြားရ သေးကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ စာချုပ် ဖျက်သိမ်းပြီးသွားတဲ့ ခံစစ်မှူး ဆိုကရေးတစ်ကို လာဇီယို၊ ဂျီနိုအာ အသင်းတို့က ချိတ်ဆက်မှုတွေ ရှိထားပေမယ့် နောက်ဆုံး သတင်းများ အရ ဂရိကလပ် အိုလံပီယာကို့စ်အသင်းထံ ရောက်ဖို့ များနေပါတယ်။

အာဆင်နယ်ဟာ စတုတ်စီးတီးအသင်းမှာ အသက် ၁၉ နှစ် အရွယ် အံ့ဖွယ် ကစားသမားလေး နေသန် ကောလင်းကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ အင်္ဂလန်သတင်းတွေမှာ ဖော်ပြလာပါတယ်။ ဒါပေမယ့် ၎င်းကို ခေါ်ဖို့ ငွေပေးရန် အသင့် ရှိနေတဲ့ ဘန်လေက ရသွားဖို့ များနေတယ်လို့ လည်း သိရပါတယ်။

ရေးပါလာကတော့ အက်ဖ်အေဖလား က ထွက်ခဲ့ရပြီး ရုန်းကန်နေတဲ့ အာဆင်နယ် အသင်းဟာ ဒီရာသီ အကောင်းဆုံး လုပ်နိုင်တာ အဆင့် ၆ အတွင်း ဝင်ဖို့လောက်သာပဲ ဖြစ်ကြောင်း သုံးသပ်ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ည က စိန္႔ေမရီမွာ ကန္တဲ့ အက္ဖ္ေအဖလား ပြဲမွာ ေဆာက္သမ္တန္ကို ၁-၀ နဲ႕ အေရးနိမ့္ခဲ့ရတာေၾကာင့္ ျပိဳင္ပြဲရဲ႕ လက္ရွိ ခ်န္ပီယံ ျဖစ္ပေမယ့္ စတုတၳအဆင့္ကေန လွည့္ျပန္ခဲ့ရျပီ ျဖစ္ပါတယ္။

အခုထိ ေျခစြမ္းေကာင္းေတြ မျပသနိုင္တဲ့ ပီပီ၊ ၀ီလီယံတို႔ အေျခအေနကို ေမးျမန္းရာမွာ နည္းျပ အာတီတာက ” သူတို႔လည္း သူတို႔ အေကာင္းဆံုးေတြ ထုတ္ျပနိုင္ဖို႔ အစြမ္းကုန္ ၾကိဳးစားေနၾကတာပါ။ ပရိသတ္ေတြ ျမင္ခ်င္တဲ့ အဆင့္ မေရာက္ေသးသည့္တိုင္ အားထုတ္မႈနဲ႕ ရည္ရြယ္ခ်က္ေတြက ရွိေနပါတယ္။ ” လို႔ တုန္႔ျပန္ ေျဖၾကားခဲ့ပါတယ္။

ရီးရဲလ္ကေန အိုဒီဂတ္ကို အငွား ေခၚယူဖို႔ ဘယ္ေလာက္ နီးစပ္ေနျပီလဲ အေမးကိုေတာ့ အာတီတာ က သူလည္း သတင္းထူး မၾကားရ ေသးေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္နဲ႕ စာခ်ဳပ္ ဖ်က္သိမ္းျပီးသြားတဲ့ ခံစစ္မွဴး ဆိုကေရးတစ္ကို လာဇီယို၊ ဂ်ီနိုအာ အသင္းတို႔က ခ်ိတ္ဆက္မႈေတြ ရွိထားေပမယ့္ ေနာက္ဆံုး သတင္းမ်ား အရ ဂရိကလပ္ အိုလံပီယာကို႔စ္အသင္းထံ ေရာက္ဖို႔ မ်ားေနပါတယ္။

အာဆင္နယ္ဟာ စတုတ္စီးတီးအသင္းမွာ အသက္ ၁၉ နွစ္ အရြယ္ အံ့ဖြယ္ ကစားသမားေလး ေနသန္ ေကာလင္းကို ေခၚယူဖို႔ ၾကိဳးစားေနတယ္လို႔ အဂၤလန္သတင္းေတြမွာ ေဖာ္ျပလာပါတယ္။ ဒါေပမယ့္ ၄င္းကို ေခၚဖို႔ ေငြေပးရန္ အသင့္ ရွိေနတဲ့ ဘန္ေလက ရသြားဖို႔ မ်ားေနတယ္လို႔ လည္း သိရပါတယ္။

ေရးပါလာကေတာ့ အက္ဖ္ေအဖလား က ထြက္ခဲ့ရျပီး ရုန္းကန္ေနတဲ့ အာဆင္နယ္ အသင္းဟာ ဒီရာသီ အေကာင္းဆံုး လုပ္နုိင္တာ အဆင့္ ၆ အတြင္း ၀င္ဖို႔ေလာက္သာပဲ ျဖစ္ေၾကာင္း သံုးသပ္ေျပာဆိုခဲ့ပါတယ္။