ယူနိုက်တက် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ မာရှယ်တို့ဟာ U11 ကလေးတွေတောင် မကျူးလွန်တော့တဲ့ လူကျွံဘော ဖြစ်တဲ့ အနေအထားတွေ များစွာ ရှိနေပြီး ဒါက ယူနိုက်တက် ရေရှည် ကြုံနေတဲ့ ပြသနာ ဖြစ်လာနေပြီလို့ စတန် ကော်လီမိုးက သုံးသပ်သွားပါတယ်။
ကစားသမား ဘဝ နှစ်တွေအများကြီး ကြာလာတဲ့နောက် ကိုယ့်ကိုယ်ကို ပြီးပြည့်စုံနိုင်တယ်လို့ ခံစားလာရသလို သူ့ရဲ့ အတွေ့အကြုံ၊ရင့်ကျက်မှုနဲ့ ပင်ကိုသိစိတ်က ယူနိုက်တက်မှာ အောင်မြင်စေဖို့ အကူအညီဖြစ်စေခဲ့တယ်လို့ ကာဗာနီက ဆိုပါတယ်။
လီဗာပူးနဲ့ ယူနိုက်တက်တို့ဟာ အူပါမီကာနိုကို အပြိုင်စောင့်ကြည့်နေပေမယ့် ကလော့ပ်က နောက်ခံလူ အသစ်ခေါ်ယူဖို့ ငြင်းပယ်ခဲ့တဲ့နောက် ယူနိုက်တက်အတွက် အခွင့်အရေးပိုများလာသလို သူ့ကိုခေါ်ပေးဖို့ ဆိုးရှားက ကလပ်ထံ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
လင်ဂတ်ကို ပထမအသင်းနဲ့ ပွဲထွက် ကစားချိန် ပို ရစေဖို့ ရည်ရွယ်ပြီး ယူနိုက်တက်က ဒီလထဲမှာ အငှားစေလွှတ်ရန် ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ၎င်းကို ရာသီဝက် အငှားနဲ့ ခေါ်ချင်တဲ့ အသင်းတော့ ရှာဖွေရဦးမှာပါ။
မန်ချက်စတာ ယူနိုက်တက်ကို ပွဲတွေ အများကြီး ကစားဖို့ ရောက်လာတာ ဖြစ်ကြောင်း ခံစစ်မှူး အဲလက်စ် တဲလက်စ်က ထုတ်ဖော် ပြောကြားလိုက်ပြီး ပိုကစားခွင့် ရလာဖို့ ကြိုးစားသွားမယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ နွေတည်းက အူပါမီကာနို ကို ခေါ်ယူဖို့ နီးစပ်ခဲ့တာ ဖြစ်ပြီး ထိုစဉ်က ပြင်သစ်သား တန်ကြေး ပေါင် ၃၈ သန်းလောက် ရှိခဲ့ပါတယ်။ ဒီအပြောင်းအရွှေ့မှာတော့ ယူနိုက်တက်က ပြိုင်ဘက်တွေထက် လက်ဦးမှု ယူကာ ပေါင် ၅၅ သန်းနဲ့ ကမ်းလှမ်းဖို့ ရှိတယ်လို့ အင်္ဂလန်သတင်းဌာနတွေက ဆိုပါတယ်။
Zawgyi – ယူနိုက်တက် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရက်ဖို့ဒ်နဲ့ မာရှယ်တို့ဟာ U11 ကလေးတွေတောင် မကျူးလွန်တော့တဲ့ လူကျွံဘော ဖြစ်တဲ့ အနေအထားတွေ များစွာ ရှိနေပြီး ဒါက ယူနိုက်တက် ရေရှည် ကြုံနေတဲ့ ပြသနာ ဖြစ်လာနေပြီလို့ စတန် ကော်လီမိုးက သုံးသပ်သွားပါတယ်။