ယူနိုက်တက် တိုက်စစ်မှူး မားကပ်စ် ရက်ဖို့ဒ်ဟာ ကိုရိုနာကပ်ဘေး ကာလ အတွင်းမှာ ရက်ရောတဲ့ အလှူတွေ ပြုလုပ်ခဲ့တာကြောင့် မန်ချက်စတာ မြို့က ချီးမြှင့်တဲ့ အထူးဆုကို လက်ခံရရှိခဲ့ပါတယ်။
ပရီးမီးယားလိဂ် ကလပ်အသင်းတွေ အနေနဲ့ ထရိန်နင်မှာ ခပ်ဝေးဝေးထား လေ့ကျင့်စရာ မလိုတော့ဘဲ အနီးကပ် ယခင်ကဲ့သို့ တွန်းတွန်းတိုက်တိုက် လေ့ကျင့်နိုင်ပြီ ဖြစ်ကြောင်း အာဏာပိုင်များက ခွင့်ပြုလိုက်ပါတယ်။
ယူနိုက်တက်ဟာ အငှားသက်တမ်းကုန်ဖို့ ရက်ပိုင်းသာ လိုတော့တဲ့ တိုက်စစ်မှူး အစ်ဟာလိုကို ဆက်ခေါ်ထားဖို့ ညှိနှိုင်းနေဆဲ ဖြစ်ပြီး သဘောတူညီမှု ရဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း အေးဂျင့် ဖြစ်သူက အသိပေးခဲ့ပါတယ်။ ရှန်ဟိုင်းရှင်ဟွာက အစ်ဟာလို အတွက် ငှားရမ်းခ သက်သက်ပေးဖို့ အလိုရှိနေတယ်လို့ သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ်အသင်းတွေက နွေ အပြောင်းအရွှေ့ ကာလကို စက်တင်ဘာလထိ ရွှေ့ပေးဖို့ တောင်းဆိုလိုနေကြပါတယ်။ ဘောလုံး ရာသီ နောက်ကျမှ ပြီးဆုံးတော့မှာ ဖြစ်တာကြောင့် အပြောင်းအရွှေ့ ကာလက ကမောက်ကမ ဖြစ်လို့ နေပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ လော့ဒေါင်းကာလအတွင်း တယောက်ချင်းရဲ့ ကြံ့ခိုင်မှုကို စောင့်ကြည့်ထားခဲ့ရာ ထရိန်နင်တွေ ပြန်စတင်ချိန်မှာတော့ ရလဒ်ကို စစ်ဆေးခဲ့ကြပြီး ဘရူနို ဖာနန်ဒက်စ်က အံ့ဖွယ် အဖြစ် အသင်း အမြန်ဆုံး ကစားသမား စာရင်းထဲ ပါဝင်လာခဲ့ပါတယ်။
ပြင်သစ် ကွင်းလယ်သမား ပေါ့ဘာကို ယူနိုက်တက် ထံမှ ခေါ်ယူဖို့ အတွက် ဂျူဗင်တပ်က ဒိုင်ဘာလားနဲ့ ပီဂျာနစ်တို့ နှစ်ဦးကို အလဲအထပ် အဖြစ် ကမ်းလှမ်းဖို့ စီစဉ်နေပေမယ့် ကစားသမား နှစ်ဦးလုံးက ငြင်းဆန်ခဲ့ကြပါတယ်။
အင်္ဂလန် လူငယ် ကြယ်ပွင့်တွေ ဖြစ်တဲ့ အိန်ဂျယ် ဂိုမက်စ်နဲ့ ဂျူ့ ဘယ်လင်ဟမ်တို့ကို နောက်မျိုးဆက် ပါရမီရှင်တွေလို့ သတ်မှတ်ထားပြီး နှစ်ဦးလုံးကို ရေရှည် အိုးထရက်ဖို့ဒ်မှာ ထိန်းထားနိုင်ဖို့ မန်ချက်စတာယူနိုက်တက် တာဝန်ရှိသူတွေက မျှော်လင့်ပါတယ်။
Zawgyi – ယူနိုက္တက္ တိုက္စစ္မႉး မားကပ္စ္ ရက္ဖို႕ဒ္ဟာ ကို႐ိုနာကပ္ေဘး ကာလ အတြင္းမွာ ရက္ေရာတဲ့ အလွဴေတြ ျပဳလုပ္ခဲ့တာေၾကာင့္ မန္ခ်က္စတာ ျမိဳ႕က ခ်ီးျမႇင့္တဲ့ အထူးဆုကို လက္ခံရရွိခဲ့ပါတယ္။
ပရီးမီးယားလိဂ္ ကလပ္အသင္းေတြ အေနနဲ႕ ထရိန္နင္မွာ ခပ္ေ၀းေ၀းထား ေလ့က်င့္စရာ မလုိေတာ့ဘဲ အနီးကပ္ ယခင္ကဲ့သို႔ တြန္းတြန္း တိုုက္တိုက္ ေလ့က်င့္နုိင္ျပီ ျဖစ္ေၾကာင္း အာဏာပိုင္မ်ားက ခြင့္ျပဳလိုက္ပါတယ္။
ယူနိုက္တက္ဟာ အငွားသက္တမ္းကုန္ဖို႔ ရက္ပိုင္းသာ လိုေတာ့တဲ့ တိုက္စစ္မွဴး အစ္ဟာလိုကို ဆက္ေခၚထားဖို႔ ညွိႏိႈင္းေနဆဲ ျဖစ္ျပီး သေဘာတူညီမႈ ရဖို႔ နီးစပ္ေနျပီ ျဖစ္ေၾကာင္း ေအးဂ်င့္ ျဖစ္သူက အသိေပးခဲ့ပါတယ္။ ရွန္ဟိုင္းရွင္ဟြာက အစ္ဟာလို အတြက္ ငွားရမ္းခ သက္သက္ေပးဖို႔ အလိုရွိေနတယ္လို႔ သိရပါတယ္။
ပရီးမီးယားလိဂ္ ကလပ္အသင္းေတြက ေႏြ အေျပာင္းအေရႊ႕ ကာလကို စက္တင္ဘာလထိ ေရႊ႕ေပးဖို႔ ေတာင္းဆိုလိုေနၾကပါတယ္။ ေဘာလံုး ရာသီ ေနာက္က်မွ ျပီးဆံုးေတာ့မွာ ျဖစ္တာေၾကာင့္ အေျပာင္းအေရႊ႕ ကာလက ကေမာက္ကမ ျဖစ္လို႔ ေနပါတယ္။
ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ ေလာ့ေဒါင္းကာလအတြင္း တေယာက္ခ်င္းရဲ႕ ၾကံ႕ခုိင္မႈကို ေစာင့္ၾကည့္ထားခဲ့ရာ ထရိန္နင္ေတြ ျပန္စတင္ခ်ိန္မွာေတာ့ ရလဒ္ကို စစ္ေဆးခဲ့ၾကျပီး ဘရူနို ဖာနန္ဒက္စ္က အံ့ဖြယ္ အျဖစ္ အသင္း အျမန္ဆံုး ကစားသမား စာရင္းထဲ ပါ၀င္လာခဲ့ပါတယ္။
ျပင္သစ္ ကြင္းလယ္သမား ေပါ့ဘာကို ယူနိုက္တက္ ထံမွ ေခၚယူဖို႔ အတြက္ ဂ်ဴဗင္တပ္က ဒိုင္ဘာလားနဲ႕ ပီဂ်ာနစ္တို႔ နွစ္ဦးကို အလဲအထပ္ အျဖစ္ ကမ္းလွမ္းဖို႔ စီစဥ္ေနေပမယ့္ ကစားသမား နွစ္ဦးလံုးက ျငင္းဆန္ခဲ့ၾကပါတယ္။
အဂၤလန္ လူငယ္ ၾကယ္ပြင့္ေတြ ျဖစ္တဲ့ အိန္ဂ်ယ္ ဂိုမက္စ္နဲ႕ ဂ်ဴ႔ ဘယ္လင္ဟမ္တုိ႔ကို ေနာက္မ်ိဳးဆက္ ပါရမီရွင္ေတြလို႔ သတ္မွတ္ထားျပီး နွစ္ဦးလံုးကို ေရရွည္ အိုးထရက္ဖို႔ဒ္မွာ ထိန္းထားနုိင္ဖို႔ မန္ခ်က္စတာယူနုိက္တက္ တာ၀န္ရွိသူေတြက ေမွ်ာ္လင့္ပါတယ္။