လီဗာပူးကို ၃-၂နဲ့ အနိုင်ရခဲ့တဲ့နောက် ယူနိုက်တက်ဟာ အခုဆိုရင် အက်ဖ်အေဖလားပွဲမှာ နောက်ဆုံး အိမ်ကွင်း ၈ပွဲလုံးကို အနိုင် ရယူနိုင်ခဲ့သလို ဒါဟာ ၁၉၁၂ နောက်ပိုင်း ဒီပြိုင်ပွဲမှာ သူတို့ရဲ့ အကောင်းဆုံး မှတ်တမ်းလည်း ဖြစ်ခဲ့ပါတယ်။
ကာဗာနီဟာ အလုပ်အကြိုးစားဆုံးနဲ့ အပါးနပ်ဆုံး ဗဟိုတိုက်စစ်မှူးတစ်ယောက် ဖြစ်သလို ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်၊ ဂျိမ်းစ်တို့အနေနဲ့ သူ ကလပ် မှာ ရှိစဉ်အတွင်း သူ့ရဲ့ လှုပ်ရှားပုံနဲ့ စိတ်ဓာတ်တို့ကို သင်ယူဖို့ ဆိုးရှားက တိုက်တွန်းခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ကစားသမားတွေဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ ဦးဆောင်မှု နောက်ကို လိုက်နေပြီးတော့ ၎င်းဟာ အဲရစ်ကန်တိုနာလိုမျိုး အိုးလ်ထရက်ဖို့ဒ် မှာ အောင်မြင်မှု တံခါးကို ဖွင့်ပေးနေတာဖြစ်တယ်လို့ မာတင်ကီယွန်က ချီးကျူးပြောဆိုခဲ့ပါတယ်။

မနေ့ကပွဲမှာ အဲရစ်ဘိုင်လေကို ချန်လှပ်ထားခဲ့တာက သူ့ကို အရဲစွန့် မသုံးချင်တဲ့ ကိစ္စတချို့ ရှိနေတာကြောင့်ဖြစ်တယ်လို့ ဆိုးရှားက ရှင်းပြခဲ့ပြီး တခြား ဘာပြဿနာမှ မရှိတာကြောင့် ရှက်ဖီးနဲ့ပွဲမှာ သူပြန်ပါလာမှာပါလို့ ပြောဆိုခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ လီဗာပူးကိုနိုင်ခဲ့တဲ့ပွဲမှာ အံ့အားသင့်ဖွယ် ဖရီးကစ်ဂိုး သွင်းယူနိုင်ခဲ့သလို သူဟာ နေ့တိုင်းနီးပါး လေ့ကျင့်ရေးမှာ ဖရီးကစ် ကန်တာ လေ့ကျင့်ခဲ့တာဖြစ်ပြီး တခါတလေ ဆိုးရှားကတောင် ရပ်တန့်ဖို့ သူ့ကို ကန်ထုတ်ရတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
လီဗာပူးနဲ့ အက်ဖ်အေဖလားပွဲမှာ လင်ဂတ်က ထပ်မံ ချန်လှပ်ခံခဲ့ရသလို ဆိုးရှားက သူ့ကို အသင်းမှာ ဆက် ထိန်းထားချင်ပေမယ့်လည်း သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဇန်နဝါရီအပြောင်းအရွှေ့ မပိတ်ခင် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အခုချိန်မှာ လီဗာပူးနဲ့ ယူနိုက်တက်တို့ကြား အဓိက ကွာခြားချက်က ယုံကြည်မှုအဆင့်အတန်းပဲ ဖြစ်ပြီး ပွဲက နောက်ပိုင်းမှာ ဟန်ချက်ညီခဲ့ပေမယ့် ယူနိုက်တက်ရဲ့ စိတ်ဓာတ်က အနိုင်ရဖို့ အဓိက ဖြစ်ခဲ့တယ်လို့ မိုက်ကယ်အိုဝင်က ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးကို ၃-၂နဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ ယူႏိုက္တက္ဟာ အခုဆိုရင္ အက္ဖ္ေအဖလားပြဲမွာ ေနာက္ဆုံး အိမ္ကြင္း ၈ပြဲလုံးကို အႏိုင္ရယူႏိုင္ခဲ့သလို ဒါဟာ ၁၉၁၂ ေနာက္ပိုင္း ဒီၿပိဳင္ပြဲမွာ သူတို႔ရဲ႕ အေကာင္းဆုံး မွတ္တမ္းလည္း ျဖစ္ခဲ့ပါတယ္။
ကာဗာနီဟာ အလုပ္အႀကိဳးစားဆုံးနဲ႔ အပါးနပ္ဆုံး ဗဟိုတိုက္စစ္မႉးတစ္ေယာက္ ျဖစ္သလို ရက္ရွ္ဖို႔ဒ္၊ မာရွယ္၊ ဂရင္းဝုဒ္၊ ဂ်ိမ္းစ္တို႔အေနနဲ႔ သူ ကလပ္ မွာ ရွိစဥ္အတြင္း သူ႔ရဲ႕ လႈပ္ရွားပုံနဲ႔ စိတ္ဓာတ္တို႔ကို သင္ယူဖို႔ ဆိုးရွားက တိုက္တြန္းခဲ့ပါတယ္။
ယူႏိုက္တက္ရဲ႕ ကစားသမားေတြဟာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕ ဦးေဆာင္မႈ ေနာက္ကို လိုက္ေနၿပီးေတာ့ ၎ဟာ အဲရစ္ကန္တိုနာလိုမ်ိဳး အိုးလ္ထရက္ဖို႔ဒ္ မွာ ေအာင္ျမင္မႈ တံခါးကို ဖြင့္ေပးေနတာျဖစ္တယ္လို႔ မာတင္ကီယြန္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
မေန႔ကပြဲမွာ အဲရစ္ဘိုင္ေလကို ခ်န္လွပ္ထားခဲ့တာက သူ႔ကို အရဲစြန္႔ မသုံးခ်င္တဲ့ ကိစၥတခ်ိဳ႕ ရွိေနတာေၾကာင့္ျဖစ္တယ္လို႔ ဆိုးရွားက ရွင္းျပခဲ့ၿပီး တျခား ဘာျပႆနာမွ မရွိတာေၾကာင့္ ရွက္ဖီးနဲ႔ပြဲမွာ သူျပန္ပါလာမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ လီဗာပူးကိုႏိုင္ခဲ့တဲ့ပြဲမွာ အံ့အားသင့္ဖြယ္ ဖရီးကစ္ဂိုး သြင္းယူႏိုင္ခဲ့သလို သူဟာ ေန႔တိုင္းနီးပါး ေလ့က်င့္ေရးမွာ ဖရီးကစ္ ကန္တာ ေလ့က်င့္ခဲ့တာျဖစ္ၿပီး တခါတေလ ဆိုးရွားကေတာင္ ရပ္တန္႔ဖို႔ သူ႔ကို ကန္ထုတ္ရတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
လီဗာပူးနဲ႔ အက္ဖ္ေအဖလားပြဲမွာ လင္ဂတ္က ထပ္မံ ခ်န္လွပ္ခံခဲ့ရသလို ဆိုးရွားက သူ႔ကို အသင္းမွာ ဆက္ ထိန္းထားခ်င္ေပမယ့္လည္း သူ႔ရဲ႕အနာဂတ္နဲ႔ ပတ္သက္ၿပီး ဇန္နဝါရီအေျပာင္းအေ႐ႊ႕ မပိတ္ခင္ ေဆြးေႏြးသြားမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။
အခုခ်ိန္မွာ လီဗာပူးနဲ႔ ယူႏိုက္တက္တို႔ၾကား အဓိက ကြာျခားခ်က္က ယုံၾကည္မႈအဆင့္အတန္းပဲ ျဖစ္ၿပီး ပြဲက ေနာက္ပိုင္းမွာ ဟန္ခ်က္ညီခဲ့ေပမယ့္ ယူႏိုက္တက္ရဲ႕ စိတ္ဓာတ္က အႏိုင္ရဖို႔ အဓိက ျဖစ္ခဲ့တယ္လို႔ မိုက္ကယ္အိုဝင္က ေျပာဆိုခဲ့ပါတယ္။
