ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ(25/01/21)

လူတန်တောင်းနဲ့ပွဲမှာ လမ်းပတ်ဟာ ၄-၄-၂ ကစားကွက်ကို ပြောင်းလဲအသုံးပြုခဲ့ပြီး အောင်မြင်ခဲ့တဲ့အတွက် ဝမ်းသာနေသလို ကစားသမား သစ်တွေ၊ လူငယ်ကစားသမားတွေနဲ့အတူ မှန်ကန်တဲ့နည်းလမ်းကို ရှာတွေ့ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘီလီဂေလ်မာဟာ ဒီရာသီ ၎င်းရဲ့ တတိယမြောက်အဖြစ် လူတန်တောင်းနဲ့ပွဲမှာ ပွဲထွက်ပါဝင်ခဲ့ပြီး ခြေစွမ်းကောင်းပြသခဲ့သလို လက်ကျန် ဒုတိယ ရာသီဝက်အတွက် သူ့ကို အငှားချထားမှာမဟုတ်ဘူးလို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

တီမိုဗာနာဟာ လူတန်တောင်းနဲ့ပွဲမှာ ဂိုးသွင်းခွင့်များစွာ ဖန်တီးနိုင်ခဲ့ပေမယ့် ပင်နယ်တီ လွဲချော်ခဲ့သလို မဆုတ်မနစ်ကြိုးစားတာက ဂိုးမိုးခေါင်မှုကို အဆုံးသတ်ဖို့ အဓိကဖြစ်လို့ မရပ်တန့်ပဲ ပင်နယ်တီ ဆက်ကန်ဖို့ အီယန်ရိုက်က အကြံပေးခဲ့ပါတယ်။

ချယ်ဆီးဟာ ပရီးမီးယားလိဂ်မှာ နောက်ဆုံး၅ပွဲကို ၃ပွဲရှုံးခဲ့ပေမယ့် တန်မီအေဘရာဟမ်ရဲ့ ဟက်ထရစ်နဲ့ အက်ဖ်အေဖလားပွဲမှာ လိုအပ်တဲ့ နိုင်ပွဲကို ရရှိခဲ့သလို ဒီနိုင်ပွဲကနေ ယုံကြည်မှုယူပြီးတော့ လိဂ်မှာ ပြန်လာရမယ်လို့ အသင်းဖော်တွေကို အေဘရာဟမ်က တိုက်တွန်းခဲ့ပါတယ်။

ချယ်ဆီးဟာ လူတန်တောင်းကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့နောက် လမ်းပတ်က အသင်းသားတွေကို ချီးကျူးခဲ့ပေမယ့် ဒီပွဲမှာ သူ့အနေနဲ့ စောဒက တက်စရာ တစ်ခုပဲ ရှိခဲ့ပြီး အဲ့ဒါကတော့ ဂိုးတွေ ပိုမသွင်းနိုင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ချယ်ဆီးရဲ့ အက်ဖ်အေဖလားနိုင်ပွဲကြောင့် လမ်းပတ်အပေါ်မှာရှိနေတဲ့ ဖိအားတချို့ သက်သာရာရခဲ့သလို ဒီနိုင်ပွဲဟာ သူတို့အတွက် စိတ်ပျက်စရာ ကျရှုံးနေခဲ့တဲ့ ရာသီကို ပြန်လည်ရှင်သန်လာအောင် ကူညီပေးနိုင်တယ်လို့ လမ်းပတ်က ယုံကြည်နေပါတယ်။

မေဆန်မောင့်ဟာ လူတန်တောင်းကို နိုင်ခဲ့တဲ့ပွဲမှာ အသင်းကို ဦးဆောင်ဖို့ စိတ်ချယုံကြည်နိုင်တယ်ဆိုတာ ပြသခဲ့တဲ့နောက် သူ့အနေနဲ့ အနာဂတ် မှာ အကြိမ်များစွာ ကပ္ပတိန် လက်ပတ် ဝတ်ဆင်ရဖို့ လမ်းပတ်က မျှော်လင့်နေပါတယ်။

ချယ်ဆီးဟာ လိဂ်မှာ ရလဒ်ဆိုးတွေ ဆက်တိုက်ကြုံခဲ့ရတဲ့နောက် ခံစစ်ကျောရိုးက တိုးတက်ဖို့ လိုအပ်နေတာနဲ့အတူ နောက်တန်းကို ပိုမို ယုံကြည် စိတ်ချရစေဖို့အတွက် ခံစစ်၃ယောက်ထားပြီး ကစားသင့်တယ်လို့ ဒန်နီမာဖီက ဆိုပါတယ်။

Zawgyi – လူတန္ေတာင္းနဲ႔ပြဲမွာ လမ္းပတ္ဟာ ၄-၄-၂ ကစားကြက္ကို ေျပာင္းလဲအသုံးျပဳခဲ့ၿပီး ေအာင္ျမင္ခဲ့တဲ့အတြက္ ဝမ္းသာေနသလို ကစားသမား သစ္ေတြ၊ လူငယ္ကစားသမားေတြနဲ႔အတူ မွန္ကန္တဲ့နည္းလမ္းကို ရွာေတြ႕ခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဘီလီေဂလ္မာဟာ ဒီရာသီ ၎ရဲ႕ တတိယေျမာက္အျဖစ္ လူတန္ေတာင္းနဲ႔ပြဲမွာ ပြဲထြက္ပါဝင္ခဲ့ၿပီး ေျခစြမ္းေကာင္းျပသခဲ့သလို လက္က်န္ ဒုတိယ ရာသီဝက္အတြက္ သူ႔ကို အငွားခ်ထားမွာမဟုတ္ဘူးလို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

တီမိုဗာနာဟာ လူတန္ေတာင္းနဲ႔ပြဲမွာ ဂိုးသြင္းခြင့္မ်ားစြာ ဖန္တီးႏိုင္ခဲ့ေပမယ့္ ပင္နယ္တီ လြဲေခ်ာ္ခဲ့သလို မဆုတ္မနစ္ႀကိဳးစားတာက ဂိုးမိုးေခါင္မႈကို အဆုံးသတ္ဖို႔ အဓိကျဖစ္လို႔ မရပ္တန႔္ပဲ ပင္နယ္တီ ဆက္ကန္ဖို႔ အီယန္႐ိုက္က အႀကံေပးခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး၅ပြဲကို ၃ပြဲရႈံးခဲ့ေပမယ့္ တန္မီေအဘရာဟမ္ရဲ႕ ဟက္ထရစ္နဲ႔ အက္ဖ္ေအဖလားပြဲမွာ လိုအပ္တဲ့ ႏိုင္ပြဲကို ရရွိခဲ့သလို ဒီႏိုင္ပြဲကေန ယုံၾကည္မႈယူၿပီးေတာ့ လိဂ္မွာ ျပန္လာရမယ္လို႔ အသင္းေဖာ္ေတြကို ေအဘရာဟမ္က တိုက္တြန္းခဲ့ပါတယ္။

ခ်ယ္ဆီးဟာ လူတန္ေတာင္းကို ၃-၁ နဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ လမ္းပတ္က အသင္းသားေတြကို ခ်ီးက်ဴးခဲ့ေပမယ့္ ဒီပြဲမွာ သူ႔အေနနဲ႔ ေစာဒက တက္စရာ တစ္ခုပဲ ရွိခဲ့ၿပီး အဲ့ဒါကေတာ့ ဂိုးေတြ ပိုမသြင္းႏိုင္လို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

ခ်ယ္ဆီးရဲ႕ အက္ဖ္ေအဖလားႏိုင္ပြဲေၾကာင့္ လမ္းပတ္အေပၚမွာရွိေနတဲ့ ဖိအားတခ်ိဳ႕ သက္သာရာရခဲ့သလို ဒီႏိုင္ပြဲဟာ သူတို႔အတြက္ စိတ္ပ်က္စရာ က်ရႈံးေနခဲ့တဲ့ ရာသီကို ျပန္လည္ရွင္သန္လာေအာင္ ကူညီေပးႏိုင္တယ္လို႔ လမ္းပတ္က ယုံၾကည္ေနပါတယ္။

ေမဆန္ေမာင့္ဟာ လူတန္ေတာင္းကို ႏိုင္ခဲ့တဲ့ပြဲမွာ အသင္းကို ဦးေဆာင္ဖို႔ စိတ္ခ်ယုံၾကည္ႏိုင္တယ္ဆိုတာ ျပသခဲ့တဲ့ေနာက္ သူ႔အေနနဲ႔ အနာဂတ္ မွာ အႀကိမ္မ်ားစြာ ကပၸတိန္ လက္ပတ္ ဝတ္ဆင္ရဖို႔ လမ္းပတ္က ေမွ်ာ္လင့္ေနပါတယ္။

ခ်ယ္ဆီးဟာ လိဂ္မွာ ရလဒ္ဆိုးေတြ ဆက္တိုက္ႀကဳံခဲ့ရတဲ့ေနာက္ ခံစစ္ေက်ာ႐ိုးက တိုးတက္ဖို႔ လိုအပ္ေနတာနဲ႔အတူ ေနာက္တန္းကို ပိုမို ယုံၾကည္ စိတ္ခ်ရေစဖို႔အတြက္ ခံစစ္၃ေယာက္ထားၿပီး ကစားသင့္တယ္လို႔ ဒန္နီမာဖီက ဆိုပါတယ္။