တိုက်စစ်သမားတွေ ဖြစ်တဲ့ ရက်ဖို့ဒ်၊ မာရှယ်တို့ဟာ အသင်းမှာ ကာဗာနီ ရှိတုန်း ဝါရင့် တိုက်စစ်သမားကြီး ဆီကနေ လိုအပ်တာတွေ သင်ယူကြဖို့ ဆိုးရှားက တိုက်တွန်းလိုက်ပါတယ်။ ကာဗာနီဟာ သူ တွေ့ဖူးသမျှထဲမှာ အပါးနပ်ဆုံး တိုက်စစ်မှူး ဖြစ်တယ်လို့လည်း ဆိုးရှားက ချီးကျူးခဲ့ပါတယ်။
ယူနိုက်တက် အပေါ် လွှမ်းမိုးမှု ကြီးကြီး ရှိလာနေတဲ့ ဘရူနို ဖာနန်ဒက်စ်ကို အသင်း ဂန္တဝင် ကန်တိုနာနဲ့ နှိုင်းယှဉ် ပြောဆိုမှုတွေ ရှိလာနေပြီး ဂစ်ကတော့ ဖာနန်ဒက်စ်ဟာ ဆုဖလားတွေ ယူပြဖို့ လိုသေးကြောင်း ထောက်ပြခဲ့ပါတယ်။
ကွင်းလယ် တိုက်စစ်သမား ဗန်ဒီဘိခ် ကို ပွဲကစားချိန်တွေ ပိုပေးသွားပါမယ်လို့ ယူနိုက်တက် နည်းပြ ဆိုးရှားက အက်ဖ်အေဖလားပွဲ အပြီးမှာ ကတိစကား ပေးလိုက်ပါတယ်။
ဖာနန်ဒက်စ်ဟာ လေ့ကျင့်ရေးမှာ ဖရီးကစ်ကန်ဖို့ နေ့တိုင်း လေ့ကျင့်သလို ဖရီးကစ် စပါယ်ရှယ်လစ် တစ်ယောက်ဖြစ်တဲ့ မာတာ ထံကနေ သင်ယူပြီး သူနဲ့အတူ ရက်ရှ်ဖို့ဒ်၊ အဲလက်စ်တဲလက်စ်၊ ဖရက်တို့နဲ့ လေ့ကျင့်ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အောက်တိုဘာလတည်းက အသင်းလက်မဲ့ ဖြစ်နေတဲ့ သရဲနီဟောင်း ကာဂါဝါဟာ ပြောင်းရွှေ့ကြေး အလွတ်နဲ့ PAOK အသင်းထံ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။
ဆိုးရှားဟာ ယူနိုက်တက် အတွက် မှန်ကန်တဲ့ နည်းပြ တစ်ဦး ဖြစ်တယ် ဆိုတာ သက်သေပြနေပြီလို့ ခရစ် ဆက်တန်က ဒေးလီးမေးလ် သတင်းဌာနကနေ ချီးကျူးလိုက်ပါတယ်။