ကစားသမားသစ်တွေဟာ လမ်းပတ်လက်အောက်မှာ အသားကျဖို့ အချိန်လိုအပ်ခဲ့သလို ပွဲတွေမှာ ပရိသတ်တွေမရှိတာကလဲ သူတို့နဲ့ နည်းပြကြား စိတ်ချင်းဆက်သွယ်မှု ပျောက်ဆုံးနေခဲ့ပြီး လမ်းပတ်ကို အခုလိုအဆုံးသတ်စေခဲ့တယ်လို့ ဖာဒီနန်က ဆိုပါတယ်။
ချယ်ဆီးဟာ ဖရန့်လမ်းပတ်ကို ထုတ်ပယ်လိုက်ပြီးနောက် နည်းပြအသစ်နဲ့အတူ ကစားသမားသစ်ခေါ်ယူဖို့အပေါ် အာရုံစိုက်လာမှာဖြစ်သလို ဝက်စ်ဟမ်း နည်းပြ မိုယက်စ်ကတော့ ဒီကလန်ရိုက်စ်ကို ခေါ်ချင်ရင် ဘဏ်တစ်ခုစာလောက် ငွေပုံပေးမှ ရမယ်လို့ ကြိုသတိပေးခဲ့ပါတယ်။
သောမတ်စ်တူချယ်ဟာ ချယ်ဆီးနည်းပြသစ်အနေနဲ့ ဗုဒ္ဓဟူးနေ့မှာပဲ အသင်းကို ကိုင်တွယ်မှာ ဖြစ်တယ်လို့ သိရသလို ၎င်းအနေနဲ့ လေ့ကျင့်ရေး ကွင်းက အချိန်တွေနဲ့ ပွဲတွေကို ကြီးကြပ်ရတဲ့ အချိန်တွေကြားမှာ ကွာရန်တင်းဝင်ရဦးမှာလဲဖြစ်ပါတယ်။

လမ်းပတ် ထုတ်ခံလိုက်ရတာနဲ့ပတ်သက်လို့ သူနဲ့ကာလရှည်ကြာသိကျွမ်းခဲ့ပြီး အောင်မြင်မှု ရအောင် ကူညီပေးခဲ့တဲ့ နည်းပြဟောင်း မော်ရင်ညိုက လမ်းပတ်ဟာ သူ့ရဲနည်းပြဘဝမှာ အရေးပါတဲ့သူ ဖြစ်ခဲ့တဲ့အလျောက် သူ့အတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။
ချယ်ဆီးဟာ အခုအချိန်မှာ ဇယားထိပ်ဆုံးက ယူနိုက်တက်နဲ့ ၁၁မှတ် ကွာဟနေပေမယ့် လူတိုင်းမှာ အခက်အခဲတွေနဲ့ ရလဒ်ဆိုးတွေ ကြုံခဲ့ရမှာပဲ ဖြစ်သလို ကလပ်အနေနဲ့ လမ်းပတ်ကို အချိန်ပိုပေးဖို့ ထိုက်တန်တယ်လို့ ဟယ်ရီရက်နက်က ယုံကြည်နေပါတယ်။
လမ်းပတ်ဟာ နွေရာသီမှာ ပေါင်သန်း၂၂၀ သုံးစွဲခဲ့ရပြီးနောက် ကလပ်ဘက်က ချက်ချင်း ရလဒ်ကောင်းတွေရရှိဖို့ အလိုရှိခဲ့ပေမယ့် မျှော်လင့်ချက် တွေ ပြည့်ဝအောင် မလုပ်ပေးနိုင်ခဲ့တာက အဆုံးသတ် ဖြစ်စေခဲ့တယ်လို့ ဂယ်ရီနဗီးက ယုံကြည်နေပါတယ်။
ချယ်ဆီးမှာ လမ်းပတ်မရှိတော့တဲ့နောက် နည်းပြသစ်ဖြစ်လာမယ့် သောမတ်စ်တူချယ် လက်အောက်မှာ ပူလီဆစ်အနေနဲ့ ရင်းနှီးပြီးသား ဖြစ်တာကြောင့် သူ့နည်းစနစ်တွေနဲ့ လွယ်လွယ်အသားကျပြီး ခြေစွမ်းပြနိုင်ဖို့ အမေရိကန်နည်းပြ ဘာဟယ်တာက မျှော်လင့်နေပါတယ်။
ယူနိုက်တက်ဟာ ဆိုးရှားမှာ ဖိအားတွေ ရှိလာတဲ့အခါ သူ့ကို အချိန်ပေးခဲ့ပြီး ရေရှည်စီမံကိန်းတွေနဲ့ အခု ဇယားထိပ် ရောက်လာသလို ချယ်ဆီးအနေနဲ့ လမ်းပတ်ကို ၁၈လထက် ပိုပြီး အချိန်ပေးဖို့ လိုအပ်ခဲ့တယ်လို့ မာတင်ကီယွန်က ထောက်ပြခဲ့ပါတယ်။

Zawgyi – ကစားသမားသစ္ေတြဟာ လမ္းပတ္လက္ေအာက္မွာ အသားက်ဖို႔ အခ်ိန္လိုအပ္ခဲ့သလို ပြဲေတြမွာ ပရိသတ္ေတြမရွိတာကလဲ သူတို႔နဲ႔ နည္းျပၾကား စိတ္ခ်င္းဆက္သြယ္မႈ ေပ်ာက္ဆုံးေနခဲ့ၿပီး လမ္းပတ္ကို အခုလိုအဆုံးသတ္ေစခဲ့တယ္လို႔ ဖာဒီနန္က ဆိုပါတယ္။
ခ်ယ္ဆီးဟာ ဖရန႔္လမ္းပတ္ကို ထုတ္ပယ္လိုက္ၿပီးေနာက္ နည္းျပအသစ္နဲ႔အတူ ကစားသမားသစ္ေခၚယူဖို႔အေပၚ အာ႐ုံစိုက္လာမွာျဖစ္သလို ဝက္စ္ဟမ္း နည္းျပ မိုယက္စ္ကေတာ့ ဒီကလန္႐ိုက္စ္ကို ေခၚခ်င္ရင္ ဘဏ္တစ္ခုစာေလာက္ ေငြပုံေပးမွ ရမယ္လို႔ ႀကိဳသတိေပးခဲ့ပါတယ္။
ေသာမတ္စ္တူခ်ယ္ဟာ ခ်ယ္ဆီးနည္းျပသစ္အေနနဲ႔ ဗုဒၶဟူးေန႔မွာပဲ အသင္းကို ကိုင္တြယ္မွာ ျဖစ္တယ္လို႔ သိရသလို ၎အေနနဲ႔ ေလ့က်င့္ေရး ကြင္းက အခ်ိန္ေတြနဲ႔ ပြဲေတြကို ၾကီးၾကပ္ရတဲ့ အခ်ိန္ေတြၾကားမွာ ကြာရန္တင္းဝင္ရဦးမွာလဲျဖစ္ပါတယ္။
လမ္းပတ္ ထုတ္ခံလိုက္ရတာနဲ႔ပတ္သက္လို႔ သူနဲ႔ကာလရွည္ၾကာသိကြၽမ္းခဲ့ၿပီး ေအာင္ျမင္မႈ ရေအာင္ ကူညီေပးခဲ့တဲ့ နည္းျပေဟာင္း ေမာ္ရင္ညိဳက လမ္းပတ္ဟာ သူ႔ရဲနည္းျပဘဝမွာ အေရးပါတဲ့သူ ျဖစ္ခဲ့တဲ့အေလ်ာက္ သူ႔အတြက္ စိတ္မေကာင္းျဖစ္မိတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
ခ်ယ္ဆီးဟာ အခုအခ်ိန္မွာ ဇယားထိပ္ဆုံးက ယူႏိုက္တက္နဲ႔ ၁၁မွတ္ ကြာဟေနေပမယ့္ လူတိုင္းမွာ အခက္အခဲေတြနဲ႔ ရလဒ္ဆိုးေတြ ႀကဳံခဲ့ရမွာပဲ ျဖစ္သလို ကလပ္အေနနဲ႔ လမ္းပတ္ကို အခ်ိန္ပိုေပးဖို႔ ထိုက္တန္တယ္လို႔ ဟယ္ရီရက္နက္က ယုံၾကည္ေနပါတယ္။
လမ္းပတ္ဟာ ေႏြရာသီမွာ ေပါင္သန္း၂၂၀ သုံးစြဲခဲ့ရၿပီးေနာက္ ကလပ္ဘက္က ခ်က္ခ်င္း ရလဒ္ေကာင္းေတြရရွိဖို႔ အလိုရွိခဲ့ေပမယ့္ ေမွ်ာ္လင့္ခ်က္ ေတြ ျပည့္ဝေအာင္ မလုပ္ေပးႏိုင္ခဲ့တာက အဆုံးသတ္ ျဖစ္ေစခဲ့တယ္လို႔ ဂယ္ရီနဗီးက ယုံၾကည္ေနပါတယ္။
ခ်ယ္ဆီးမွာ လမ္းပတ္ မရွိေတာ့တဲ့ေနာက္ နည္းျပသစ္ျဖစ္လာမယ့္ ေသာမတ္စ္တူခ်ယ္ လက္ေအာက္မွာ ပူလီဆစ္အေနနဲ႔ ရင္းႏွီးၿပီးသား ျဖစ္တာေၾကာင့္ သူ႔နည္းစနစ္ေတြနဲ႔ လြယ္လြယ္အသားက်ၿပီး ေျခစြမ္းျပႏိုင္ဖို႔ အေမရိကန္နည္းျပ ဘာဟယ္တာက ေမွ်ာ္လင့္ေနပါတယ္။
ယူႏိုက္တက္ဟာ ဆိုးရွားမွာ ဖိအားေတြ ရွိလာတဲ့အခါ သူ႔ကို အခ်ိန္ေပးခဲ့ၿပီး ေရရွည္စီမံကိန္းေတြနဲ႔ အခု ဇယားထိပ္ ေရာက္လာသလို ခ်ယ္ဆီးအေနနဲ႔ လမ္းပတ္ကို ၁၈လထက္ ပိုၿပီး အခ်ိန္ေပးဖို႔ လိုအပ္ခဲ့တယ္လို႔ မာတင္ကီယြန္က ေထာက္ျပခဲ့ပါတယ္။
