ဆိုးရှားဟာ ယူနိုက်တက် ကွင်းလယ်မှာ ဟန်ချက်ညီမှုကို ရှာဖွေပြီး ပေါ့ဘာရဲ့ အရည်အချင်းကို သော့ဖွင့်နိုင်ခဲ့သလို ၎င်းအနေနဲ့ ပုံစံကောင်းတွေကို ထိန်းသိမ်းနိုင်ရင် ကလပ်က ဒီရာသီ ပရီးမီးယားလိဂ်ဖလား ရနိုင်တယ်လို့ ဖာဒီနန်က ယုံကြည်နေပါတယ်။
ဖာနန်ဒက်စ်ဟာ လီဗာပူးနဲ့ပွဲမှာ ချန်လှပ်ခံခဲ့ရတဲ့နောက် ပွဲပန်းနေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို တုံ့ပြန်ခဲ့ပြီး ၂၆နှစ်အရွယ်မှာ ပင်ပန်းနေလို့ မရဘူးလို့ ဆိုခဲ့သလို အခုချိန် ပင်ပန်းနေရင် အသက် ၃၀လောက်ဆို ကစားနိုင်တော့မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

၂၀၁၇ နွေရာသီတုန်းက ယူနိုက်တက်နည်းပြဖြစ်တဲ့ မော်ရင်ညိုဟာ ဆောက်သမ်တန်က ဗန်ဒိုက်ကို ခေါ်ယူဖို့ ချိတ်ဆက်မှု ရှိခဲ့ပေမယ့်လည်း နောက်ဆုံးမှာ သူ့အစား လင်ဒီလော့ဖ်ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ အသင်းဖော်ဟောင်း ချာလီအော်စတင်က ပြောပြလာပါတယ်။
Football Money League 2021 ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာ့အချမ်းသာဆုံးကလပ် စာရင်းမှာ ထုံးစံအတိုင်း ဘာစီလိုနာနဲ့ ရီးရဲလ် မက်ဒရစ်တို့က ထိပ်ဆုံးမှာရှိနေပေမယ့် ယူနိုက်တက်ဟာ အဆင့် ၄ နေရာကို ကျဆင်းသွားခဲ့ပြီး သူတို့ကို ဘိုင်ယန်မြူးနစ်က ကျော်ဖြတ် သွားခဲ့တာပါ။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ဖလားအတွက် အရေးကြီးတဲ့ ဒုတိယရာသီဝက်ကို ရောက်နေပြီဖြစ်သလို ဆိုးရှားဟာ ဗန်ဒီဘိခ်ရဲ့ ကစားချိန် ကင်းမဲ့နေတာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး ကစားချိန်ပေးဖို့ အာမခံခဲ့တာကြောင့် မကြာခင် အခွင့်အရေးတွေပိုရလာဖို့ ရှိပါတယ်။
ခံစစ်ကို အားဖြည့်လိုနေတဲ့ ဆိုးရှားဟာ အူပါမီကာနိုကို ခေါ်ယူဖို့ အလိုရှိခဲ့ပေမယ့် သူနဲ့ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်က လိုက်ပ်ဇစ်နဲ့ ဆွေးနွေးမှု လုပ်ခဲ့သလို ချယ်ဆီးကလဲ ၎င်းကို ဆက်သွယ်ချဉ်းကပ်ခဲ့တာကြောင့် ဒီတစ်ကြိမ်မှာ ယူနိုက်တက်တို့ လက်လွှတ်ရဖို့ ရှိနေပါတယ်။

Zawgyi – ဆိုးရွားဟာ ယူႏိုက္တက္ ကြင္းလယ္မွာ ဟန္ခ်က္ညီမႈကို ရွာေဖြၿပီး ေပါ့ဘာရဲ႕ အရည္အခ်င္းကို ေသာ့ဖြင့္ႏိုင္ခဲ့သလို ၎အေနနဲ႔ ပုံစံေကာင္းေတြကို ထိန္းသိမ္းႏိုင္ရင္ ကလပ္က ဒီရာသီ ပရီးမီးယားလိဂ္ဖလား ရႏိုင္တယ္လို႔ ဖာဒီနန္က ယုံၾကည္ေနပါတယ္။
ဖာနန္ဒက္စ္ဟာ လီဗာပူးနဲ႔ပြဲမွာ ခ်န္လွပ္ခံခဲ့ရတဲ့ေနာက္ ပြဲပန္းေနတယ္ဆိုတဲ့ ေျပာဆိုမႈေတြကို တုံ႔ျပန္ခဲ့ၿပီး ၂၆ႏွစ္အ႐ြယ္မွာ ပင္ပန္းေနလို႔ မရဘူးလို႔ ဆိုခဲ့သလို အခုခ်ိန္ ပင္ပန္းေနရင္ အသက္ ၃၀ေလာက္ဆို ကစားႏိုင္ေတာ့မွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
၂၀၁၇ ေႏြရာသီတုန္းက ယူႏိုက္တက္နည္းျပျဖစ္တဲ့ ေမာ္ရင္ညိဳဟာ ေဆာက္သမ္တန္က ဗန္ဒိုက္ကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈ ရွိခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာ သူ႔အစား လင္ဒီေလာ့ဖ္ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ အသင္းေဖာ္ေဟာင္း ခ်ာလီေအာ္စတင္က ေျပာျပလာပါတယ္။
Football Money League 2021 ရဲ႕ ထုတ္ျပန္ခ်က္အရ ကမာၻ႔အခ်မ္းသာဆုံးကလပ္ စာရင္းမွာ ထုံးစံအတိုင္း ဘာစီလိုနာနဲ႔ ရီးရဲလ္ မက္ဒရစ္တို႔က ထိပ္ဆုံးမွာရွိေနေပမယ့္ ယူႏိုက္တက္ဟာ အဆင့္ ၄ ေနရာကို က်ဆင္းသြားခဲ့ၿပီး သူတို႔ကို ဘိုင္ယန္ျမဴးနစ္က ေက်ာ္ျဖတ္ သြားခဲ့တာပါ။
ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္ဖလားအတြက္ အေရးႀကီးတဲ့ ဒုတိယရာသီဝက္ကို ေရာက္ေနၿပီျဖစ္သလို ဆိုးရွားဟာ ဗန္ဒီဘိခ္ရဲ႕ ကစားခ်ိန္ ကင္းမဲ့ေနတာနဲ႔ ပတ္သက္လို႔ ေဆြးေႏြးခဲ့ၿပီး ကစားခ်ိန္ေပးဖို႔ အာမခံခဲ့တာေၾကာင့္ မၾကာခင္ အခြင့္အေရးေတြပိုရလာဖို႔ ရွိပါတယ္။
ခံစစ္ကို အားျဖည့္လိုေနတဲ့ ဆိုးရွားဟာ အူပါမီကာႏိုကို ေခၚယူဖို႔ အလိုရွိခဲ့ေပမယ့္ သူနဲ႔ပတ္သက္ၿပီး ဘိုင္ယန္ျမဴးနစ္က လိုက္ပ္ဇစ္နဲ႔ ေဆြးေႏြးမႈ လုပ္ခဲ့သလို ခ်ယ္ဆီးကလဲ ၎ကို ဆက္သြယ္ခ်ဥ္းကပ္ခဲ့တာေၾကာင့္ ဒီတစ္ႀကိမ္မွာ ယူႏိုက္တက္တို႔ လက္လႊတ္ရဖို႔ ရွိေနပါတယ္။
