ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (26/01/21)

တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ဒီတစ်ပတ် ရှက်ဖီးနဲ့ ပရီးမီးယားလိဂ် ပွဲ ပါဝင် ကစားဖို့ပါ ကြံ့ခိုင်မှု ကောင်းနေပြီ ဖြစ်ကြောင်း နည်းပြ ဆိုးရှားက သတင်းပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ အမှတ်ပေးဖလား ချန်ပီယံ ဖြစ်ရင် ပေါ့ဘာကလည်း အသင်းပြောင်းချင်မှာ မဟုတ်ဘဲ ယူနိုက်တက် ဂန္တဝင် ဆိုတဲ့ ဂုဏ်ပုဒ်အတွက် ဆက်နေသွားလောက်တယ်လို့ ဖာဒီနန်က ဆိုပါတယ်။

အဲရစ်ဘိုင်လီက ယူနိုက်တက် ဗဟိုခံစစ်မှာ ပုံမှန် ပွဲထွက် နေရာယူထားတဲ့ မက်ဂွဲရား ရဲ့ အနေအထားကို ခြိမ်းခြောက်လာနေပြီလို့ ဝက်စ် ဘရောင်းက သုံးသပ်သွားပါတယ်။

ယူနိုက်တက် ပစ်မှတ်ထားနေတဲ့ တိုက်စစ်သမား ဆန်ချို ဟာ လာမယ့်နွေရာသီမှာ လက်ရှိကလပ် ဒေါ့မွန် အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ဂိုး သမား ဒီဂီယာ က အသင်းမှာ ဦးဆောင်နိုင်သူ ခေါင်းဆောင် တစ်ဦး အဖြစ် စွမ်းဆောင် ပြနိုင်ဖို့ ကြိုးစားနေကြောင်း ဝန်ခံခဲ့ပြီး လူငယ် ကစားသမားတွေ အတွက် စံနမူနာ ဖြစ်လိုကြောင်း ပြောဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်းဟာ ယူနိုက်တက်ရဲ့ အပယ်ခံ တိုက်စစ်ကစားသမား ဂျက်ဆီလင်ဂတ်ကို ရာသီကုန်အထိ အငှားခေါ်ယူဖို့ စိတ်အား ထက်သန် နေသလို ယူနိုက်တက်ကလဲ သူ့ကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်မလွှတ်ရဖို့အတွက် ၂၀၂၂အထိ တစ်နှစ်စာချုပ် သက်တမ်း တိုးချင်နေပါတယ်။

Zawgyi – တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ဟာ ဒီတစ္ပတ္ ရွက္ဖီးနဲ႕ ပရီးမီးယားလိဂ္ ပြဲ ပါ၀င္ ကစားဖို႔ပါ ၾကံ႕ခိုင္မႈ ေကာင္းေနျပီ ျဖစ္ေၾကာင္း နည္းျပ ဆိုးရွားက သတင္းေပးခဲ့ပါတယ္။

ယူနိုက္တက္ဟာ အမွတ္ေပးဖလား ခ်န္ပီယံ ျဖစ္ရင္ ေပါ့ဘာကလည္း အသငး္ေျပာင္းခ်င္မွာ မဟုတ္ဘဲ ယူနိုက္တက္ ဂႏၱ၀င္ ဆိုတဲ့ ဂုဏ္ပုဒ္အတြက္ ဆက္ေနသြားေလာက္တယ္လို႔ ဖာဒီနန္က ဆိုပါတယ္။

အဲရစ္ဘိုင္လီက ယူနိုက္တက္ ဗဟိုခံစစ္မွာ ပံုမွန္ ပြဲထြက္ ေနရာယူထားတဲ့ မက္ဂြဲရား ရဲ႕ အေနအထားကို ျခိမ္းေျခာက္လာေနျပီလုိ႔ ၀က္စ္ ဘေရာင္းက သံုးသပ္သြားပါတယ္။

ယူနိုက္တက္ ပစ္မွတ္ထားေနတဲ့ တိုက္စစ္သမား ဆန္ခ်ိဳ ဟာ လာမယ့္ေႏြရာသီမွာ လက္ရွိကလပ္ ေဒါ့မြန္ အသင္းကေန ထြက္ခြာေတာ့မယ္လို႔ သတင္းထြက္ေပၚေနပါတယ္။

ဂိုး သမား ဒီဂီယာ က အသင္းမွာ ဦးေဆာင္နုိင္သူ ေခါင္းေဆာင္ တစ္ဦး အျဖစ္ စြမ္းေဆာင္ ျပနိုင္ဖို႔ ၾကိဳးစားေနေၾကာင္း ၀န္ခံခဲ့ျပီး လူငယ္ ကစားသမားေတြ အတြက္ စံနမူနာ ျဖစ္လိုေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဝက္စ္ဟမ္းဟာ ယူႏိုက္တက္ရဲ႕ အပယ္ခံ တိုက္စစ္ကစားသမား ဂ်က္ဆီလင္ဂတ္ကို ရာသီကုန္အထိ အငွားေခၚယူဖို႔ စိတ္အား ထက္သန္ ေနသလို ယူႏိုက္တက္ကလဲ သူ႔ကို ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ လက္မလႊတ္ရဖို႔အတြက္ ၂၀၂၂အထိ တစ္ႏွစ္စာခ်ဳပ္ သက္တမ္း တိုးခ်င္ေနပါတယ္။