ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ(27/01/21)

အာဆင်နယ် အသင်းဟာ ညက စိန့်မေရီမှာ သွားရောက် ကစားတဲ့ ပရီးမီးယားလိဂ်ပွဲမှာတော့ ဆောက်သမ်တန် အသင်းကို ၃ဂိုး ၁ဂိုးနဲ့ အနိုင်ယူကာ သုံးမှတ်ပြည့် ယူနိုင်ခဲ့ပါတယ်။ အာဆင်နယ် အတွက် ဂိုးတွေကို ပီပီ၊ ဆာကာနဲ့ လာကာဇက်တို့က သွင်းယူပေးခဲ့ပါတယ်။

ဝေဖန်မှုတွေ ခံထားရတဲ့ အာဆင်နယ်ရဲ့ အိုင်ဗရီကို့စ်သား တိုက်စစ်မှူး ပီပီဟာ ပွဲအစ ၈ မိနစ်မှာတင် အဖွင့်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပြီး နည်းပြ အာတီတာက ပီပီဟာ သူနဲ့ ထိုက်တန်တဲ့ အခွင့်အရေး ရခဲ့တာ ဖြစ်တယ်လို့ ပွဲ အပြီးမှာ ချီးကျူးခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ဘောက်ဆင်ဒေးက စလို့ ရမှတ် အများဆုံးနဲ့ ပေးဂိုး အနည်းဆုံး အသင်းတွေထဲမှာ အာဆင်နယ် ပါဝင်နေပြီး ၎င်းတို့ထက် မှတ်တမ်း ပိုကောင်းတာ ဆိုလို့ ရှေ့မှာ မန်စီးတီး အသင်းသာ ရှိပါတယ်။

အာဆင်နယ် လူငယ် တိုက်စစ်သမားလေး ဆာကာဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ် အတွက် နှစ်ပွဲဆက် ဂိုးသွင်းယူတဲ့ ပထမဆုံး ဆယ်ကျော်သက် အဖြစ် ၂၀၀၀ ပြည့်နှစ်က အက်ရှ်လေကိုးလ် နောက်ပိုင်း မရှိသေးတဲ့ စံချိန်ကို ရယူသွားပါတယ်။

အာဆင်နယ်ဟာ နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ၆ ပွဲမှာ ၅ ပွဲ ထိ အနိုင်ရထားပြီး အမှတ်ပေးဇယားမှာလည်း အဆင့် ၈ နေရာသို့ ရောက်လာပါတယ်။

စိန့်တွေကို အနိုင်ယူလိုက်တဲ့ ပွဲရလဒ်ဟာ မိသားစု ကိစ္စတွေကြောင့် အသင်းနဲ့ ပါဝင် မကစားနိုင်တဲ့ တိုက်စစ်မှူး အူဘာမီးယန်း အတွက်လည်း ရည်ရွယ်ကြောင်း အာတီတာက ဆိုခဲ့ကာ အူဘာက ခက်ခဲတဲ့ အခြေအနေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

Zawgyi – အာဆင္နယ္ အသင္းဟာ ညက စိန္႔ေမရီမွာ သြားေရာက္ ကစားတဲ့ ပရီးမီးယားလိဂ္ပြဲမွာေတာ့ ေဆာက္သမ္တန္ အသင္းကို ၃ဂိုး ၁ဂိုးနဲ႕ အနုိင္ယူကာ သံုးမွတ္ျပည့္ ယူနိုင္ခဲ့ပါတယ္။ အာဆင္နယ္ အတြက္ ဂိုးေတြကို ပီပီ၊ ဆာကာနဲ႕ လာကာဇက္တို႔က သြင္းယူေပးခဲ့ပါတယ္။

ေ၀ဖန္မႈေတြ ခံထားရတဲ့ အာဆင္နယ္ရဲ႕ အိုင္ဗရီကို႔စ္သား တိုက္စစ္မွဴး ပီပီဟာ ပြဲအစ ၈ မိနစ္မွာတင္ အဖြင့္ဂိုး သြင္းယူေပးခဲ့တာ ျဖစ္ျပီး နည္းျပ အာတီတာက ပီပီဟာ သူနဲ႕ ထိုက္တန္တဲ့ အခြင့္အေရး ရခဲ့တာ ျဖစ္တယ္လို႔ ပြဲ အျပီးမွာ ခ်ီးက်ဴးခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ ေဘာက္ဆင္ေဒးက စလို႔ ရမွတ္ အမ်ားဆံုးနဲ႕ ေပးဂိုး အနည္းဆံုး အသင္းေတြထဲမွာ အာဆင္နယ္ ပါ၀င္ေနျပီး ၄င္းတို႔ထက္ မွတ္တမ္း ပိုေကာင္းတာ ဆိုလို႔ ေရွ႕မွာ မန္စီးတီး အသင္းသာ ရွိပါတယ္။

အာဆင္နယ္ လူငယ္ တိုက္စစ္သမားေလး ဆာကာဟာ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ အတြက္ နွစ္ပြဲဆက္ ဂိုးသြင္းယူတဲ့ ပထမဆံုး ဆယ္ေက်ာ္သက္ အျဖစ္ ၂၀၀၀ ျပည့္နွစ္က အက္ရွ္ေလကိုးလ္ ေနာက္ပိုင္း မရွိေသးတဲ့ စံခ်ိန္ကို ရယူသြားပါတယ္။

အာဆင္နယ္ဟာ ေနာက္ဆံုး ကစားထားတဲ့ ပရီးမီးယားလိဂ္ ၆ ပြဲမွာ ၅ ပြဲ ထိ အနိုင္ရထားျပီး အမွတ္ေပးဇယားမွာလည္း အဆင့္ ၈ ေနရာသို႔ ေရာက္လာပါတယ္။

စိန္႔ေတြကို အနုိင္ယူလိုက္တဲ့ ပြဲရလဒ္ဟာ မိသားစု ကိစၥေတြေၾကာင့္ အသင္းနဲ႕ ပါ၀င္ မကစားနုိင္တဲ့ တိုက္စစ္မွဴး အူဘာမီးယန္း အတြက္လညး္ ရည္ရြယ္ေၾကာင္း အာတီတာက ဆိုခဲ့ကာ အူဘာက ခက္ခဲတဲ့ အေျခအေန ရင္ဆုိင္ေနရတယ္လို႔ ဆိုပါတယ္။