အဖိုးတန် အခွင့်အရေးကို လက်မလွတ်ဖို့ တိုက်တွန်းပြီး ကစားသမားသစ် ကိစ္စပါ အဖြေပေးတဲ့ ဆိုးရှား

ယူနိုက်တက်မန်နေဂျာ ဆိုးရှားက အသင်းက လူငယ် တိုက်စစ်သမားတွေကို ဝါရင့် တိုက်စစ်သမားကြီး ကာဗာနီထံက သင်ယူမှုတွေ လုပ်ကြဖို့ တိုက်တွန်း သတိပေးမှု ပြုလုပ်သွားပါတယ်။

ယူနိုက်တက်မှာ ဂရင်းဝုဒ်၊ ရက်ဖိုဒ့်တို့လို အဓိက တိုက်စစ်သမားတွေက ငယ်ရွယ်သေးသူတွေဖြစ်သလို အသက်အကြီးဆုံးဖြစ်တဲ့ မာရှယ်တောင်မှ လူငယ်ကစားသမားလို့ ဆိုနိုင်သေးသူဖြစ်ပါတယ်။ သူတို့တွေဟာ တိုက်စစ်မှာ ကာဗာနီ ဘယ်လို ကစားနေလဲဆိုတာကို သင်ယူနိုင်ကြဖို့ ဆိုးရှားက မျှော်လင့်နေတယ်။

” ရက်ဖို့ဒ်၊ ဒန်နီရယ်ဂျိမ်းစ်၊ မာရှယ်၊ ဂရင်းဝုဒ် ဘယ်သူဖြစ်ဖြစ် သူတို့အားလုံးက ကာဗာနီထံကနေ သင်ယူလေ့လာနိုင်ခဲ့တယ်။ ပိုပြီး နှိမ့်ချသင်ယူတတ်လေ၊ နားထောင်ချင်စိတ်ရှိလေလေ အခက်အခဲတွေကို ပိုကောင်းကောင်း ကျော်ဖြတ်နိုင်လေလေပါ။

ကာဗာနီက သူ့ကစားသမားဘဝ တစ်လျှောက်လုံး ဂိုးသွင်းဖို့ ဒါမှမဟုတ် ဘောလုံးပြန်လိုက်လုဖို့ နေရာအစုံမှာ ရှိခဲ့ဖူးပါတယ်။ လူငယ်ကစားသမားတွေအတွက် သူ့ဆီကနေ သင်ယူရမယ့်အရာတွေ အများကြီးပါ ” လို့ ဆိုးရှားက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကာဗာနီဟာ နွေအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီးတော့ ဆောင်းရာသီ အပြောင်းအရွှေ့ ပိတ်သိမ်းဖို့ တစ်ပတ်သာ လိုတော့တာနဲ့အတူ ဆိုးရှားက သူ့အသင်းကနေ ထွက်ခွာမှု အနည်းငယ်ကို မျှော်လင့်နေပေမယ့် အဝင်ကစားသမားသစ်တွေတော့ မရှိဘူးလို့ ဆိုပါတယ်။

“ကျွန်တော်တို့ ကစားသမားသစ် ထပ်ခေါ်ရင် အံ့အားသင့်မိမှာပါ။ အသင်းက တောင့်တင်းနေပါတယ်။ အရည်အသွေး အပြည့်ပါပဲ။ ကျွန်တော် တခါတလေကျရင်တော့ ကစားသမားတချို့ကို ချန်လှပ်ထားဖို့ လိုအပ်နေတုန်းပါ။ ထွက်ခွာမယ့်သူတချို့ ကလွဲရင် နောက်ထပ် ဘာကစားသမားမှ အသစ်ရောက်လာဖို့ မရှိပါဘူး”လို့ ဆိုးရှားက ပြောကြားခဲ့တာဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက အသင္းက လူငယ္ တိုက္စစ္သမားေတြကို ဝါရင့္ တိုက္စစ္သမားၾကီး ကာဗာနီထံက သင္ယူမႈေတြ လုပ္ၾကဖို႔ တိုက္တြန္း သတိေပးမႈ ျပဳလုပ္သြားပါတယ္။

ယူႏုိက္တက္မွာ ဂရင္းဝုဒ္၊ ရက္ဖိုဒ့္တို႔လို အဓိက တိုက္စစ္သမားေတြက ငယ္ရြယ္ေသးသူေတြျဖစ္သလို အသက္အၾကီးဆံုးျဖစ္တဲ့ မာရွယ္ေတာင္မွ လူငယ္ကစားသမားလို႔ ဆိုႏုိင္ေသးသူျဖစ္ပါတယ္။ သူတို႔ေတြဟာ တိုက္စစ္မွာ ကာဗာနီ ဘယ္လို ကစားေနလဲဆိုတာကို သင္ယူႏုိင္ၾကဖို႔ ဆိုးရွားက ေမွ်ာ္လင့္ေနတယ္။

” ရက္ဖို႔ဒ္၊ ဒန္နီရယ္ဂ်ိမ္းစ္၊ မာရွယ္၊ ဂရင္းဝုဒ္ ဘယ္သူျဖစ္ျဖစ္ သူတို႔အားလုံးက ကာဗာနီထံကေန သင္ယူေလ့လာႏိုင္ခဲ့တယ္။ ပိုၿပီး ႏွိမ့္ခ်သင္ယူတတ္ေလ၊ နားေထာင္ခ်င္စိတ္ရွိေလေလ အခက္အခဲေတြကို ပိုေကာင္းေကာင္း ေက်ာ္ျဖတ္ႏိုင္ေလေလပါ။

ကာဗာနီက သူ႔ကစားသမားဘဝ တစ္ေလွ်ာက္လုံး ဂိုးသြင္းဖို႔ ဒါမွမဟုတ္ ေဘာလုံးျပန္လိုက္လုဖို႔ ေနရာအစုံမွာ ရွိခဲ့ဖူးပါတယ္။ လူငယ္ကစားသမားေတြအတြက္ သူ႔ဆီကေန သင္ယူရမယ့္အရာေတြ အမ်ားႀကီးပါ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ကာဗာနီဟာ ေႏြအေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ ေရာက္ရွိလာခဲ့တာျဖစ္ၿပီးေတာ့ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ ပိတ္သိမ္းဖို႔ တစ္ပတ္သာ လိုေတာ့တာနဲ႔အတူ ဆိုးရွားက သူ႔အသင္းကေန ထြက္ခြာမႈ အနည္းငယ္ကို ေမွ်ာ္လင့္ေနေပမယ့္ အဝင္ကစားသမားသစ္ေတြေတာ့ မရွိဘူးလို႔ ဆိုပါတယ္။

“ကြၽန္ေတာ္တို႔ ကစားသမားသစ္ ထပ္ေခၚရင္ အံ့အားသင့္မိမွာပါ။ အသင္းက ေတာင့္တင္းေနပါတယ္။ အရည္အေသြး အျပည့္ပါပဲ။ ကြၽန္ေတာ္ တခါတေလက်ရင္ေတာ့ ကစားသမားတခ်ိဳ႕ကို ခ်န္လွပ္ထားဖို႔ လိုအပ္ေနတုန္းပါ။ ထြက္ခြာမယ့္သူတခ်ိဳ႕ ကလြဲရင္ ေနာက္ထပ္ ဘာကစားသမားမွ အသစ္ေရာက္လာဖို႔ မရွိပါဘူး”လို႔ ဆိုးရွားက ေျပာၾကားခဲ့တာျဖစ္ပါတယ္။