ဝက်စ်ဟမ်းဟာ ယူနိုက်တက်ကနေ ဂျက်ဆီလင်ဂတ်ကို အငှားခေါ်ယူနိုင်ဖို့အတွက် ပြည်တွင်း အငှားလူစာရင်းမှာ သူ့ကို နေရာပေးဖို့ ဘရန့်ဖို့ဒ် ကနေ အငှားခေါ်ထားတဲ့ ဘန်ရာမာကို အပြီးသတ် ဝယ်ယူတော့မှာ ဖြစ်တယ်လို့သိရပါတယ်။
ယူနိုက်တက် တောင်ပံတိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်ဟာ ကလပ်အသင်းမှာ ပွဲကစားချိန် မရတာကြောင့် စိတ်ပျက်နေပြီး အငှား ထွက် ကစားချင်သော်လည်း ကလပ်အသင်းက ခွင့်ပြုဖို့ မရှိဘူး ဖြစ်နေတယ်လို့ ဂစ်က ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက်ဟာ တစိုက်မတ်မတ် ပစ်မှတ်ထား ကြိုးစားနေတဲ့ ဒေါ့မွန် ကြယ်ပွင့် ဆန်ချို ကို ခေါ်ယူလိုက်ရင်လည်း အသင်းမှာ ဗန်ဒီဘိခ်လို နောက်တစ်ယောက် ထပ်တိုး သွားတာပဲ ရှိမယ်လို့ ဘာဘာတော့ဗ်က သတိပေးလိုက်ပါတယ်။
လက်ရှိ ယူနိုက်တက် လူစာရင်းဟာ အရည်အချင်းကောင်းတွေ ပြည့်နေပြီ ဖြစ်တာကြောင့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဈေးကွက်ထဲ အသည်းအသန် လှုပ်ရှားစရာ မရှိကြောင်း ဆိုးရှားက ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဟော်ဖန်ဟိန်းအသင်းရဲ့ ပေါင် ၁၆ သန်းတန် ကွင်းလယ် ကစားသမား ခရစ်တော့ဖ် ဘမ်ဂါနာကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ အသက် ၂၁ နှစ် အရွယ် ကွင်းလယ်သမားဟာ လာမယ့်ကာလတွေမှာ ဈေးပိုတက်ဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ် ဂိမ်းတစ်ခု ဖြစ်တဲ့ ဖန်တက်စီမှာ ဝင်ရောက် ကစားသူ ၂.၇ သန်းက ဒီတစ်ပတ်မှာ ဘရူနို ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင် အဖြစ် ပေးအပ်ကာ ဂိမ်းမှတ်တမ်းမှာ စံချိန်သစ် တင်ခဲ့ပါတယ်။

Zawgyi – ဝက္စ္ဟမ္းဟာ ယူႏိုက္တက္ကေန ဂ်က္ဆီလင္ဂတ္ကို အငွားေခၚယူႏိုင္ဖို႔အတြက္ ျပည္တြင္း အငွားလူစာရင္းမွာ သူ႔ကို ေနရာေပးဖို႔ ဘရန္႔ဖို႔ဒ္ ကေန အငွားေခၚထားတဲ့ ဘန္ရာမာကို အၿပီးသတ္ ဝယ္ယူေတာ့မွာ ျဖစ္တယ္လို႔သိရပါတယ္။
ယူနိုက္တက္ ေတာင္ပံတိုက္စစ္သမား ဒန္နီရယ္ ဂ်ိမ္းစ္ဟာ ကလပ္အသင္းမွာ ပြဲကစားခ်ိန္ မရတာေၾကာင့္ စိတ္ပ်က္ေနျပီး အငွား ထြက္ ကစားခ်င္ေသာ္လည္း ကလပ္အသင္းက ခြင့္ျပဳဖို႔ မရွိဘူး ျဖစ္ေနတယ္လို႔ ဂစ္က ဖြင့္ဟခဲ့ပါတယ္။
ယူနိုက္တက္ဟာ တစိုက္မတ္မတ္ ပစ္မွတ္ထား ၾကိဳးစားေနတဲ့ ေဒါ့မြန္ ၾကယ္ပြင့္ ဆန္ခ်ိဳ ကို ေခၚယူလိုက္ရင္လည္း အသင္းမွာ ဗန္ဒီဘိခ္လို ေနာက္တစ္ေယာက္ ထပ္တိုး သြားတာပဲ ရွိမယ္လို႔ ဘာဘာေတာ့ဗ္က သတိေပးလိုက္ပါတယ္။
လက္ရွိ ယူနိုက္တက္ လူစာရင္းဟာ အရည္အခ်င္းေကာင္းေတြ ျပည့္ေနျပီ ျဖစ္တာေၾကာင့္ ဇန္န၀ါရီ အေျပာင္းအေရႊ႕မွာ ေစ်းကြက္ထဲ အသည္းအသန္ လႈပ္ရွားစရာ မရွိေၾကာင္း ဆိုးရွားက ဖြင့္ဟခဲ့ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ေဟာ္ဖန္ဟိန္းအသင္းရဲ႕ ေပါင္ ၁၆ သန္းတန္ ကြင္းလယ္ ကစားသမား ခရစ္ေတာ့ဖ္ ဘမ္ဂါနာကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနပါတယ္။ အသက္ ၂၁ နွစ္ အရြယ္ ကြင္းလယ္သမားဟာ လာမယ့္ကာလေတြမွာ ေစ်းပိုတက္ဖို႔ ရွိေနပါတယ္။
ပရီးမီးယားလိဂ္ ဂိမ္းတစ္ခု ျဖစ္တဲ့ ဖန္တက္စီမွာ ၀င္ေရာက္ ကစားသူ ၂.၇ သန္းက ဒီတစ္ပတ္မွာ ဘရူနို ဖာနန္ဒက္စ္ကို အသင္းေခါင္းေဆာင္ အျဖစ္ ေပးအပ္ကာ ဂိမ္းမွတ္တမ္းမွာ စံခ်ိန္သစ္ တင္ခဲ့ပါတယ္။
