ဘီလီဂေလ်မာဟာ ဝုလ်ဗ်နဲ့ပွဲရဲ့ လူစာရင်းမှ ချန်လှပ်ခံထားရတဲ့နောက် တူချယ်ရဲ့ အစီအစဉ်တွေမှာ ပါဝင်နိုင်ဖွယ် မရှိတာကြောင့် ၎င်းဟာ ယူရိုပြိုင်ပွဲမှာ စကော့တလန်အသင်းအတွက် ပါဝင်ခွင့်ရစေမယ့် ကစားချိန်ရဖို့ အငှားထွက် ကစားချင်နေပါတယ်။
ချယ်ဆီးဟာ လိဂ်တိုင်းက အသင်းတိုင်းကို နာကျင်စေနိုင်တဲ့ စွမ်းရည်မျိုးရှိတယ်လို့ တူချယ်က ယုံကြည်နေပေမယ့် ဖလားစိန်ခေါ်မှုနဲ့ ပတ်သက်လို့ လက်တွေ့ကျဖို့လိုပြီး ဒီရာသီမှာ ထိပ်ဆုံးလေးနေရာ အတွက်ပဲ မှန်းထားသင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဝုလ်ဗ်နဲ့ပွဲမှာ ချယ်ဆီးရဲ့အကောင်းဆုံး ကစားသမားဖြစ်ခဲ့တဲ့ အိုဒွိုင်းက သူတို့ဟာ ဒီပွဲကို အနိုင်မရခဲ့တဲ့ အတွက် စိတ်ပျက်နေပေမယ့် နည်းပြသစ် တူချယ် လက်အောက်မှာ အသင်းက တိုးတက်လာမယ်ဆိုတာ သေချာတယ်လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ ဝုလ်ဗ်နဲ့ ဂိုးမရှိသရေကျခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှု လွှမ်းမိုးထားခဲ့ပြီး ဒီရာသီ လိဂ်ပွဲတစ်ပွဲမှာ အမြင့်ဆုံးအဖြစ် စံချိန်တင် ပေးပို့မှု အကြိမ်ရေ ၈၂၀ အထိ ရရှိခဲ့သလို ၂၀၀၄နောက်ပိုင်း အများဆုံးအဖြစ် ပထမပိုင်းမှာပဲ ၄၃၃ကြိမ် ရှိခဲ့ပါတယ်။
ညကပွဲမှာ နိုင်ပွဲမရခဲ့ပေမယ့် ချယ်ဆီးမှာ အားနည်းချက်အများကြီးမရှိဘူးလို့ တူချယ်က မြင်နေပြီး သူ့အနေနဲ့ အတွေ့အကြုံရှိတဲ့သူတွေနဲ့ လူငယ်ကစားသမားတွေပေ ငေ်းစပ်ကာ ဘယ်သူမှ ရင်မဆိုင်ချင်တဲ့ အသင်းမျိုး တည်ဆောက်ဖို့ အာရုံစိုက်သွားမှာပါလို့ ဆိုပါတယ်။
ဝုလ်ဗ်နဲ့ပွဲမှာ ကန်တေ မပါဝင်ခဲ့ပေမယ့် တူချယ်ဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ သူနဲ့တွဲလုပ်ခွင့်ရတဲ့ အခွင့်အရေးအတွက် ကျေနပ်ပျော်ရွှင်နေပြီး သူဟာ လွန်ခဲ့တဲ့နှစ်တွေထဲက ပြင်သစ်ကွင်းလယ်လူကို သူ့အသင်းမှာ ရှိစေချင်ခဲ့တာပါလို့ ဝန်ခံခဲ့ပါတယ်။
ပူလီဆစ်ကို ပွဲထွက်ခွင့် မပေးခဲ့တာက သူ့အတွက် မမျှတတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ တူချယ်က ဝန်ခံခဲ့ပေမယ့် လူစားဝင်ကစားပြီး သူ ဘာလုပ်နိုင်တယ်ဆိုတာကို သိလို့ ပွဲထွက်စာရင်းကနေ ချန်လှပ်ခဲ့တာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။
ချယ်ဆီးရဲ့ ရလဒ်မကောင်းခဲ့ပေမယ့် တူချယ်ဟာ အသင်းရဲ့ စွမ်းဆောင်ရည်ကို ကျေနပ်နေခဲ့ပြီး သူတို့ဟာ ဒီပုံစံအတိုင်း ဆက်ကစားမယ်ဆိုရင် နောက်ပွဲတွေမှာ နိုင်ပွဲတွေ စတင်ရရှိလာလိလိမ့်မယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါတယ်။

Zawgyi – ဘီလီေဂလ္မာဟာ ဝုလ္ဗ္နဲ႔ပြဲရဲ႕ လူစာရင္းမွ ခ်န္လွပ္ခံထားရတဲ့ေနာက္ တူခ်ယ္ရဲ႕ အစီအစဥ္ေတြမွာ ပါဝင္ႏိုင္ဖြယ္ မရွိတာေၾကာင့္ ၎ဟာ ယူ႐ိုၿပိဳင္ပြဲမွာ စေကာ့တလန္အသင္းအတြက္ ပါဝင္ခြင့္ရေစမယ့္ ကစားခ်ိန္ရဖို႔ အငွားထြက္ ကစားခ်င္ေနပါတယ္။
ခ်ယ္ဆီးဟာ လိဂ္တိုင္းက အသင္းတိုင္းကို နာက်င္ေစႏိုင္တဲ့ စြမ္းရည္မ်ိဳးရွိတယ္လို႔ တူခ်ယ္က ယုံၾကည္ေနေပမယ့္ ဖလားစိန္ေခၚမႈနဲ႔ ပတ္သက္လို႔ လက္ေတြ႕က်ဖို႔လိုၿပီး ဒီရာသီမွာ ထိပ္ဆုံးေလးေနရာ အတြက္ပဲ မွန္းထားသင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ဝုလ္ဗ္နဲ႔ပြဲမွာ ခ်ယ္ဆီးရဲ႕အေကာင္းဆုံး ကစားသမားျဖစ္ခဲ့တဲ့ အိုဒြိဳင္းက သူတို႔ဟာ ဒီပြဲကို အႏိုင္မရခဲ့တဲ့ အတြက္ စိတ္ပ်က္ေနေပမယ့္ နည္းျပသစ္ တူခ်ယ္ လက္ေအာက္မွာ အသင္းက တိုးတက္လာမယ္ဆိုတာ ေသခ်ာတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ဝုလ္ဗ္နဲ႔ ဂိုးမရွိသေရက်ခဲ့ေပမယ့္ ေဘာလုံးပိုင္ဆိုင္မႈ လႊမ္းမိုးထားခဲ့ၿပီး ဒီရာသီ လိဂ္ပြဲတစ္ပြဲမွာ အျမင့္ဆုံးအျဖစ္ စံခ်ိန္တင္ ေပးပို႔မႈ အႀကိမ္ေရ ၈၂၀ အထိ ရရွိခဲ့သလို ၂၀၀၄ေနာက္ပိုင္း အမ်ားဆုံးအျဖစ္ ပထမပိုင္းမွာပဲ ၄၃၃ႀကိမ္ ရွိခဲ့ပါတယ္။
ညကပြဲမွာ ႏိုင္ပြဲမရခဲ့ေပမယ့္ ခ်ယ္ဆီးမွာ အားနည္းခ်က္အမ်ားႀကီးမရွိဘူးလို႔ တူခ်ယ္က ျမင္ေနၿပီး သူ႔အေနနဲ႔ အေတြ႕အႀကဳံရွိတဲ့သူေတြနဲ႔ လူငယ္ကစားသမားေတြေပ ေင္းစပ္ကာ ဘယ္သူမွ ရင္မဆိုင္ခ်င္တဲ့ အသင္းမ်ိဳး တည္ေဆာက္ဖို႔ အာ႐ုံစိုက္သြားမွာပါလို႔ ဆိုပါတယ္။
ဝုလ္ဗ္နဲ႔ပြဲမွာ ကန္ေတ မပါဝင္ခဲ့ေပမယ့္ တူခ်ယ္ဟာ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ သူနဲ႔တြဲလုပ္ခြင့္ရတဲ့ အခြင့္အေရးအတြက္ ေက်နပ္ေပ်ာ္႐ႊင္ေနၿပီး သူဟာ လြန္ခဲ့တဲ့ႏွစ္ေတြထဲက ျပင္သစ္ကြင္းလယ္လူကို သူ႔အသင္းမွာ ရွိေစခ်င္ခဲ့တာပါလို႔ ဝန္ခံခဲ့ပါတယ္။
ပူလီဆစ္ကို ပြဲထြက္ခြင့္ မေပးခဲ့တာက သူ႔အတြက္ မမွ်တတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္လို႔ တူခ်ယ္က ဝန္ခံခဲ့ေပမယ့္ လူစားဝင္ကစားၿပီး သူ ဘာလုပ္ႏိုင္တယ္ဆိုတာကို သိလို႔ ပြဲထြက္စာရင္းကေန ခ်န္လွပ္ခဲ့တာျဖစ္ေၾကာင္း ေျဖရွင္းခဲ့ပါတယ္။
ခ်ယ္ဆီးရဲ႕ ရလဒ္မေကာင္းခဲ့ေပမယ့္ တူခ်ယ္ဟာ အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ေက်နပ္ေနခဲ့ၿပီး သူတို႔ဟာ ဒီပုံစံအတိုင္း ဆက္ကစားမယ္ဆိုရင္ ေနာက္ပြဲေတြမွာ ႏိုင္ပြဲေတြ စတင္ရရွိလာလိလိမ့္မယ္လို႔ ပရိသတ္ေတြကို ကတိေပးခဲ့ပါတယ္။
