ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (28/01/21)

ရှက်ဖီးကို အိမ်ကွင်းမှာ အရေးနိမ့်တဲ့ ပွဲ အပြီးမှာ ယူနိုက်တက် ကြယ်ပွင့်တွေ ဖြစ်တဲ့ မာရှယ်နဲ့ တူရမ်ဇီဘီတို့ဟာ လူမှုကွန်ယက်တွေမှာ လူမျိုးရေး ခွဲခြား တိုက်ခိုက်ပြောဆိုမှုတွေ ခံယူနေရပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး မာရှယ် ဟာ အသင်းထံ ဇာလက်တန် ရောက်လာပြီး သူ့ ကျောနံပါတ် ၉ ကို လွှဲပေးလိုက်ရတည်းက ခြေပျက်သွားခဲ့ကာ ကစားသမားဘ၀ လမ်းကြောင်း ထိခိုက်ခဲ့တာ ဖြစ်တယ်လို့ ရွိုင်ကိန်းက သုံးသပ် ပြောဆိုခဲ့ပါတယ်။

ရှက်ဖီးကို အံ့အားသင့်ဖွယ် ရှုံးလိုက်တဲ့ ပွဲမှာ ယူနိုက်တက်က အသင်းရဲ့ မှော် အစွမ်းတွေ ပျောက်ဆုံးသလို ဖြစ်နေခဲ့တယ်လို့ နည်းပြ ဆိုးရှားက ဆိုပါတယ်။

အက်သက်တီကိုရောက် ထရစ်ပီယာနဲ့ နောဝစ်ချ်ရဲ့ မက်စ် အေရွန်တို့ဟာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမား စာရင်းထဲ ပါဝင်နေတယ် ဖြစ်တယ်လို့ Forbes သတင်းဌာနက ဖော်ထုတ်ထားပါတယ်။

ယူနိုက်တက်ဟာ နိုင်ပွဲ ယူဖို့ လုံလောက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်မျိုး ထုတ်မပြနိုင်ခဲ့ဘူးလို့ အသင်းခေါင်းဆောင် မက်ဂွဲရားက ဆိုခဲ့ပြီး အရှုံးကနေ ပြန် ရုန်းထ ရပ်နိုင်ရမယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ အရင်လို ခြေစွမ်းကောင်း မပြနိုင်ချိန်မှာ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ကတော့ ကွင်းထဲမှာ မြင်တောင် မမြင်ခဲ့ရဘဲ ဘာကိုမှ မဖန်တီးနိုင်၊ မစွမ်းဆောင်နိုင်ခဲ့သလို ဖလားရဖို့က လွယ်ကူမှာ မဟုတ်ဘူးလို့ ဖာဒီနန်က သတိပေးခဲ့ပါတယ်။

Zawgyi – ရွက္ဖီးကို အိမ္ကြင္းမွာ အေရးနိမ့္တဲ့ ပြဲ အျပီးမွာ ယူနိုက္တက္ ၾကယ္ပြင့္ေတြ ျဖစ္တဲ့ မာရွယ္နဲ႕ တူရမ္ဇီဘီတို႔ဟာ လူမႈ ကြန္ယက္ေတြမွာ လူမ်ိဳးေရး ခြဲျခား တိုက္ခိုက္ေျပာဆိုမႈေတြ ခံယူေနရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္မွဴး မာရွယ္ ဟာ အသင္းထံ ဇာလက္တန္ ေရာက္လာျပီး သူ႔ ေက်ာနံပါတ္ ၉ ကို လႊဲေပးလိုက္ရတည္းက ေျခပ်က္သြားခဲ့ကာ ကစားသမားဘ၀ လမ္းေၾကာင္း ထိခိုက္ခဲ့တာ ျဖစ္တယ္လို႔ ရြိဳင္ကိန္းက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ရွက္ဖီးကို အံ့အားသင့္ဖြယ္ ရွံဳးလိုက္တဲ့ ပြဲမွာ ယူနိုက္တက္က အသင္းရဲ႕ ေမွာ္ အစြမ္းေတြ ေပ်ာက္ဆံုးသလို ျဖစ္ေနခဲ့တယ္လို႔ နည္းျပ ဆိုးရွားက ဆိုပါတယ္။

အက္သက္တီကိုေရာက္ ထရစ္ပီယာနဲ႕ ေနာ၀စ္ခ်္ရဲ႕ မက္စ္ ေအရြန္တို႔ဟာ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ပစ္မွတ္ ကစားသမား စာရင္းထဲ ပါ၀င္ေနတယ္ ျဖစ္တယ္လို႔ Forbes သတင္းဌာနက ေဖာ္ထုတ္ထားပါတယ္။

ယူနိုက္တက္ဟာ နိုင္ပြဲ ယူဖို႕ လံုေလာက္ ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္မ်ိဳး ထုတ္မျပနိုင္ခဲ့ဘူးလို႔ အသင္းေခါင္းေဆာင္ မက္ဂြဲရားက ဆိုိခဲ့ျပီး အရွံဳးကေန ျပန္ ရုန္းထ ရပ္နုိင္ရမယ္လို႔လည္း တိုက္တြန္းခဲ့ပါတယ္။

ဖာနန္ဒက္စ္နဲ႔ ေပါ့ဘာတို႔ အရင္လို ေျခစြမ္းေကာင္း မျပႏိုင္ခ်ိန္မွာ ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ကေတာ့ ကြင္းထဲမွာ ျမင္ေတာင္ မျမင္ခဲ့ရဘဲ ဘာကိုမွ မဖန္တီးႏိုင္၊ မစြမ္းေဆာင္ႏိုင္ခဲ့သလို ဖလားရဖို႔က လြယ္ကူမွာ မဟုတ္ဘူးလို႔ ဖာဒီနန္က သတိေပးခဲ့ပါတယ္။