ဖာကန်ဒို ပယ်လစ္စထရီဟာ ယူနိုက်တက်ကို ရောက်လာပြီးနောက်ပိုင်း အသင်းကြီးနဲ့ ပွဲဦးထွက်ခွင့် မရရှိသေးသလို ကလပ်ဟာ သူ့ကို လက်ကျန်ရာသီ အတွက် အငှားချထားဖို့ စဉ်းစားနေပြီး လာလီဂါကလပ် အလာဗက်စ်နဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။
အဲရစ်ဘိုင်လေဟာ ရှက်ဖီးနဲ့ပွဲမှာ ပါဝင်ဖို့ စီစဉ်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာ ရခဲ့တာကြောင့် တွမ်ဇီဘီက သူ့အစား ဝင်ကစားခဲ့ရသလို အာဆင်နယ်နဲ့ ပွဲမှာလဲ ယူနိုက်တက်ဟာ လင်ဒီလော့ဖ်နဲ့ ဘိုင်လေတို့ မပါဘဲ ကစားရနိုင်တယ်လို့ ဆိုးရှားက အတည်ပြုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့မှာ ဂါဘရီရယ် မက်ဂါးလက်စ်အတွက် ပမာဏ ပိုများပြားတဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပေမယ့် နောက်ခံလူဟာ အာတီတာရဲ့ စီမံကိန်းကို ပိုသဘောကျတာကြောင့် အာဆင်နယ်ကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ညက ပွဲမှာ လီဗာပူးက မော်ရင်ညိုရဲ့ စပါးကို အဝေးကွင်းမှာ အနိုင်ရပြီးတဲ့နောက် ပီတာခရော့ချ်က လီဗာပူးဟာ ချန်ပီယံလမ်းကြောင်းမှာ ရှိသေးသလို ရာသီကုန်ရင် မန်ချက်စတာ ယူနိုက်တက် အထက်မှာ ရပ်တည်မယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။
ရှက်ဖီးက ၂-၁ နဲ့ အနိုင်ရခဲ့ပေမယ့် သူတို့ဂိုးသမားက ကြီးကြီးကျယ်ကျယ် ကာကွယ်မှုတွေ လုပ်ခဲ့ရတာမျိုးမရှိသလို ယူနိုက်တက်ရဲ့ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ ရက်ရှ်ဖို့ဒ်၊ မာရှယ်၊ ဂရင်းဝုဒ်၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့က ဘာမှဖန်တီးမှုမလုပ်နိုင်ခဲ့ဘူးလို့ အိုဝင် ဟားဂရေ့က ဝေဖန်ခဲ့ပါတယ်။
ယူနိုက်တက်ရဲ့ ၁၃ပွဲဆက် မရှုံးတဲ့မှတ်တမ်းက ရှက်ဖီးရှေ့မှာ အဆုံးသတ်ခဲ့သလို ကိုယ့်ဘာသာ ကျေနပ်အားရနေတဲ့ သရဲနီတွေရဲ့ ကံကောင်းမှုတွေက ကုန်ဆုံးသွားခဲ့ပြီး ဒီပွဲ မဟုတ်လည်း တချိန်ချိန်မှာ ကျရှုံးမှာပဲလို့ ပေါလ်ပါကာက ဝေဖန်ပြောဆိုခဲ့ပါတယ်။
ရှက်ဖီးနဲ့ပွဲမှာ မာရှယ်က လုံလောက်တဲ့ တိုက်စစ်ခြိမ်းခြောက်မှု မလုပ်နိုင်ခဲ့သလို ယူနိုက်တက်ဟာ ကာဗာနီရဲ့ လှုပ်ရှားပုံတွေနဲ့ အတွေ့အကြုံကို လိုအပ်နေခဲ့ပြီး မာရှယ်ထက် သူ့ကို ပွဲထွက်ခွင့် ပေးခဲ့သင့်တယ်လို့ အီယန်ရိုက်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ဖာကန္ဒို ပယ္လစၥထရီဟာ ယူႏိုက္တက္ကို ေရာက္လာၿပီးေနာက္ပိုင္း အသင္းႀကီးနဲ႔ ပြဲဦးထြက္ခြင့္ မရရွိေသးသလို ကလပ္ဟာ သူ႔ကို လက္က်န္ရာသီ အတြက္ အငွားခ်ထားဖို႔ စဥ္းစားေနၿပီး လာလီဂါကလပ္ အလာဗက္စ္နဲ႔ ေဆြးေႏြးမႈေတြ လုပ္ေနပါတယ္။
အဲရစ္ဘိုင္ေလဟာ ရွက္ဖီးနဲ႔ပြဲမွာ ပါဝင္ဖို႔ စီစဥ္ခဲ့ေပမယ့္ ထိခိုက္ဒဏ္ရာ ရခဲ့တာေၾကာင့္ တြမ္ဇီဘီက သူ႔အစား ဝင္ကစားခဲ့ရသလို အာဆင္နယ္နဲ႔ ပြဲမွာလဲ ယူႏိုက္တက္ဟာ လင္ဒီေလာ့ဖ္နဲ႔ ဘိုင္ေလတို႔ မပါဘဲ ကစားရႏိုင္တယ္လို႔ ဆိုးရွားက အတည္ျပဳခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ၿပီးခဲ့တဲ့ေႏြအေျပာင္းအေ႐ႊ႕မွာ ဂါဘရီရယ္ မက္ဂါးလက္စ္အတြက္ ပမာဏ ပိုမ်ားျပားတဲ့ ကမ္းလွမ္းမႈ လုပ္ခဲ့ေပမယ့္ ေနာက္ခံလူဟာ အာတီတာရဲ႕ စီမံကိန္းကို ပိုသေဘာက်တာေၾကာင့္ အာဆင္နယ္ကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။
ညက ပြဲမွာ လီဗာပူးက ေမာ္ရင္ညိဳရဲ႕ စပါးကို အေ၀းကြင္းမွာ အနိုင္ရျပီးတဲ့ေနာက္ ပီတာခေရာ့ခ်္က လီဗာပူးဟာ ခ်န္ပီယံလမ္းေၾကာင္းမွာ ရွိေသးသလို ရာသီကုန္ရင္ မန္ခ်က္စတာ ယူနိုက္တက္ အထက္မွာ ရပ္တည္မယ္လို႔ ေဟာကိန္း ထုတ္လိုက္ပါတယ္။
ရွက္ဖီးက ၂-၁ နဲ႔ အႏိုင္ရခဲ့ေပမယ့္ သူတို႔ဂိုးသမားက ႀကီးႀကီးက်ယ္က်ယ္ ကာကြယ္မႈေတြ လုပ္ခဲ့ရတာမ်ိဳးမရွိသလို ယူႏိုက္တက္ရဲ႕ တိုက္စစ္ ကစားသမားေတြျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္၊ မာရွယ္၊ ဂရင္းဝုဒ္၊ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔က ဘာမွဖန္တီးမႈမလုပ္ႏိုင္ခဲ့ဘူးလို႔ အိုဝင္ ဟားဂေရ႕က ေဝဖန္ခဲ့ပါတယ္။
ယူႏိုက္တက္ရဲ႕ ၁၃ပြဲဆက္ မရႈံးတဲ့မွတ္တမ္းက ရွက္ဖီးေရွ႕မွာ အဆုံးသတ္ခဲ့သလို ကိုယ့္ဘာသာ ေက်နပ္အားရေနတဲ့ သရဲနီေတြရဲ႕ ကံေကာင္းမႈေတြက ကုန္ဆုံးသြားခဲ့ၿပီး ဒီပြဲ မဟုတ္လည္း တခ်ိန္ခ်ိန္မွာ က်ရႈံးမွာပဲလို႔ ေပါလ္ပါကာက ေဝဖန္ေျပာဆိုခဲ့ပါတယ္။
ရွက္ဖီးနဲ႔ပြဲမွာ မာရွယ္က လုံေလာက္တဲ့ တိုက္စစ္ၿခိမ္းေျခာက္မႈ မလုပ္ႏိုင္ခဲ့သလို ယူႏိုက္တက္ဟာ ကာဗာနီရဲ႕ လႈပ္ရွားပုံေတြနဲ႔ အေတြ႕အႀကဳံကို လိုအပ္ေနခဲ့ၿပီး မာရွယ္ထက္ သူ႔ကို ပြဲထြက္ခြင့္ ေပးခဲ့သင့္တယ္လို႔ အီယန္႐ိုက္က ေျပာဆိုခဲ့ပါတယ္။
