ယနေ့ နောက်ဆုံးရ အာဆင်နယ်အသင်း သတင်းတိုများ (29/01/21)

မိတ်လန်နိုင်းစ်ဟာ ဒီနွေရာသီ ယူရိုပြိုင်ပွဲအတွက် အင်္ဂလန်အသင်းမှာ ပါဝင်ခွင့်ရဖို့ ကလပ်အဆင့်မှာ ပုံမှန်ကစားချိန် ပိုလိုချင်နေတာနဲ့အတူ အာဆင်နယ်ဟာ သူ့ကို အငှားချထားဖို့အတွက် ကလပ်များစွာနဲ့ ပြောဆိုဆွေးနွေးမှု လုပ်နေတယ်လို့သိရပါတယ်။

အာဆင်နယ်ဟာ အိုဒီဂတ်ကို အငှားခေါ်ယူခဲ့ပြီး စာချုပ်မှာ အပြီးသတ်ဝယ်ယူခွင့် မပါဝင်ပေမယ့် အာတီတာကတော့ ဆီဘယ်လော့လိုပဲ စာချုပ် ကုန်ရင်တောင် သူ့ကို အမ်းမရိတ်စ်မှာ ဆက်ခေါ်ထားနိုင်အောင် ကြိုးစားနိုင်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

သောမတ်စ်ပါတေးဟာ အာဆင်နယ်မှာ အထိုင်ကျလာခဲ့ပြီး သူ့ရဲ့အရည်အချင်းတွေကို ပြသခဲ့သလို သူဘောလုံးရရင် ဘေးကို မပေးဘဲ တိုက်စစ်ဆီသာ ပေးပို့တတ်တာက အသင်းအတွက် သွင်းဂိုးတွေ ပြန်ရရှိဖို့ အကူအညီ ဖြစ်စေခဲ့တယ်လို့ အီယန်ရိုက်က ချီးကျူးခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီအစမှာ မိတ်လန်နိုင်းစ်ရဲ့ပုံစံကောင်းတွေကြောင့် ဝုလ်ဗ်က စိတ်ဝင်စားနေတဲ့ကြားက သူ့ကို မရောင်းချဖို့ ဆုံးဖြတ် ခဲ့ပေမယ့် အခု ကစားချိန်ရဖို့ ဆက်ရုန်းကန်နေရတဲ့နောက် ဝုလ်ဗ်က သူ့ကို ခေါ်ယူဖို့ တစ်ဖန်ပြန်ကြိုးစားလာဦးမှာပါ။

အားကစားဒါရိုက်တာအီဒူဟာ ဘာမှမသိပဲ အေးဂျင့်တွေကိုသာအားကိုးတတ်သလို ဝီလီယံကို ဈေးကြီးပေးခေါ်ခဲ့တာက မှားယွင်းခဲ့ပြီး ဆာကာ၊ စမစ်ရိုဝီ စတဲ့ လူငယ်ကစားသမားတွေကို နေရာပေးသင့်တယ်လို့ တိုနီအဒမ်က ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ရာသီကုန်မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အဲရစ်ဂါစီယာကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပြီး အာတီတာနဲ့ သူ့ရဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် အပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့ အခြေအနေ ကောင်းနေပါတယ်။

နောက်ခံလူ ရော့ဘ်ဟိုးဒင်းဟာ ဆက်ပြီးတော့ ခြေစွမ်းပြကစားပြီး အာတီတာရဲ့ အသင်းကို ဆုဖလား ရရှိအောင် တွန်းအားပေးနိုင်ရင် အနာဂတ်မှာ ဂန်းနားတွေရဲ့ အသင်းခေါင်းဆောင်ဖြစ်ဖို့ အလားအလာရှိတယ်လို့ တိုနီအဒမ်က ထင်ကြေးပေးခဲ့ပါတယ်။

နော်ဝေအသင်းဖော် ဟာလန်းက မိမိတို့ဟာ အိုဒီဂတ် ဘယ်လောက်ကောင်းတယ် ဆိုတာကို သိထားသလို သူ့ကို ကစားချိန်ပိုပေးဖို့ အာတီတာကို တိုက်တွန်းခဲ့ပြီး အခွင့်အရေးရရင် သူ ဘာလုပ်နိုင်တယ်ဆိုတာကို ပြသလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – မိတ္လန္ႏိုင္းစ္ဟာ ဒီေႏြရာသီ ယူ႐ိုၿပိဳင္ပြဲအတြက္ အဂၤလန္အသင္းမွာ ပါဝင္ခြင့္ရဖို႔ ကလပ္အဆင့္မွာ ပုံမွန္ကစားခ်ိန္ ပိုလိုခ်င္ေနတာနဲ႔အတူ အာဆင္နယ္ဟာ သူ႔ကို အငွားခ်ထားဖို႔အတြက္ ကလပ္မ်ားစြာနဲ႔ ေျပာဆိုေဆြးေႏြးမႈ လုပ္ေနတယ္လို႔သိရပါတယ္။

အာဆင္နယ္ဟာ အိုဒီဂတ္ကို အငွားေခၚယူခဲ့ၿပီး စာခ်ဳပ္မွာ အၿပီးသတ္ဝယ္ယူခြင့္ မပါဝင္ေပမယ့္ အာတီတာကေတာ့ ဆီဘယ္ေလာ့လိုပဲ စာခ်ဳပ္ ကုန္ရင္ေတာင္ သူ႔ကို အမ္းမရိတ္စ္မွာ ဆက္ေခၚထားႏိုင္ေအာင္ ႀကိဳးစားႏိုင္တယ္လို႔ ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ေသာမတ္စ္ပါေတးဟာ အာဆင္နယ္မွာ အထိုင္က်လာခဲ့ၿပီး သူ႔ရဲ႕အရည္အခ်င္းေတြကို ျပသခဲ့သလို သူေဘာလုံးရရင္ ေဘးကို မေပးဘဲ တိုက္စစ္ဆီသာ ေပးပို႔တတ္တာက အသင္းအတြက္ သြင္းဂိုးေတြ ျပန္ရရွိဖို႔ အကူအညီ ျဖစ္ေစခဲ့တယ္လို႔ အီယန္႐ိုက္က ခ်ီးက်ဴးခဲ့ပါတယ္။

အာဆင္နယ္ဟာ ဒီရာသီအစမွာ မိတ္လန္ႏိုင္းစ္ရဲ႕ပုံစံေကာင္းေတြေၾကာင့္ ဝုလ္ဗ္က စိတ္ဝင္စားေနတဲ့ၾကားက သူ႔ကို မေရာင္းခ်ဖို႔ ဆုံးျဖတ္ ခဲ့ေပမယ့္ အခု ကစားခ်ိန္ရဖို႔ ဆက္႐ုန္းကန္ေနရတဲ့ေနာက္ ဝုလ္ဗ္က သူ႔ကို ေခၚယူဖို႔ တစ္ဖန္ျပန္ႀကိဳးစားလာဦးမွာပါ။

အားကစား ဒါ႐ိုက္တာအီဒူဟာ ဘာမွမသိပဲ ေအးဂ်င့္ေတြကိုသာ အားကိုးတတ္သလို ဝီလီယံကို ေဈးႀကီးေပးေခၚခဲ့တာက မွားယြင္းခဲ့ၿပီး ဆာကာ၊ စမစ္႐ိုဝီ စတဲ့ လူငယ္ကစားသမားေတြကို ေနရာေပးသင့္တယ္လို႔ တိုနီအဒမ္က ေဝဖန္ခဲ့ပါတယ္။

အာဆင္နယ္ဟာ ရာသီကုန္မွာ မန္စီးတီးနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မယ့္ အဲရစ္ဂါစီယာကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနၿပီး အာတီတာနဲ႔ သူ႔ရဲ႕ ရင္းႏွီးတဲ့ ဆက္ဆံေရးေၾကာင့္ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္လာဖို႔ အေျခအေန ေကာင္းေနပါတယ္။

ေနာက္ခံလူ ေရာ့ဘ္ဟိုးဒင္းဟာ ဆက္ၿပီးေတာ့ ေျခစြမ္းျပကစားၿပီး အာတီတာရဲ႕ အသင္းကို ဆုဖလား ရရွိေအာင္ တြန္းအားေပးႏိုင္ရင္ အနာဂတ္မွာ ဂန္းနားေတြရဲ႕ အသင္းေခါင္းေဆာင္ျဖစ္ဖို႔ အလားအလာရွိတယ္လို႔ တိုနီအဒမ္က ထင္ေၾကးေပးခဲ့ပါတယ္။

ေနာ္ေဝအသင္းေဖာ္ ဟာလန္းက မိမိတို႔ဟာ အိုဒီဂတ္ ဘယ္ေလာက္ေကာင္းတယ္ ဆိုတာကို သိထားသလို သူ႔ကို ကစားခ်ိန္ပိုေပးဖို႔ အာတီတာကို တိုက္တြန္းခဲ့ၿပီး အခြင့္အေရးရရင္ သူ ဘာလုပ္ႏိုင္တယ္ဆိုတာကို ျပသလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။