ချယ်ဆီးအတွက် နောက်ဆုံး ၁၆ပွဲမှာ ၁ဂိုးသာ သွင်းယူပေးနိုင်ခဲ့တဲ့ တီမိုဗာနာဟာ စိတ်ပျက်စရာတွေနဲ့ ရုန်းကန်နေရပေမယ့် တူချယ် ရောက်လာတဲ့နောက် အပြောင်းအလဲ ဖြစ်လာနိုင်သလို တူချယ်က သူ့ကို အိမ်မက်ဆိုးတွေကနေ ကယ်တင်နိုင်တယ်လို့ ယုံကြည်နေပါတယ်။
ပရီးမီးယားလိဂ်ဟာ မတူညီတဲ့လိဂ်တွေ အားလုံး ပေါင်းထားသလို အခက်အခဲများစွာ ရှိနေသလို ဒီလိဂ်မှာ အသားကျနေပြီဖြစ်တဲ့ သီယာဂို ဆေးဗားက ပြင်းပြင်းထန်ထန်ကြိုးစားမှသာ အင်္ဂလန်မှာ အကြာကြီး ရပ်တည်နိုင်မှာဖြစ်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။

တီမိုဗာနာဟာ သူ့ရဲ့ ဆိုးရွားတဲ့ ပုံစံတွေကို အရမ်းဂရုစိုက်လွန်းပြီး ကိုယ့်ကိုယ်ကို ဖိအားပေးနေတာကြောင့် ရုန်းကန်နေရတယ်လို့ တူချယ်က ယုံကြည်နေပြီး ကိုယ့်ကိုယ်ကို သံသယဖြစ်နေတာတွေ ရပ်တန့်ဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
တူချယ်ဟာ သူ့ရဲ့ ပထမဆုံးပွဲမှာ ကိုင်ဟားဗတ်နဲ့ ဇီယက်ခ်ျတို့ကို တောင်ပံနေရာမှာ ထားခဲ့ပေမယ့် ရှောင်ရိုက်ဖီးလစ်ကတော့ ဒီနေရာက မေဆန်မောင့်ရဲ့ ဧရိယာတွင်း လုပ်အားနှုန်း၊ စွမ်းအင်နဲ့ အရည်အသွေးကြောင့် သူနဲ့ အသင့်တော်ဆုံးပဲလို့ အကြံပေးခဲ့ပါတယ်။
တူချယ်ဟာ ချယ်ဆီးနည်းးပြအလုပ်မှာ တစ်ပတ်တောင် မပြည့်သေးပေမယ့်လဲ ဝုလ်ဗ်နဲ့ သရေကျပြီးနောက် တနင်္ဂနွေနေ့ ဘန်လေနဲ့ပွဲမှာ သူ့ရဲ့ ပထမဆုံးနိုင်ပွဲကို မရယူနိုင်ရင် ဖိအားတွေစတင်ခံစားရနိုင်တယ်လို့ ပေါလ်ပါကာက သတိပေးခဲ့ပါတယ်။
ဝုလ်ဗ်နဲ့ပွဲမှာ မေဆန်မောင့်နဲ့ ရိစ်ဂျိမ်းစ်တို့ကို တူချယ် ချန်လှပ်ထားခဲ့တာက လုပ်သင့်တာကို မလုပ်ခဲ့တာ ဖြစ်ပြီး သူ့မှာ ဘာအစီအစဉ်မှလဲ မရှိသလို စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ဆုဖလားတွေ အောင်မြင်မှာ မဟုတ်ဘူးလို့ မီကာရစ်ချတ်က ဝေဖန်ခဲ့ပါတယ်။
ချယ်ဆီးရဲ့ ပတ်ဝန်းကျင်က လမ်းပတ်လက်အောက်မှာ ပိုကောင်းတဲ့အဆင့်ကို စတင်ပြောင်းလဲလာခဲ့တယ်လို့ ဂျိုကိုးလ်က ယုံကြည်နေသလို ၁၈လ သက်တမ်းမှာ သူ့ကို ထုတ်ပယ်လိုက်တာက အမှားလုပ်ခဲ့တာပဲလို့ ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးအနေနဲ့ နည်းပြသစ် တူချယ်ကို အောင်မြင်မှုရအောင် အကောင်းဆုံးအခွင့်အရေး ပေးဖို့အတွက် ကစားသမားတွေရဲ့ ကြီးမားတဲ့ လွှမ်းမိုးမှုကို နှိမ်နင်းဖို့လိုပြီး မဟုတ်ရင် တူချယ်လဲ လမ်းပတ်လို ထုတ်ပယ်ခံရလိမ့်မယ်လို့ ဂျိုကိုးလ်က ဆိုပါတယ်။

Zawgyi – ခ်ယ္ဆီးအတြက္ ေနာက္ဆုံး ၁၆ပြဲမွာ ၁ဂိုးသာ သြင္းယူေပးႏိုင္ခဲ့တဲ့ တီမိုဗာနာဟာ စိတ္ပ်က္စရာေတြနဲ႔ ႐ုန္းကန္ေနရေပမယ့္ တူခ်ယ္ ေရာက္လာတဲ့ေနာက္ အေျပာင္းအလဲ ျဖစ္လာႏိုင္သလို တူခ်ယ္က သူ႔ကို အိမ္မက္ဆိုးေတြကေန ကယ္တင္ႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။
ပရီးမီးယားလိဂ္ဟာ မတူညီတဲ့လိဂ္ေတြ အားလုံး ေပါင္းထားသလို အခက္အခဲမ်ားစြာ ရွိေနသလို ဒီလိဂ္မွာ အသားက်ေနၿပီျဖစ္တဲ့ သီယာဂို ေဆးဗားက ျပင္းျပင္းထန္ထန္ႀကိဳးစားမွသာ အဂၤလန္မွာ အၾကာႀကီး ရပ္တည္ႏိုင္မွာျဖစ္တယ္လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။
တီမိုဗာနာဟာ သူ႔ရဲ႕ ဆိုး႐ြားတဲ့ ပုံစံေတြကို အရမ္းဂ႐ုစိုက္လြန္းၿပီး ကိုယ့္ကိုယ္ကို ဖိအားေပးေနတာေၾကာင့္ ႐ုန္းကန္ေနရတယ္လို႔ တူခ်ယ္က ယုံၾကည္ေနၿပီး ကိုယ့္ကိုယ္ကို သံသယျဖစ္ေနတာေတြ ရပ္တန႔္ဖို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
တူခ်ယ္ဟာ သူ႔ရဲ႕ ပထမဆုံးပြဲမွာ ကိုင္ဟားဗတ္နဲ႔ ဇီယက္ခ္်တို႔ကို ေတာင္ပံေနရာမွာ ထားခဲ့ေပမယ့္ ေရွာင္႐ိုက္ဖီးလစ္ကေတာ့ ဒီေနရာက ေမဆန္ေမာင့္ရဲ႕ ဧရိယာတြင္း လုပ္အားႏႈန္း၊ စြမ္းအင္နဲ႔ အရည္အေသြးေၾကာင့္ သူနဲ႔ အသင့္ေတာ္ဆုံးပဲလို႔ အႀကံေပးခဲ့ပါတယ္။
တူခ်ယ္ဟာ ခ်ယ္ဆီးနည္းးျပအလုပ္မွာ တစ္ပတ္ေတာင္ မျပည့္ေသးေပမယ့္လဲ ဝုလ္ဗ္နဲ႔ သေရက်ၿပီးေနာက္ တနဂၤေႏြေန႔ ဘန္ေလနဲ႔ပြဲမွာ သူ႔ရဲ႕ ပထမဆုံးႏိုင္ပြဲကို မရယူႏိုင္ရင္ ဖိအားေတြစတင္ခံစားရႏိုင္တယ္လို႔ ေပါလ္ပါကာက သတိေပးခဲ့ပါတယ္။
ဝုလ္ဗ္နဲ႔ပြဲမွာ ေမဆန္ေမာင့္နဲ႔ ရိစ္ဂ်ိမ္းစ္တို႔ကို တူခ်ယ္ ခ်န္လွပ္ထားခဲ့တာက လုပ္သင့္တာကို မလုပ္ခဲ့တာ ျဖစ္ၿပီး သူ႔မွာ ဘာအစီအစဥ္မွလဲ မရွိသလို စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ဆုဖလားေတြ ေအာင္ျမင္မွာ မဟုတ္ဘူးလို႔ မီကာရစ္ခ်တ္က ေဝဖန္ခဲ့ပါတယ္။
ခ်ယ္ဆီးရဲ႕ ပတ္ဝန္းက်င္က လမ္းပတ္လက္ေအာက္မွာ ပိုေကာင္းတဲ့အဆင့္ကို စတင္ေျပာင္းလဲလာခဲ့တယ္လို႔ ဂ်ိဳကိုးလ္က ယုံၾကည္ေနသလို ၁၈လ သက္တမ္းမွာ သူ႔ကို ထုတ္ပယ္လိုက္တာက အမွားလုပ္ခဲ့တာပဲလို႔ ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးအေနနဲ႔ နည္းျပသစ္ တူခ်ယ္ကို ေအာင္ျမင္မႈရေအာင္ အေကာင္းဆုံးအခြင့္အေရး ေပးဖို႔အတြက္ ကစားသမားေတြရဲ႕ ႀကီးမားတဲ့ လႊမ္းမိုးမႈကို ႏွိမ္နင္းဖို႔လိုၿပီး မဟုတ္ရင္ တူခ်ယ္လဲ လမ္းပတ္လို ထုတ္ပယ္ခံရလိမ့္မယ္လို႔ ဂ်ိဳကိုးလ္က ဆိုပါတယ္။
