နွေမှာ ချယ်ဆီးအသင်း ပေါင် ၂၂.၄ သန်းဖြင့် ခေါ်ယူနိုင်တော့မယ့် အာဂျင်တီးနားသား

UNICODE – ချယ်ဆီးအသင်းဟာ နွေအပြောင်းအရွှေ့ အဓိက ပစ်မှတ်ဖြစ်တဲ့ အေဂျက်အသင်းမှ တာဂလီယာဖီကို ကို ပေါင် ၂၂.၄ သန်းဖြင့် ခေါ်ယူနိုင်တော့မယ်လို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

အာဂျင်တီးနား ကစားသမားကို သက်သာတဲ့ ဈေးနှုန်းနဲ့ ခေါ်ယူနိုင်မှာဖြစ်ပြီး သူဟာ မန်နေဂျာလမ်းပတ် အင်အားဖြည့်ဖို့ပ အလိုရှိနေတဲ့ ဘယ်အစွန် ခံစစ်နေရာကနေ ဝင်ရောက်လာမှာဖြစ်တယ်။ ချယ်ဆီးဟာ လက်စတာမှ ဘမ်ချီဝဲလ်နဲ့ ပေါ်တိုမှ တဲလက်စ်တို့ကို စိတ်ဝင်စားခဲ့ပေမယ့် တာဂလီယာဖီကိုကပဲ ဦးစားပေးအဖြစ် ခေါ်ယူနိုင်ဖို့ ဖြစ်လာခဲ့ပါတယ်။

ဒီရာသီအတွက် ဘယ်အစွန်နေရာမှာ အီမာဆန်ကော၊ အလွန်ဆိုပါ တစ်လှည့်စီ အသုံးပြုနေခဲ့ပေမယ့်လည်း လုံလောလက်ခြင်း မရှိဘူးလို့ ယုံကြည်တာကြောင့် ညာအစွန်နေရာအတွက် ရိစ်ဂျိမ်းကို ပွဲထွက်ခွင့်ပေးပြီး ကွီတာကို ဘယ်ခြမ်း ကစားစေတဲ့ထိကို လမ်းပတ်က ရွေးချယ်ထားပါတယ်။

အဲ့နောက်မှာတော့ တာဂလီယာဖီကိုရဲ့ အေးဂျင့်ဖြစ်သူ Ricardo Schlieper နဲ့ ဆက်သွယ်မှုတွေ လုပ်ခဲ့ပြီး အသက် ၂၇ နှစ်အရွယ် ဘယ်အစွန်လူကို ပရီးမီးယားလိဂ်ထံ ခေါ်ယူဖို့ သွေးဆောင်လာခဲ့တာပါ။ နယ်သာလန်လိဂ်မှာ တောက်ပနေတဲ့ အစွန်သမားဟာ ချန်ပီယံလိဂ်လို အဆင့်မှာလည်း ထူးချွန်တဲ့ ခြေစွမ်းတွေ ပြသထားပါတယ်။

ဒီအပြောင်းအရွှေ့ဟာ ဇီယက်နောက်ပိုင်း နွေအတွက် ချယ်ဆီးခေါ်ယူမယ့် ဒုတိယမြောက် အေးဂျက်ကစားသမားလည်း ဖြစ်စေမှာပါ။ သူဟာ ဒီရာသီ နယ်သာလန်ကလပ်အတွက် ၃၈ ပွဲ ကစားပြီး ကိုယ်တိုင် ၅ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၇ ကြိမ် လုပ်ထားနိုင်ပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ ေႏြအေျပာင္းအေရႊ႔ အဓိက ပစ္မွတ္ျဖစ္တဲ့ ေအဂ်က္အသင္းမွ တာဂလီယာဖီကို ကို ေပါင္ ၂၂.၄ သန္းျဖင့္ ေခၚယူႏုိင္ေတာ့မယ္လို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

အာဂ်င္တီးနား ကစားသမားကို သက္သာတဲ့ ေစ်းႏႈန္းနဲ႔ ေခၚယူႏုိင္မွာျဖစ္ျပီး သူဟာ မန္ေနဂ်ာလမ္းပတ္ အင္အားျဖည့္ဖို႔ပ အလိုရွိေနတဲ့ ဘယ္အစြန္ ခံစစ္ေနရာကေန ဝင္ေရာက္လာမွာျဖစ္တယ္။ ခ်ယ္ဆီးဟာ လက္စတာမွ ဘမ္ခ်ီဝဲလ္နဲ႔ ေပၚတိုမွ တဲလက္စ္တို႔ကို စိတ္ဝင္စားခဲ့ေပမယ့္ တာဂလီယာဖီကိုကပဲ ဦးစားေပးအျဖစ္ ေခၚယူႏုိင္ဖုိ႔ ျဖစ္လာခဲ့ပါတယ္။

ဒီရာသီအတြက္ ဘယ္အစြန္ေနရာမွာ အီမာဆန္ေကာ၊ အလြန္ဆိုပါ တစ္လွည့္စီ အသံုးျပဳေနခဲ့ေပမယ့္လည္း လံုေလာလက္ျခင္း မရွိဘူးလို႔ ယံုၾကည္တာေၾကာင့္ ညာအစြန္ေနရာအတြက္ ရိစ္ဂ်ိမး္ကို ပြဲထြက္ခြင့္ေပးျပီး ကီြတာကို ဘယ္ျခမ္း ကစားေစတဲ့ထိကို လမ္းပတ္က ေရြးခ်ယ္ထားပါတယ္။

အဲ့ေနာက္မွာေတာ့ တာဂလီယာဖီကိုရဲ႕ ေအးဂ်င့္ျဖစ္သူ Ricardo Schlieper နဲ႔ ဆက္သြယ္မႈေတြ လုပ္ခဲ့ျပီး အသက္ ၂၇ ႏွစ္အရြယ္ ဘယ္အစြန္လူကို ပရီးမီးယားလိဂ္ထံ ေခၚယူဖို႔ ေသြးေဆာင္လာခဲ့တာပါ။ နယ္သာလန္လိဂ္မွာ ေတာက္ပေနတဲ့ အစြန္သမားဟာ ခ်န္ပီယံလိဂ္လို အဆင့္မွာလည္း ထူးခၽြန္တဲ့ ေျခစြမ္းေတြ ျပသထားပါတယ္။

ဒီအေျပာင္းအေရႊ႔ဟာ ဇီယက္ေနာက္ပိုင္း ေႏြအတြက္ ခ်ယ္ဆီးေခၚယူမယ့္ ဒုတိယေျမာက္ ေအးဂ်က္ကစားသမားလည္း ျဖစ္ေစမွာပါ။ သူဟာ ဒီရာသီ နယ္သာလန္ကလပ္အတြက္ ၃၈ ပြဲ ကစားျပီး ကိုယ္တိုင္ ၅ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၇ ၾကိမ္ လုပ္ထားႏုိင္ပါတယ္။