ယူနိုက်တက် ထရိန်နင်မှာ ပြိုင်ဆိုင်မှုပြင်းထန်နေတဲ့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ် အုပ်စု

မန်ချက်စတာယူနိုက်တက် ကွင်းလယ် ကြယ်ပွင့်နှစ်ဦး ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်စ်နဲ့ ပေါ့ဘာတို့ကတော့ ယူနိုက်တက် ထရိန်နင်မှာတည်းက ပြိုင်ဆိုင်မှုတွေနဲ့ ဆူညံမြိုင်ဆိုင်နေပြီ ဖြစ်ကြောင်း အသင်းဖော် လုခ်ရှောက ဖော်ထုတ်လိုက်ပါတယ်။

ယူနိုက်တက်အသင်းသားတွေဟာ ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ပြန်လာပြီး လေ့ကျင့်နေတာ တစ်ပတ်ကြာခဲ့ပြီ ဖြစ်ပြီး ကိုရိုနာကပ်ဘေးကြောင့် အုပ်စုငယ်လေးတွေ ခွဲကာ လေ့ကျင့်နေခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက် ပရိသတ်တွေ အမျှော်ကြီး မျှော်နေကြတဲ့ ပေါ့ဘာ ဖာနန်ဒက်စ် ကွင်းလယ်အတွဲလည်း အတူ လေ့ကျင့်နေကြတာ တွေရပါတယ်။

ယူနိုက်တက်ခံစစ်မှူး လုခ် ရှောကတော့ ပြီးခဲ့တဲ့ ထရိန်နင်က ထူးခြားမှုတွေ အကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

” အားလုံးကတော့ ကြံ့ခိုင်မှု အနေအထား တော်တော် ကောင်းကောင်း ပြန်ရောက်နေပြီ။ ဒါက ဘာကိုပြလဲဆို ကျနော်တို့ အားလုံး ဒီလော့ဒေါင်း ကာလအတွင်း အာရုံစိုက် သေချာ ဂရုစိုက်နေခဲ့ကြတာ ပရိုကျတာကို ဖော်ပြနေတာပဲ။ ကျနော် ဂျိမ်းစ်နဲ့ အတူ ပြေးခဲ့သေးတယ် တစ်အုပ်စုတည်း။ သူ ဆို လုံး၀ ထက်မြက်နေပြီ။

အင်္ဂါနေ့က အုပ်စုတွေထဲမှာ ပေါလ် (ပေါ့ဘာ)၊ ဘရူနို၊ အိန်ဂျယ် (ဂိုမက်စ်) နဲ့ နီမန်ဂျာ (မာတစ်) တို့ လေးယောက် အုပ်စုကိုမြင်ခဲ့တယ်။ သူတို့က လုံး၀ သန်မာပြီး အခြေအနေ ကောင်းနေကြပြီ။ အဲဒီ အုပ်စုထဲမှာ အချင်းချင်း အော်ဟစ် ပြိုင်ဆိုင်ရင်း လေ့ကျင့်နေကြတာကို အားရစရာ တွေ့ရတယ်။

အားလုံးက နိုင်လိုစိတ် အပြည့်နဲ့ ရှိနေတာ မြင်ရတယ် ထရိန်နင်မှာတောင်နော်။ ကျနော်တို့ ဒါတွေကို သိပ်လွမ်းနေခဲ့တာဗျာ။ ” လို့ ရှောက ဆိုပါတယ်။

ပရီးမီးယားလိဂ်ကတော့ အချင်းချင်း တွန်းတွန်းတိုက်တိုက်လည်း ပြန် လေ့ကျင့်ခွင့် ပြုခဲ့ပြီလို့ မနေ့က ကြေငြာခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ထရိန်နင် အုပ်စုတွေကတော့ လောလောဆယ်ထိ ကျပန်းအနေနဲ့သာ ကစားသမားတွေကို ရွေးချယ် အုပ်စုခွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ ကြင္းလယ္ ၾကယ္ပြင့္နွစ္ဦး ျဖစ္တဲ့ ဘရူနို ဖာနန္ဒက္စ္နဲ႕ ေပါ့ဘာတို႔ကေတာ့ ယူနုိက္တက္ ထရိန္နင္မွာတည္းက ျပိဳင္ဆိုင္မႈေတြနဲ႕ ဆူညံျမိဳင္ဆိုင္ေနျပီ ျဖစ္ေၾကာင္း အသင္းေဖာ္ လုခ္ေရွာက ေဖာ္ထုတ္လိုက္ပါတယ္။

ယူနိုက္တက္အသင္းသားေတြဟာ ကာရင္တန္ ေလ့က်င့္ေရးကြင္းသို႔ ျပန္လာျပီး ေလ့က်င့္ေနတာ တစ္ပတ္ၾကာခဲ့ျပီ ျဖစ္ျပီး ကိုရိုနာကပ္ေဘးေၾကာင့္ အုပ္စုငယ္ေလးေတြ ခြဲကာ ေလ့က်င့္ေနခဲ့တာ ျဖစ္ပါတယ္။ ယူနုိက္တက္ ပရိသတ္ေတြ အေမွ်ာ္ၾကီး ေမွ်ာ္ေနၾကတဲ့ ေပါ့ဘာ ဖာနန္ဒက္စ္ ကြင္းလယ္အတြဲလည္း အတူ ေလ့က်င့္ေနၾကတာ ေတြရပါတယ္။

ယူနုိက္တက္ခံစစ္မွဴး လုခ္ ေရွာကေတာ့ ျပီးခဲ့တဲ့ ထရိန္နင္က ထူးျခားမႈေတြ အေၾကာင္း ဖြင့္ဟလာခဲ့ပါတယ္။

” အားလံုးကေတာ့ ၾကံ႕ခိုင္မႈ အေနအထား ေတာ္ေတာ္ ေကာင္းေကာင္း ျပန္ေရာက္ေနျပီ။ ဒါက ဘာကိုျပလဲဆို က်ေနာ္တို႔ အားလံုး ဒီေလာ့ေဒါင္း ကာလအတြင္း အာရံုစိုက္ ေသခ်ာ ဂရုစိုက္ေနခဲ့ၾကတာ ပရိုက်တာကို ေဖာ္ျပေနတာပဲ။ က်ေနာ္ ဂ်ိမ္းစ္နဲ႕ အတူ ေျပးခဲ့ေသးတယ္ တစ္အုပ္စုတည္း။ သူ ဆို လံုး၀ ထက္ျမက္ေနျပီ။

အဂၤါေန႔က အုပ္စုေတြထဲမွာ ေပါလ္ (ေပါ့ဘာ)၊ ဘရူနို၊ အိန္ဂ်ယ္ (ဂိုမက္စ္) နဲ႕ နီမန္ဂ်ာ (မာတစ္) တို႔ ေလးေယာက္ အုပ္စုကိုျမင္ခဲ့တယ္။ သူတို႔က လံုး၀ သန္မာျပီး အေျခအေန ေကာင္းေနၾကျပီ။ အဲဒီ အုပ္စုထဲမွာ အခ်င္းခ်င္း ေအာ္ဟစ္ ျပိဳင္ဆိုင္ရင္း ေလ့က်င့္ေနၾကတာကို အားရစရာ ေတြ႔ရတယ္။

အားလံုးက နုိင္လိုစိတ္ အျပည့္နဲ႕ ရွိေနတာ ျမင္ရတယ္ ထရိန္နင္မွာေတာင္ေနာ္။ က်ေနာ္တို႔ ဒါေတြကို သိပ္လြမ္းေနခဲ့တာဗ်ာ။ ” လို႔ ေရွာက ဆိုပါတယ္။

ပရီးမီးယားလိဂ္ကေတာ့ အခ်င္းခ်င္း တြန္းတြနး္တိုက္တိုက္လည္း ျပန္ ေလ့က်င့္ခြင့္ ျပဳခဲ့ျပီလို႔ မေန႔က ေၾကျငာခဲ့ျပီ ျဖစ္ပါတယ္။ ယူနုိက္တက္ရဲ႕ ထရိန္နင္ အုပ္စုေတြကေတာ့ ေလာေလာဆယ္ထိ က်ပန္းအေနနဲ႕သာ ကစားသမားေတြကို ေရြးခ်ယ္ အုပ္စုခြဲခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။