ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (03/02/21)

တူချယ်ဟာ ကွင်းလယ်သမား ဂျော်ဂျင်ဟိုကို သဘောကျပုံပေါ်ပြီး ၂ပွဲလုံး ကွင်းလယ်မှာ သူ့ကို နေရာပြန်ပေးခဲ့သလို ချယ်ဆီးက သူ့ကို ၂၀၂၅ မတိုင်ခင်အထိ ၄နှစ်စာချုပ် သက်တမ်းတိုး ချုပ်ဆိုဖို့ ဂျော်ဂျင်ဟိုရဲ့အေးဂျင့်ဖြစ်သူနဲ့ ဆွေးနွေး ညှိနှိုင်းနေတယ်လို့ သိရပါတယ်။

အငှားထွက် ကစားသမား ရော့စ်ဘာကလေဟာ ဒဏ်ရာကြောင့် ၂လနီးပါး နားခဲ့ရတာကလွဲရင် ဗီလာမှာ ကောင်းမွန်တဲ့ရာသီတစ်ခု ရရှိထားပြီး ချယ်ဆီးကတော့ သူ့ကို အပြီးသတ်ရောင်းချဖို့ကို ရာသီကုန်မှသာ စဉ်းစားဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဟာကင်ဇီယက်ခ်ျဟာ ဘန်လေနဲ့ပွဲမှာ ဒဏ်ရာကြောင့် ချန်လှပ်ခံခဲ့ရပြီး အရန်လူ စာရင်းထဲတောင် မပါဝင်ခဲ့ပေမယ့် ဒီတစ်ပတ် စပါးနဲ့ပွဲမှာ ကစားနိုင်ဖို့ ရာနှုန်းပြည့် ကြံ့ခိုင်မှုရှိပြီး အဆင်သင့်ဖြစ်နေပြီလို့ တူချယ်နဲ့အတူ အတည်ပြုပြောကြားခဲ့ပါတယ်။

တူချယ်အနေနဲ့ အခုချိန်မှာ ကိုင်ဟားဗတ်ကို မသုံးသင့်ဘူးလို့ တင်ရှားဝုဒ်က မြင်နေပြီး ဂျာမန်သားဟာ အသင်းအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သလို အနာဂတ်မှာ ကောင်းနိုင်ပေမယ့် အခုတော့ အသင်းက သူ့ကို မနည်းဆွဲခေါ်နေရတယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ရူဒီဂါဟာ သူ့ကြောင့် လမ်းပတ် ထုတ်ပယ်ခံခဲ့ရတယ်ဆိုတဲ့ ပြောဆိုမှုတွေက အဓိပ္ပါယ် မရှိဘူးလို့ ငြင်းပယ်ခဲ့ပြီး ခရစ္စမတ်ကာလအပြီး သူ့ကို လမ်းပတ်က ယုံကြည်ပေးခဲ့လို့ အသင်းသစ်မရှာဖို့တောင် သူ့အေးဂျင့်ကို ပြောခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးဟာ ဒီရာသီမှာ သူတို့ရဲ့ အောင်မြင်မှုအခွင့်အရေးကို မြှင့်တင်ဖို့ တူချယ်ကို ခေါ်ယူခဲ့ပေမယ့် သူတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့် အတွက် ပြိုင်ဆိုင်ဖို့ လုံလောက်မှု မရှိသလို ဒီရာသီကုန်မှာ အဆင့်၄အတွင်း ဝင်မှာမဟုတ်ဘူးလို့ ဟယ်ရီရက်နပ်က ယုံကြည်နေပါတယ်။

ပူလီဆစ်ဟာ လွန်ခဲ့တဲ့၅နှစ်က ဒေါ့မွန်မှာ သူ့ကိုစီနီယာပွဲဦးထွက်ခွင့် ပေးခဲ့တဲ့ တူချယ်နဲ့ ပြန်တွဲလုပ်ရတဲ့အတွက် စိတ်လှုပ်ရှားနေသလို လေ့ကျင့်ရေးမှာ ပျော်ရွှင်စရာ ကောင်းခဲ့ပြီး အားလုံးရဲ့ မျက်နှာတွေပေါ်မှာ အပြုံးတွေ ပြန်မြင်တွေ့ရတာက ကောင်းတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

တီမိုဗာနာရဲ့ ခြေစွမ်းပျောက်ဆုံးမှုက စိုးရိမ်စရာဖြစ်နေတာနဲ့အတူ တူချယ်အနေနဲ့ တိုက်စစ် အရည်အသွေးကို အမြင့်ဆုံးအသုံးချဖို့ နည်းလမ်း ရှာဖွေရမှာဖြစ်ပြီး အထင်ကြီးစရာ လုပ်ပြနိုင်ခဲ့တဲ့ပူလီဆစ်ကို false 9 အဖြစ် ကစားခိုင်းဖို့ ရှိနေပါတယ်။

Zawgyi – တူခ်ယ္ဟာ ကြင္းလယ္သမား ေဂ်ာ္ဂ်င္ဟိုကို သေဘာက်ပုံေပၚၿပီး ၂ပြဲလုံး ကြင္းလယ္မွာ သူ႔ကို ေနရာျပန္ေပးခဲ့သလို ခ်ယ္ဆီးက သူ႔ကို ၂၀၂၅ မတိုင္ခင္အထိ ၄ႏွစ္စာခ်ဳပ္ သက္တမ္းတိုး ခ်ဳပ္ဆိုဖို႔ ေဂ်ာ္ဂ်င္ဟိုရဲ႕ေအးဂ်င့္ျဖစ္သူနဲ႔ ေဆြးေႏြး ညႇိႏႈိင္းေနတယ္လို႔ သိရပါတယ္။

အငွားထြက္ ကစားသမား ေရာ့စ္ဘာကေလဟာ ဒဏ္ရာေၾကာင့္ ၂လနီးပါး နားခဲ့ရတာကလြဲရင္ ဗီလာမွာ ေကာင္းမြန္တဲ့ရာသီတစ္ခု ရရွိထားျပီး ခ်ယ္ဆီးကေတာ့ သူ႔ကို အၿပီးသတ္ေရာင္းခ်ဖို႔ကို ရာသီကုန္မွသာ စဥ္းစားဆုံးျဖတ္မွာ ျဖစ္ပါတယ္။

ဟာကင္ဇီယက္ခ္်ဟာ ဘန္ေလနဲ႔ပြဲမွာ ဒဏ္ရာေၾကာင့္ ခ်န္လွပ္ခံခဲ့ရၿပီး အရန္လူ စာရင္းထဲေတာင္ မပါဝင္ခဲ့ေပမယ့္ ဒီတစ္ပတ္ စပါးနဲ႔ပြဲမွာ ကစားႏိုင္ဖို႔ ရာႏႈန္းျပည့္ ႀကံ့ခိုင္မႈရွိၿပီး အဆင္သင့္ျဖစ္ေနၿပီလို႔ တူခ်ယ္နဲ႔အတူ အတည္ျပဳေျပာၾကားခဲ့ပါတယ္။

တူခ်ယ္အေနနဲ႔ အခုခ်ိန္မွာ ကိုင္ဟားဗတ္ကို မသုံးသင့္ဘူးလို႔ တင္ရွားဝုဒ္က ျမင္ေနၿပီး ဂ်ာမန္သားဟာ အသင္းအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္သလို အနာဂတ္မွာ ေကာင္းႏိုင္ေပမယ့္ အခုေတာ့ အသင္းက သူ႔ကို မနည္းဆြဲေခၚေနရတယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။

႐ူဒီဂါဟာ သူ႔ေၾကာင့္ လမ္းပတ္ ထုတ္ပယ္ခံခဲ့ရတယ္ဆိုတဲ့ ေျပာဆိုမႈေတြက အဓိပၸါယ္ မရွိဘူးလို႔ ျငင္းပယ္ခဲ့ၿပီး ခရစၥမတ္ကာလအၿပီး သူ႔ကို လမ္းပတ္က ယုံၾကည္ေပးခဲ့လို႔ အသင္းသစ္မရွာဖို႔ေတာင္ သူ႔ေအးဂ်င့္ကို ေျပာခဲ့တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဒီရာသီမွာ သူတို႔ရဲ႕ ေအာင္ျမင္မႈအခြင့္အေရးကို ျမႇင့္တင္ဖို႔ တူခ်ယ္ကို ေခၚယူခဲ့ေပမယ့္ သူတို႔ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ အတြက္ ၿပိဳင္ဆိုင္ဖို႔ လုံေလာက္မႈ မရွိသလို ဒီရာသီကုန္မွာ အဆင့္၄အတြင္း ဝင္မွာမဟုတ္ဘူးလို႔ ဟယ္ရီရက္နပ္က ယုံၾကည္ေနပါတယ္။

ပူလီဆစ္ဟာ လြန္ခဲ့တဲ့၅ႏွစ္က ေဒါ့မြန္မွာ သူ႔ကိုစီနီယာပြဲဦးထြက္ခြင့္ ေပးခဲ့တဲ့ တူခ်ယ္နဲ႔ ျပန္တြဲလုပ္ရတဲ့အတြက္ စိတ္လႈပ္ရွားေနသလို ေလ့က်င့္ေရးမွာ ေပ်ာ္႐ႊင္စရာ ေကာင္းခဲ့ၿပီး အားလုံးရဲ႕ မ်က္ႏွာေတြေပၚမွာ အၿပဳံးေတြ ျပန္ျမင္ေတြ႕ရတာက ေကာင္းတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

တီမိုဗာနာရဲ႕ ေျခစြမ္းေပ်ာက္ဆုံးမႈက စိုးရိမ္စရာျဖစ္ေနတာနဲ႔အတူ တူခ်ယ္အေနနဲ႔ တိုက္စစ္ အရည္အေသြးကို အျမင့္ဆုံးအသုံးခ်ဖို႔ နည္းလမ္း ရွာေဖြရမွာျဖစ္ၿပီး အထင္ႀကီးစရာ လုပ္ျပႏိုင္ခဲ့တဲ့ပူလီဆစ္ကို false 9 အျဖစ္ ကစားခိုင္းဖို႔ ရွိေနပါတယ္။