ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (03/02/21)

အရည်အသွေးမြင့်မားတဲ့ ကစားသမားတွေကို ယှဉ်ပြီး ၉ယောက်တည်းနဲ့ ကစားရတာက ဆောက်သမ်တန်အတွက် သိပ်ခက်ခဲခဲ့ပေမယ့် ယူနိုက်တက် ရဲ့ အဆုံးသတ်ပိုင်းက သိပ်ကောင်းခဲ့ပြီး ညှာတာမှု ကင်းမဲ့တဲ့ပုံစံတွေ ပြသခဲ့တယ်လို့ ဂလင်းဟော်ဒယ်က ဆိုပါတယ်။

ယူနိုက်တက်ဟာ အာမက် ဒီယာလို ကို ရပြီးတဲ့နောက် ဒေါ့မွန်မှ ဆန်ချိုကို ခေါ်ယူဖို့ စိတ်မဝင်စားတော့ဘဲ ဟာလန်းကို ကြိုးစားသွားဖို့ ရှိနေကြော်း သိရပါတယ်။

ဝုလ်ဗ်ကို အာဆင်နယ် ရှုံးခဲ့တဲ့ပွဲမှာ အာဆင်နယ်ရဲ့ ဒေးဗစ်လူးဝစ် ဟာ ပြိုင်ဘက်ကို ခြေထိုးခံမှုနဲ့ အနီကဒ် ပြသခံခဲ့ရတဲ့အပေါ် ဆိုးရှားက ဆန့်ကျင်ခဲ့ပြီး ပင်နယ်တီ ပေးရလောက်တဲ့ စိန်ခေါ်မှုမျိုး မဟုတ်ခဲ့တဲ့အတွက် သူ့ကို မထုတ်ပယ်သင့်ဘူးလို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

အက်စတွန်ဗီလာ လူငယ် ကစားသမားလေး ကာနေး ချက်ဝူမီကာ ကို ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီးနဲ့ လီဗာပူးတို့က အပြိုင် စိတ်ဝင်စားကာ စောင့်ကြည့်နေကြောင်း The Times သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

ပေါ့ဘာရဲ့ အစ်ကို ဖြစ်သူကတော့ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပေါ့ဘာကို အလွတ်သက်သက်နဲ့ လက်လွှတ်ရမှာထက် ပြောင်းရွှေ့ကြေး ပြန်ရချင်ရင် အခု ရောင်းချဖို့ လှုပ်ရှားရမှာ ဖြစ်ကြောင်း သတိပေးလိုက်ပါတယ်။

လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနို ကို ယူနိုက်တက် အပါအဝင် ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေက ခေါ်ယူလိုပေမယ့် ဇန်နဝါရီမှာ မလှုပ်ရှားခဲ့ခြင်းက ၎င်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၈ သန်းဟာ နွေမှာ အသက်ဝင်တော့မှာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Zawgyi – အရည်အသွေးမြင့်မားတဲ့ ကစားသမားတွေကို ယှဉ်ပြီး ၉ယောက်တည်းနဲ့ ကစားရတာက ဆောက်သမ်တန်အတွက် သိပ်ခက်ခဲခဲ့ပေမယ့် ယူနိုက်တက် ရဲ့ အဆုံးသတ်ပိုင်းက သိပ်ကောင်းခဲ့ပြီး ညှာတာမှု ကင်းမဲ့တဲ့ပုံစံတွေ ပြသခဲ့တယ်လို့ ဂလင်းဟော်ဒယ်က ဆိုပါတယ်။





လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနို ကို ယူနိုက်တက် အပါအ၀င် ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေက ခေါ်ယူလိုပေမယ့် ဇန်န၀ါရီမှာ မလှုပ်ရှားခဲ့ခြင်းက ၄င်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၈ သန်းဟာ နွေမှာ အသက်ဝင်တော့မှာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။