ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (05/02/21)

ချယ်ဆီးအသင်းကတော့ ညက ပရီးမီးယားလိဂ် ပွဲမှာ စပါးအသင်းကို အဝေးကွင်းမှာတင် ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့ အဖိုးတန် အနိုင် သုံးမှတ်ပြည့် ယူသွားနိုင်ခဲ့ပါတယ်။ ဂျော်ဂျင်ဟိုဟာ ပရီးမီးယားလိဂ်မှာ ပင်နယ်တီ ၁၀ ကြိမ် ကန်သွင်းရာ ၈ ဂိုးထိ ရယူထားပြီ ဖြစ်ပါတယ်။

နိုင်ပွဲ ရခဲ့ပေမယ့် ချယ်ဆီးအသင်းဟာ အရေးပါတဲ့ အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးဖို့ လိုအပ်နေသေးကြောင်း မေဆန်မောင့်က ပွဲ အပြီးမှာ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ရီးရဲလ်မှာ ရုန်းကန်နေရတဲ့ အသင်းသားဟောင်း ဟာဇက်ကို ၂၀၁၉ က ရောင်းချခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင် ၈၈ သန်းရဲ့ တဝက်လောက်နဲ့ ပြန်ခေါ်လိုနေပါတယ်။

စပါးနဲ့ ပွဲမှာ ဒဏ်ရာ ရသွားတဲ့ ခံစစ်မှူး သီယေဂို ဆေးဗား အခြေအနေကို အသေးစိတ် မသိရသေးကြောင်း နည်းပြ တူချယ်က ဆိုပေမယ့် တနင်္ဂနွေနေ့ ပွဲမှာ ပြန်ပါဝင်လာနိုင်မယ်တော့ မထင်ကြောင်း ပွဲပြီး အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

စပါးအသင်းဟာ ချယ်ဆီးကို ရှုံးပြီးနောက် အဆင့် ၈ ထိ ရောက်သွားခဲ့ရပေမယ့် နည်းပြ မော်ရင်ညိုကတော့ ချယ်ဆီးကို ရင်ဆိုင်ရာမှာ အသင်းသားတွေက အတူတကွ တိုက်ပွဲဝင်ခဲ့ကြောင်း ချီးကျူးခဲ့ပါတယ်။

သောမတ်စ် တူချယ်ဟာ ချယ်ဆီး နည်းပြ ဘ၀ ပထမဆုံး ၃ ပွဲမှာ ပေးဂိုး လုံး၀ မရှိဘဲ စွမ်းဆောင်နိုင်ခဲ့ပြီ ဖြစ်ပြီး ထိုမှတ်တမ်းဟာ မော်ရင်ညို သြဂုတ် ၂၀၀၄ တုန်းက တင်ခဲ့တဲ့ စံချိန်ကို ပြန်မှီခဲ့တာ ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းကေတာ့ ညက ပရီးမီးယားလိဂ္ ပြဲမွာ စပါးအသင္းကို အေ၀းကြင္းမွာတင္ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီ သြင္းဂိုးနဲ႕ အဖိုးတန္ အနိုင္ သံုးမွတ္ျပည့္ ယူသြားနိုင္ခဲ့ပါတယ္။ ေဂ်ာ္ဂ်င္ဟိုဟာ ပရီးမီးယားလိဂ္မွာ ပင္နယ္တီ ၁၀ ၾကိမ္ ကန္သြင္းရာ ၈ ဂိုးထိ ရယူထားျပီ ျဖစ္ပါတယ္။

နိုင္ပြဲ ရခဲ့ေပမယ့္ ခ်ယ္ဆီးအသင္းဟာ အေရးပါတဲ့ အခြင့္အေရးေတြကို ပိုင္ပိုင္နိုင္နိုင္ အသံုးဖို႔ လိုအပ္ေနေသးေၾကာင္း ေမဆန္ေမာင့္က ပြဲ အျပီးမွာ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ရီးရဲလ္မွာ ရုန္းကန္ေနရတဲ့ အသင္းသားေဟာင္း ဟာဇက္ကို ၂၀၁၉ က ေရာင္းခ်ခဲ့တဲ့ ေျပာင္းေရႊ႕ေၾကး ေပါင္ ၈၈ သန္းရဲ႕ တ၀က္ေလာက္နဲ႕ ျပန္ေခၚလိုေနပါတယ္။

စပါးနဲ႕ ပြဲမွာ ဒဏ္ရာ ရသြားတဲ့ ခံစစ္မွဴး သီေယဂို ေဆးဗား အေျခအေနကို အေသးစိတ္ မသိရေသးေၾကာင္း နည္းျပ တူခ်ယ္က ဆိုေပမယ့္ တနဂၤေႏြေန႔ ပြဲမွာ ျပန္ပါ၀င္လာနိုင္မယ္ေတာ့ မထင္ေၾကာင္း ပြဲျပီး အင္တာဗ်ဴးမွာ ဆိုခဲ့ပါတယ္။

စပါးအသင္းဟာ ခ်ယ္ဆီးကို ရွံဳးျပီးေနာက္ အဆင့္ ၈ ထိ ေရာက္သြားခဲ့ရေပမယ့္ နည္းျပ ေမာ္ရင္ညိဳကေတာ့ ခ်ယ္ဆီးကို ရင္ဆိုင္ရာမွာ အသင္းသားေတြက အတူတကြ တိုက္ပြဲ၀င္ခဲ့ေၾကာင္း ခ်ီးက်ဴးခဲ့ပါတယ္။

ေသာမတ္စ္ တူခ်ယ္ဟာ ခ်ယ္ဆီး နည္းျပ ဘ၀ ပထမဆံုး ၃ ပြဲမွာ ေပးဂိုး လံုး၀ မရွိဘဲ စြမ္းေဆာင္နိုင္ခဲ့ျပီ ျဖစ္ျပီး ထိုမွတ္တမ္းဟာ ေမာ္ရင္ညိဳ ၾသဂုတ္ ၂၀၀၄ တုန္းက တင္ခဲ့တဲ့ စံခ်ိန္ကို ျပန္မွီခဲ့တာ ျဖစ္ပါတယ္။