မနှစ်က ဒေါ့မွန်ဟာ ယူနိုက်တက်နဲ့ ချိတ်ဆက်နေတဲ့ ဆန်ချိုရဲ့တန်ကြေးကို ပေါင်၁၀၈ သန်းထက် လုံးဝမလျှော့ပဲ တင်းခံထားပေမယ့် ဒီနှစ်မှာ သူ့ရဲ့ခြေစွမ်း အနည်းငယ် ကျဆင်းမှုနဲ့အတူ ဒီနွေမှာ ပေါင် ၈၈သန်းနဲ့ ရောင်းချဖို့ ပြင်ဆင်ထားပါတယ်။
လုခ်ရှောဟာ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး အစွန်ခံစစ်မှူး တစ်ယောက် ဖြစ်တယ်လို့ သရဲနီဟောင်းကြီး ဒင်းနင်အာဝင်က ထုတ်ဖော် ချီးကျူးလိုက်ပါတယ်။

ယူနိုက်တက် အကယ်ဒမီမှ အသက် ၁၇ နှစ်အရွယ် အံ့ဖွယ်လူငယ်လေး ရှိုလာ ရှိုရီတဲရား ကို ဥရောပ ထိပ်သီးတွေ အပြိုင် စိတ်ဝင်စားခဲ့ပြီး ဘာစီလိုနာနဲ့ ဂျူဗင်တပ် တို့က အလေးအနက်ချိတ်ဆက်ခဲ့ပေမယ့် ယူနိုက်တက် လူငယ်လေးဟာ ရက်ဖို့ဒ်နဲ့ စကားပြောဆိုပြီးနောက် အသင်းကြီးှတွေ အားလုံးကို ငြင်းဆန်ကာ ယူနိုက်တက်မှာ ဆက်နေခဲ့ပါတယ်။
ဆောက်သမ်တန်နဲ့ ပွဲမှာ ခြေကျင်းဝတ် နာသွားတဲ့ တိုက်စစ်မှူး ကာဗာနီကတော့ စနေနေ့ အဲဗာတန်နဲ့ ပွဲမှာ ပါဝင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။
အာမက် ဒီရယ်လိုဟာ ကလပ်ကိုရောက်လာပြီးထဲက အသင်းကြီးနဲ့ လေ့ကျင့်ရေးဆင်းခဲ့ပြီး စီနီယာအသင်း အတွက် တစ်ပွဲမှ မကစားရ သေးပေမယ့် စနေနေ့ အဲဗာတန်နဲ့ပွဲမှာ ပါဝင်ကစားခွင့် ရနိုင်တယ်လို့ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်မှာ ရောက်ရှိတာ တစ်နှစ်ပြည့်ခဲ့ချိန်မှာတော့ ကွင်းလယ်တိုက်စစ်သမား ဘရူနို ဖာနန်ဒက်စ် တန်ကြေးဟာ ယခင် ပြောင်းရွှေ့ကြေး ၄၇.၅ သန်းကနေ ဈေးကွက်တန်ကြေး ပေါင် ၈၁ သန်း ထိ နှစ်ဆ မြင့်တက်သွားခဲ့ပြီလို့ သိရပါတယ်။

Zawgyi – မႏွစ္က ေဒါ့မြန္ဟာ ယူႏိုက္တက္နဲ႔ ခ်ိတ္ဆက္ေနတဲ့ ဆန္ခ်ိဳရဲ႕တန္ေၾကးကို ေပါင္၁၀၈ သန္းထက္ လုံးဝမေလွ်ာ့ပဲ တင္းခံထားေပမယ့္ ဒီႏွစ္မွာ သူ႔ရဲ႕ေျခစြမ္း အနည္းငယ္ က်ဆင္းမႈနဲ႔အတူ ဒီေႏြမွာ ေပါင္ ၈၈သန္းနဲ႔ ေရာင္းခ်ဖို႔ ျပင္ဆင္ထားပါတယ္။
လုခ္ေရွာဟာ ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး အစြန္ခံစစ္မွဴး တစ္ေယာက္ ျဖစ္တယ္လို႔ သရဲနီေဟာင္းၾကီး ဒင္းနင္အာ၀င္က ထုတ္ေဖာ္ ခ်ီးက်ဴးလိုက္ပါတယ္။
ယူနိုက္တက္ အကယ္ဒမီမွ အသက္ ၁၇ နွစ္အရြယ္ အံ့ဖြယ္လူငယ္ေလး ရွိဳလာ ရွိဳရီတဲရား ကို ဥေရာပ ထိပ္သီးေတြ အျပိဳင္ စိတ္၀င္စားခဲ့ျပီး ဘာစီလိုနာနဲ႕ ဂ်ဴဗင္တပ္ တို႔က အေလးအနက္ခ်ိတ္ဆက္ခဲ့ေပမယ့္ ယူနိုက္တက္ လူငယ္ေလးဟာ ရက္ဖို႔ဒ္နဲ႕ စကားေျပာဆိုျပီးေနာက္ အသင္းၾကီးွေတြ အားလံုးကို ျငင္းဆန္ကာ ယူနိုက္တက္မွာ ဆက္ေနခဲ့ပါတယ္။
ေဆာက္သမ္တန္နဲ႕ ပြဲမွာ ေျခက်င္း၀တ္ နာသြားတဲ့ တိုက္စစ္မွဴး ကာဗာနီကေတာ့ စေနေန႔ အဲဗာတန္နဲ႕ ပြဲမွာ ပါ၀င္ဖို႔ မေသခ်ာေသးဘူးလို႔ သိရပါတယ္။
အာမက္ ဒီရယ္လိုဟာ ကလပ္ကိုေရာက္လာၿပီးထဲက အသင္းႀကီးနဲ႔ ေလ့က်င့္ေရးဆင္းခဲ့ၿပီး စီနီယာအသင္း အတြက္ တစ္ပြဲမွ မကစားရ ေသးေပမယ့္ စေနေန႔ အဲဗာတန္နဲ႔ပြဲမွာ ပါဝင္ကစားခြင့္ ရႏိုင္တယ္လို႔ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။
ယူနိုက္တက္မွာ ေရာက္ရွိတာ တစ္နွစ္ျပည့္ခဲ့ခ်ိန္မွာေတာ့ ကြင္းလယ္တိုက္စစ္သမား ဘရူနို ဖာနန္ဒက္စ္ တန္ေၾကးဟာ ယခင္ ေျပာင္းေရႊ႕ေၾကး ၄၇.၅ သန္းကေန ေစ်းကြက္တန္ေၾကး ေပါင္ ၈၁ သန္း ထိ နွစ္ဆ ျမင့္တက္သြားခဲ့ျပီလို႔ သိရပါတယ္။
