ကီပါနဲ့ ပွဲထွက် ပြိုင်ဆိုင်စေဖို့ ဒေါ့မွန် ဂိုးသမားကို ချယ်ဆီး အံ့အားသင့်ဖွယ် ချိတ်ဆက်လာ

ချယ်ဆီးအသင်းဟာ ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်မှ ဂိုးသမား ရိုမန်ဘာကီကို အံ့အားသင့်ဖွယ် ချိတ်ဆက်နေပြီး စတန်းဖို့ဘရစ်ချ်ထံ ခေါ်ယူကာ လက်ရှိ ဂိုးသမား ကီပါနဲ့ ပြိုင်ဆိုင်စေဖို့ လှုပ်ရှားနေပါတယ်။

ဒေါ့မွန်နဲ့ စာချုပ် သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ အသက် ၂၉ နှစ် အရွယ် ဆွစ်ဇာလန်ဂိုးသမားကို ချယ်ဆီးက ဈေးသက်သက်သာသာနဲ့ ရနိုင်ဖို့ ရှိပြီး ပေါင် ၁၅ သန်းနဲ့ အရောင်းအဝယ် ဖြစ်သွားနိုင်ပါတယ်။

ချယ်ဆီးအသင်းဟာ ၂၀၁၈ မှာ ဘီဘာအိုကနေ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ဂိုးသမား ကီပါကို ခေါ်ယူထားခဲ့ပေမယ့် နည်းပြ လမ်းပတ်ကတော့ စပိန်သားကို စိတ်တိုင်းမကျသေးဘဲ ရှိနေတာပါ။ ကီပါကြောင့် အသက်ကြီးပြီ ဖြစ်တဲ့ အရန် ဂိုးသမားကြီး ကာဘယ်လာရိုပါ ပရီးမီးယားလိဂ်ပွဲတွေ ဝင် ကစားခွင့်ရခဲ့သည်ထိ ဒီရာသီမှာ ကြုံခဲ့ပါတယ်။

လမ်းပတ်ဟာ ချယ်ဆီးနည်းပြ အစောပိုင်း ကာလတွေမှာ ကီပါကို ယုံကြည်မှု ထားခဲ့ပေမယ့် စပိန်သားရဲ့ အမှားများလွန်းတဲ့ လက်စွမ်းကြောင့် တခြား ဂိုးသမား ရှာဖွေလိုလာခဲ့တာပါ။ ကိုရိုနာ အကြပ်အတည်း ကာလမှာ ငွေသုံးပြီး ဂိုးသမားသစ် မရှာတော့ဘူး သတင်းတွေ ထွက်ခဲ့ပေမယ့် ချယ်ဆီးက အခုလို ဒေါ့မွန် ဂိုးသမားကို အံ့အားသင့်ဖွယ် ချိတ်ဆက်လာခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးရဲ့ ဂိုးသမား ပစ်မှတ် စာရင်းထဲမှာ ဒေါ့မွန် ဂိုးသမား ရိုမန်ဘာကီ အပြင် အေဂျက်မှ အိုနာနာ၊ ဘန်လေမှ နစ်ပုတ်၊ အက်သလက်တီကိုမှ အော့ဘလက်တို့လည်း ပါဝင်နေပမယ့် ဘာကီကိုတော့ ဈေးသက်သက်သာသာနဲ့ ရနိုင်ဖွယ် ရှိပါတယ်။

ကီပါနဲ့ ချယ်ဆီးအသင်း စာချုပ်က ၂၀၂၅ ထိ ကျန်ရှိသေးတာ ဖြစ်လို့ နည်းပြလမ်းပတ်က ဂိုးသမားကောင်း တစ်ယောက် ခေါ်ယူနိုင်ခဲ့ရင် ကီပါလည်း ရောင်းချခံရဖို့ များနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဘြန္ဒစ္လီဂါကလပ္ ေဒါ့မြန္မွ ဂိုးသမား ရိုမန္ဘာကီကို အံ့အားသင့္ဖြယ္ ခ်ိတ္ဆက္ေနျပီး စတန္းဖို႔ဘရစ္ခ်္ထံ ေခၚယူကာ လက္ရွိ ဂိုးသမား ကီပါနဲ႕ ျပိဳင္ဆိုင္ေစဖို႔ လႈပ္ရွားေနပါတယ္။

ေဒါ့မြန္နဲ႕ စာခ်ဳပ္ သက္တမ္း တစ္နွစ္သာ က်န္ေတာ့တဲ့ အသက္ ၂၉ နွစ္ အရြယ္ ဆြစ္ဇာလန္ဂိုးသမားကို ခ်ယ္ဆီးက ေစ်းသက္သက္သာသာနဲ႕ ရနိုင္ဖို႔ ရွိျပီး ေပါင္ ၁၅ သန္းနဲ႕ အေရာင္းအ၀ယ္ ျဖစ္သြားနုိင္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ၂၀၁၈ မွာ ဘီဘာအိုကေန စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၇၂ သန္းနဲ႕ ဂိုးသမား ကီပါကို ေခၚယူထားခဲ့ေပမယ့္ နည္းျပ လမ္းပတ္ကေတာ့ စပိန္သားကို စိတ္တိုင္းမက်ေသးဘဲ ရွိေနတာပါ။ ကီပါေၾကာင့္ အသက္ၾကီးျပီ ျဖစ္တဲ့ အရန္ ဂိုးသမားၾကီး ကာဘယ္လာရိုပါ ပရီးမီးယားလိဂ္ပြဲေတြ ၀င္ ကစားခြင့္ရခဲ့သည္ထိ ဒီရာသီမွာ ၾကံဳခဲ့ပါတယ္။

လမ္းပတ္ဟာ ခ်ယ္ဆီးနည္းျပ အေစာပိုင္း ကာလေတြမွာ ကီပါကို ယံုၾကည္မႈ ထားခဲ့ေပမယ့္ စပိန္သားရဲ႕ အမွားမ်ားလြန္းတဲ့ လက္စြမ္းေၾကာင့္ တျခား ဂိုးသမား ရွာေဖြလိုလာခဲ့တာပါ။ ကိုရုိနာ အၾကပ္အတည္း ကာလမွာ ေငြသံုးျပီး ဂိုးသမားသစ္ မရွာေတာ့ဘူး သတင္းေတြ ထြက္ခဲ့ေပမယ့္ ခ်ယ္ဆီးက အခုလို ေဒါ့မြန္ ဂိုးသမားကို အံ့အားသင့္ဖြယ္ ခ်ိတ္ဆက္လာခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးရဲ႕ ဂိုးသမား ပစ္မွတ္ စာရင္းထဲမွာ ေဒါ့မြန္ ဂိုးသမား ရိုမန္ဘာကီ အျပင္ ေအဂ်က္မွ အိုနာနာ၊ ဘန္ေလမွ နစ္ပုတ္၊ အက္သလက္တီကိုမွ ေအာ့ဘလက္တို႔လည္း ပါ၀င္ေနပမယ့္ ဘာကီကိုေတာ့ ေစ်းသက္သက္သာသာနဲ႕ ရနိုင္ဖြယ္ ရွိပါတယ္။

ကီပါနဲ႕ ခ်ယ္ဆီးအသင္း စာခ်ဳပ္က ၂၀၂၅ ထိ က်န္ရွိေသးတာ ျဖစ္လို႔ နည္းျပလမ္းပတ္က ဂိုးသမားေကာင္း တစ္ေယာက္ ေခၚယူနုိင္ခဲ့ရင္ ကီပါလည္း ေရာင္းခ်ခံရဖို႔ မ်ားေနပါတယ္။