မန်ချက်စတာ ယူနိုက်တက် လူငယ်တိုက်စစ်မှူးလေး မေဆန် ဂရင်းဝုဒ်ကတော့ အသင်းနဲ့ ၂၀၂၅ ဇွန်ထိ ဆက်ရှိနေစေမယ့် စာချူပ်သစ် တစ်ရပ် ဒီနေ့ ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
၂၀၁၃ နောက်ပိုင်း ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ယူနိုက်တက် ပြန်လည် ရယူဖို့ ဆိုရင် ဗဟိုခံစစ် နဲ့ ဂိုးသမား နှစ်နေရာ တိုးတက်အောင် လုပ်ဆောင်ရဦးမယ်လို့ ဂယ်ရီနဗီးလ်က ထောက်ပြခဲ့ပါတယ်။

ဒဏ်ရာ ရထားတဲ့ ကွင်းလယ် ကစားသမား ပေါ့ဘာဟာ နောက်ထပ် နှစ်ပတ်လောက် ပါဝင်နိုင်ဦးမှာ မဟုတ်ဘဲ ချယ်ဆီး၊ မန်စီးတီးတို့နဲ့ ပွဲတွေ ကို လွဲချော်ဖို့ ရှိနေပါတယ်။
ဂျင်မီကာရေဂါကတော့ ယူနိုက်တက် ဟာ ပုံစံကောင်း ပျောက်ဆုံးနေတဲ့ ဒီဂီယာကို ချန်လှပ်ထားဖို့ တိုက်တွန်းလိုက်ပြီး စပိန်သားဟာ အမှတ်ပေးဖလား ဗိုလ်စွဲဖို့ အတွက် လုံလောက် ကောင်းမွန်မှု မရှိကြောင်း ပြောဆိုခဲ့ပါတယ်။
ယူရိုပါလိဂ်မှာ ယူနိုက်တက်နဲ့ တွေ့မယ့် ရီးရဲဆိုဆီဒက် ကစားသမား ဂျာနူးဇက်ကတော့ အသင်းဟောင်းနဲ့ ပြန်အတွေ့မှာ သူ့ခြေစွမ်းကို သက်သေပြဖို့ တမင် လုပ်ပြစရာ မလိုကြောင်း ပွဲကြိုမှာ ဆိုခဲ့ပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးရှား ဟာ ၂၀၂၂ နွေမှာ အသင်းနဲ့ စာချုပ် ကုန်ဆုံးမှာ ဖြစ်ပြီး စာချူပ်သစ်အတွက် ဆွေးနွေးမှုများ မရှိသေးကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

Zawgyi – မန်ချက်စတာ ယူနိုက်တက် လူငယ်တိုက်စစ်မှူးလေး မေဆန် ဂရင်းဝုဒ်ကတော့ အသင်းနဲ့ ၂၀၂၅ ဇွန်ထိ ဆက်ရှိနေစေမယ့် စာချူပ်သစ် တစ်ရပ် ဒီနေ့ ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။
