ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (18/02/21)

ပြောင်းရွှေ့ကြေးကြောင့် ဖိအားနဲ့ ဝေဖန်မှုတွေ အများကြီးခံခဲ့ရတဲ့ တောင်ပံတိုက်စစ်သမား ပီပီဟာ ဒီတလော သီတင်းပတ်တွေမှာ ခြေစွမ်းပြလာပြီး တိုးတက်မှုကောင်းတွေ ဖြစ်ထွန်းနေတယ်လို့ အာတီတာက ဆိုပါတယ်။

အာဆင်နယ်တိုက်စစ်မှူး အူဘာမီးယန်းဟာ ပြီးခဲ့တဲ့ အပတ်က စပိန်သား တက်တူးဆရာ တစ်ယောက်ရဲ့ လက်ရာ တက်တူးသစ် ကို ထုတ်ကြွားလိုက်ပြီး ထိုဖြစ်ရပ်ဟာ ကိုဗစ် စည်းမျဥ်းတွေ ကို ချိူးဖောက်ရာ ကျနေတာကြောင့် ကလပ်အသင်းက စိစစ် အရေးယူသွားဖို့ ရှိနေပါတယ်။

ရီးရဲလ်မက်ဒရစ်ကနေ အာဆင်နယ်အသင်းထံ အငှား လာရောက် ကစားနေတဲ့ အိုဒီဂတ်ဟာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေထဲ ပါဝင်လာနိုင်တယ်လို့ အာတီတာက ချီးကျူးလိုက်ပါတယ်။

ဒဏ်ရာ ရှိနေခဲ့တဲ့ မန်စီးတီး ကွင်းလယ်ကစားသမား ဂွမ်ဒိုဂန်ဟာ လာမယ့် တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ ပွဲမှာတော့ ပြန်ပါဝင်လာနိုင်မှာ ဖြစ်ကြောင်း ဂွာဒီယိုလာက အတည်ပြုခဲ့ပါတယ်။

ရာသီကုန်ရင် စာချုပ် ကုန်ဆုံးမယ့် ခံစစ်မှူး ဒေးဗစ်လူးဝစ် ကို အာဆင်နယ် က ကစားသမားနဲ့ နည်းပြ တွဲဖက် တာဝန် ပေးအပ်ကာ သက်တမ်းတိုးဖို့ ရည်ရွယ်နေပါတယ်။

ပြီးခဲ့တဲ့ ရာသီက အာဆင်နယ်အသင်း ဟာ ယူရိုပါလိဂ်မှာ အိုလံပီယာကို့စ် ကို ရှူံးပြီး ထွက်ခဲ့ရတဲ့ အမျက်ဒေါသကို ပြန်စုစည်းပြီး ဒီရာသီ ဘင်ဖီကာ နဲ့ ကစားမယ့် ၃၂သင်း အဆင့် ပွဲမှာ ပြန်ပေါက်ကွဲ ပြဖို့ အာတီတာက ဂန်းနားတွေအား လှုံ့ဆော်လိုက်ပါတယ်။

Zawgyi – ေျပာင္းေရႊ႕ေၾကးေၾကာင့္ ဖိအားနဲ႕ ေ၀ဖန္မႈေတြ အမ်ားၾကီးခံခဲ့ရတဲ့ ေတာင္ပံတိုက္စစ္သမား ပီပီဟာ ဒီတေလာ သီတင္းပတ္ေတြမွာ ေျခစြမ္းျပလာျပီး တိုးတက္မႈေကာင္းေတြ ျဖစ္ထြန္းေနတယ္လို႔ အာတီတာက ဆိုပါတယ္။

အာဆင္နယ္တိုက္စစ္မွဴး အူဘာမီးယန္းဟာ ျပီးခဲ့တဲ့ အပတ္က စပိန္သား တက္တူးဆရာ တစ္ေယာက္ရဲ႕ လက္ရာ တက္တူးသစ္ ကို ထုတ္ၾကြားလိုက္ျပီး ထိုျဖစ္ရပ္ဟာ ကိုဗစ္ စည္းမ်ဥး္ေတြ ကို ခ်ိဴးေဖာက္ရာ က်ေနတာေၾကာင့္ ကလပ္အသင္းက စိစစ္ အေရးယူသြားဖို႔ ရွိေနပါတယ္။

ရီးရဲလ္မက္ဒရစ္ကေန အာဆင္နယ္အသင္းထံ အငွား လာေရာက္ ကစားေနတဲ့ အိုဒီဂတ္ဟာ ကမၻာ့ အေကာင္းဆံုး ကစားသမားေတြထဲ ပါ၀င္လာနိုင္တယ္လို႔ အာတီတာက ခ်ီးက်ဴးလိုက္ပါတယ္။

ဒဏ္ရာ ရွိေနခဲ့တဲ့ မန္စီးတီး ကြင္းလယ္ကစားသမား ဂြမ္ဒိုဂန္ဟာ လာမယ့္ တနဂၤေႏြေန႔ အာဆင္နယ္နဲ႕ ပြဲမွာေတာ့ ျပန္ပါ၀င္လာနိုင္မွာ ျဖစ္ေၾကာင္း ဂြာဒီယိုလာက အတည္ျပဳခဲ့ပါတယ္။

ရာသီကုန္ရင္ စာခ်ဳပ္ ကုန္ဆံုးမယ့္ ခံစစ္မွဴး ေဒးဗစ္လူး၀စ္ ကို အာဆင္နယ္ က ကစားသမားနဲ႕ နည္းျပ တြဲဖက္ တာ၀န္ ေပးအပ္ကာ သက္တမ္းတိုးဖို႔ ရည္ရြယ္ေနပါတယ္။

ျပီးခဲ့တဲ့ ရာသီက အာဆင္နယ္အသင္း ဟာ ယူရိုပါလိဂ္မွာ အိုလံပီယာကို႔စ္ ကို ရွံဴးျပီး ထြက္ခဲ့ရတဲ့ အမ်က္ေဒါသကို ျပန္စုစည္းျပီး ဒီရာသီ ဘင္ဖီကာ နဲ႕ ကစားမယ့္ ၃၂သင္း အဆင့္ ပြဲမွာ ျပန္ေပါက္ကြဲ ျပဖို႔ အာတီတာက ဂန္းနားေတြအား လွံဳ႔ေဆာ္လိုက္ပါတယ္။