ပရီးမီးယားလိဂ် မန်နေဂျာသုံးဦးလုံးရဲ့ စိတ်ဝင်စားမှုကို ငြင်းဆန်မယ့် ပီအက်ဂျီအသင်းသား

UNICODE – ဒီရာသီ ဥရောပတလွှားမှ ကစားသမားကောင်း အများအပြားဟာ သက်ဆိုင်ကလပ်တွေနဲ့ စာချုပ်ကုန်ဆုံးမှာဖြစ်လို့ ရာသီသစ်မှာ အသင်းသစ်တွေထံ ကူးပြောင်းခွင့် ရကြမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကတော့ အထူးစည်းမျဉ်းအရ ဇွန်လ ၃၀ ရက်မှာ မိခင်ကလပ်တွေနဲ့ စာချုပ်ကုန်မယ့် ကစားသမားတွေက ရာသီသိမ်း နောက်ဆုံးပွဲထိ ကစားလိုတယ်ဆိုရင် သက်တမ်းတို စာချုပ်တွေ ချုပ်ဆိုခွင့်ရှိမှာဖြစ်တယ်။ မဟုတ်ရင်လည်း နောက်ရာသီမှာ ကိုယ်စိတ်ကြိုက် အသင်းတွေကို ရွေးချယ်နိုင်ဖို့ ထွက်ခွာသွားခွင့်တွေ ရှိကြမှာ ဖြစ်ပါတယ်။

ပြင်သစ်အခြေစိုက် သတင်းတွေကတော့ လီဗာပူးအသင်းဟာ ဒီနွေမှာ အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ပီအက်ဂျီ အစွန်လူ မူနီယာကို ခေါ်ယူဖို့ ပြိုင်ဘက်တွေနဲ့အပြိုင် စိတ်ဝင်စားလာနေတယ်လို့ ဖော်ပြခဲ့တယ်။ အသက် ၂၈ နှစ်အရွယ် မူနီယာဟာ အာဆင်နယ်၊ စပါး၊ ယူနိုက်တက်တို့နဲ့ သတင်းကြီးနေပေမယ့် လီဗာပူးနဲ့ သတင်းထွက်လာတာကတော့ ထူးထူးဆန်းဆန်းပဲဖြစ်တယ်။

၂၀၁၈ ကမ္ဘာဖလားမှာ ဘယ်ဂျီယံအသင်းကို တတိယနေရာရအောင် ကူညီပေးနိုင်ခဲ့တဲ့ မူနီယာကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ မျှော်လင့်ထားကြပေမယ့်း ကလပ် ဘရုချ် အစွန်လူဟောင်းဟာ အင်္ဂလန်ထက် ဂျာမနီကပဲ သူ့အတွက် ပိုမို သင့်လျော်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။

ပီအက်ဂျီမှာ ကျင်လည်တဲ့ လေးရာသီအတွင်းမှာ သူ့ကို ခေါ်ယူဖို့ အင်္ဂလန်ကလပ်တွေဘက်က အကြိမ်ကြိမ် ကင်းထောက်ခဲ့ပါတယ်။ ကိုရိုနာ ကပ်ဘေးကြောင့် ဘောလုံးရာသီ အဆုံးသတ်ဖို့နဲ့ နွေဈေးကွက် ဖွင့်လှစ်ချိန်တွေကို သေချာ မသိရသေးပေမယ့် အနာဂတ်ကို ဘွန်ဒက်လီဂါမှာ အခြေချဖို့ကို ရည်ရွယ်ထားတဲ့ မူနီယာကို ဆွဲဆောင်ဖို့ အင်္ဂလန်ကလပ်တွေ ကြိုးစားနေခဲ့ပါပြီ။

ZAWGYI – ဒီရာသီ ဥေရာပတလႊားမွ ကစားသမားေကာင္း အမ်ားအျပားဟာ သက္ဆုိင္ကလပ္ေတြနဲ႔ စာခ်ဳပ္ကုန္ဆံုးမွာျဖစ္လို႔ ရာသီသစ္မွာ အသင္းသစ္ေတြထံ ကူးေျပာင္းခြင့္ ရၾကမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကေတာ့ အထူးစည္းမ်ဥ္းအရ ဇြန္လ ၃၀ ရက္မွာ မိခင္ကလပ္ေတြနဲ႔ စာခ်ဳပ္ကုန္မယ့္ ကစားသမားေတြက ရာသီသိမ္း ေနာက္ဆံုးပြဲထိ ကစားလိုတယ္ဆိုရင္ သက္တမ္းတို စာခ်ဳပ္ေတြ ခ်ဳပ္ဆိုခြင့္ရွိမွာျဖစ္တယ္။ မဟုတ္ရင္လည္း ေနာက္ရာသီမွာ ကိုယ္စိတ္ၾကိဳက္ အသင္းေတြကို ေရြးခ်ယ္ႏုိင္ဖို႔ ထြက္ခြာသြားခြင့္ေတြ ရွိၾကမွာ ျဖစ္ပါတယ္။

ျပင္သစ္အေျခစိုက္ သတင္းေတြကေတာ့ လီဗာပူးအသင္းဟာ ဒီေႏြမွာ အလြတ္နဲ႔ ေခၚယူႏုိင္မယ့္ ပီအက္ဂ်ီ အစြန္လူ မူနီယာကို ေခၚယူဖို႔ ျပိဳင္ဘက္ေတြနဲ႔အျပိဳင္ စိတ္ဝင္စားလာေနတယ္လို႔ ေဖာ္ျပခဲ့တယ္။ အသက္ ၂၈ ႏွစ္အရြယ္ မူနီယာဟာ အာဆင္နယ္၊ စပါး၊ ယူႏုိက္တက္တို႔နဲ႔ သတင္းၾကီးေနေပမယ့္ လီဗာပူးနဲ႔ သတင္းထြက္လာတာကေတာ့ ထူးထူးဆန္းဆန္းပဲျဖစ္တယ္။

၂၀၁၈ ကမၻာဖလားမွာ ဘယ္ဂ်ီယံအသင္းကို တတိယေနရာရေအာင္ ကူညီေပးႏုိင္ခဲ့တဲ့ မူနီယာကို ေခၚယူႏုိင္ဖို႔ ပရီးမီးယားလိဂ္ ထိပ္သီးအသင္းေတြ ေမွ်ာ္လင့္ထားၾကေပမယ့္း ကလပ္ ဘရုခ်္ အစြန္လူေဟာင္းဟာ အဂၤလန္ထက္ ဂ်ာမနီကပဲ သူ႔အတြက္ ပိုမို သင့္ေလ်ာ္လိမ့္မယ္လို႔ ယံုၾကည္ထားပါတယ္။

ပီအက္ဂ်ီမွာ က်င္လည္တဲ့ ေလးရာသီအတြင္းမွာ သူ႔ကို ေခၚယူဖို႔ အဂၤလန္ကလပ္ေတြဘက္က အၾကိမ္ၾကိမ္ ကင္းေထာက္ခဲ့ပါတယ္။ ကိုရိုနာ ကပ္ေဘးေၾကာင့္ ေဘာလုံးရာသီ အဆံုးသတ္ဖို႔နဲ႔ ေႏြေစ်းကြက္ ဖြင့္လွစ္ခ်ိန္ေတြကို ေသခ်ာ မသိရေသးေပမယ့္ အနာဂတ္ကို ဘြန္ဒက္လီဂါမွာ အေျခခ်ဖို႔ကို ရည္ရြယ္ထားတဲ့ မူနီယာကို ဆြဲေဆာင္ဖို႔ အဂၤလန္ကလပ္ေတြ ၾကိဳးစားေနခဲ့ပါျပီ။