ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (19/02/21)

လာမယ့်နွေမှာ မွန်ချင်ဂလာဘတ် အသင်းကနေ ထွက်ခွာမယ့် အသက် ၂၈ နှစ် အရွယ် ကွင်းလယ်သမား ဂျိုးနက်စ် ဟော့ဖ်မန်း ကို ချယ်ဆီးက ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ၎င်း အတွက် ပေါင် ၁၄ သန်းလောက် သုံးရမှာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းမှ သီယေဂို ဆေးလ်ဗားနဲ့ ကိုင်ဟာဗက်ဇ် တို့ဟာ ကြာသပတေးနေ့တည်းက အသင်း ထရိန်နင်မှာ ပူးပေါင်းနေပြီ ဖြစ်ပြီး စနေနေ့ ဆောက်သမ်တန်နဲ့ ပွဲမှာ ပါဝင်နိုင်ဖွယ် ရှိပါတယ်။

လက်ရှိ ချယ်ဆီး တောင်ပံခံစစ်မှာ ဝင်ကူနေရတဲ့ တိုက်စစ်သမား အိုဒွိုင်းက ၎င်းဟာ ပွဲစဉ်တိုင်းမှာ သွင်းဂိုးနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ကာ အသင်း score board မှာ အမည် ပါဝင်လိုကြောင်း ရည်မှန်းချက် ကို ဖွင့်ဟခဲ့ပါတယ်။

သီယေဂို ဆေးဗားဟာ ၎င်း ကစားသမား ဘ၀ အပေါ် သက်ရောက်မှုကြီးစွာ အကူအညီ ပေးသူ ဖြစ်တယ်လို့ ချယ်ဆီး ခံစစ်မှူး ရီစီ ဂျိမ်းစ် က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ချယ်ဆီး တိုက်စစ်မှူး ဂျီရူးကတော့ ဝေဖန်မှုနဲ့ ဖိအားတွေ ကြားမှာ မယိမ်းယိုင်ဘဲ သူ့အလုပ်သူ အာရုံစိုက် လုပ်သွားတဲ့ ဂိုးသမား ကီပါ ကို ထောက်ခံ ချီးကျူးလိုက်ပါတယ်။

ကွင်းလယ်မှာ အထူး စိတ်ချရသူ ဖြစ်လာတဲ့ ကိုဗာဆစ်ဟာ ချယ်ဆီးနည်းပြ တူချယ်ရဲ့ ချစ်ခင်အားထားရသူ ဖြစ်လာနေကြောင်း ဂါးဒီးယန်း သတင်းစာက ဖော်ပြထားပါတယ်။

Zawgyi – လာမယ့်နွေမှာ မွန်ချင်ဂလာဘတ် အသင်းကနေ ထွက်ခွာမယ့် အသက် ၂၈ နှစ် အရွယ် ကွင်းလယ်သမား ဂျိုးနက်စ် ဟော့ဖ်မန်း ကို ချယ်ဆီးက ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ၄င်း အတွက် ပေါင် ၁၄ သန်းလောက် သုံးရမှာ ဖြစ်ပါတယ်။


လက်ရှိ ချယ်ဆီး တောင်ပံခံစစ်မှာ ၀င်ကူနေရတဲ့ တိုက်စစ်သမား အိုဒွိုင်းက ၄င်းဟာ ပွဲစဉ်တိုင်းမှာ သွင်းဂိုးနဲ့ ထောက်ပံ့မှုတွေ ပြုလုပ်ကာ အသင်း score board မှာ အမည် ပါဝင်လိုကြောင်း ရည်မှန်းချက် ကို ဖွင့်ဟခဲ့ပါတယ်။

သီယေဂို ဆေးဗားဟာ ၄င်း ကစားသမား ဘ၀ အပေါ် သက်ရောက်မှုကြီးစွာ အကူအညီ ပေးသူ ဖြစ်တယ်လို့ ချယ်ဆီး ခံစစ်မှူး ရီစီ ဂျိမ်းစ် က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

