ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာယူနိုက်တက် သတင်းတိုများ (19/02/21)

ယူရိုပါလိဂ်မှာ ရီးရဲလ်ဆိုဆီဒက်ကို လေးဂိုးပြတ် အနိုင်ယူပြီးတဲ့နောက် ယူနိုက်တက်ဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားလာခဲ့ပြီး သရဲနီဟောင်း အိုဝင် ဟားဂရေ့ဗ်ကလည်း ယူနိုက်တက် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ထောက်ခံခဲ့ပါတယ်။

နည်းပြ ဆိုးရှားကတော့ ဥရောပပွဲ ဂိုးပြတ် နိုင်ခဲ့တာ အတွက် အားရကျေနပ်နေသော်လည်း ကလပ်အသင်းဟာ လမ်းကြောင်းတစ်ခုမှာ သွားနေဆဲဖြစ်ပြီး ပန်းတိုင် မရောက်သေးကြောင်း ပြောဆိုခဲ့ပါတယ်။

ဝေးစ် တောင်ပံကစားသမား ဒန်နီရယ် ဂျိမ်းစ်ဟာ အသင်းမှာ ပွဲကစားချိန် မရခဲ့သော်လည်း ဆိုဆီဒက်နဲ့ ပွဲ ဝင်ကစားချိန်မှာ ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။ ဆိုးရှားကတော့ ဂျိမ်းစ်ဟာ အသင်း ရေရှည် အစီအစဉ်တွေထဲ ပါဝင်နေကြောင်း ဆိုခဲ့ပါတယ်။

အာမက် ဒီယာလို ဟာ မန်ချက်စတာ ယူနိုက်တက် ရလိုက်တဲ့ ထူးချွန် ပါရမီ ရှင် တစ်ဦး ဖြစ်တယ်လို့ ပေါစခိုးလ်က ထောက်ခံခဲ့ပေမယ့် ၎င်းရဲ့ မြန်နှုန်း ဘယ်လောက် ရှိလဲ ဆိုတာတော့ သေချာ မသိသေးကြောင်း ဆိုခဲ့ပါတယ်။

ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက မန်ချက်စတာ ယူနိုက်တက်ဟာ ဒီတလောမှာ ရလဒ်တွေ ကောင်းမွန်နေပေမယ့် ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ လင်ဒီလော့ဖ်တို့ ရှိနေသရွေ့ ယူနိုက်တက် အမှတ်ပေးဖလားတော့ မရနိုင်ဘူးလို့ သုံးသပ်ခဲ့ပါတယ်။

ယူနိုက်တက်မှာ ဗန်ဒီဘိခ် ရင်ဆိုင်နေရတဲ့ အနေအထားနဲ့ပတ်သတ်ပြီး ချယ်ဆီးမှာ ဇီယက်ချ် အချိန်ယူခဲ့ရတာနဲ့ နှိုင်းယှဉ်ကာ စိတ်ရှည်ဖို့ လီဗာပူးနဲ့ နယ်သာလန် တိုက်စစ်မှူးဟောင်း ဒါ့ကောက်က တိုက်တွန်း အားပေးခဲ့ပါတယ်။

Zawgyi – ယူရိုပါလိဂ်မှာ ရီးရဲလ်ဆိုဆီဒက်ကို လေးဂိုးပြတ် အနိုင်ယူပြီးတဲ့နောက် ယူနိုက်တက်ဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားလာခဲ့ပြီး သရဲနီဟောင်း အိုဝင် ဟားဂရေ့ဗ်ကလည်း ယူနိုက်တက် ချန်ပီယံ ဖြစ်နိုင်တယ်လို့ ထောက်ခံခဲ့ပါတယ်။



အာမက် ဒီယာလို ဟာ မန်ချက်စတာ ယူနိုက်တက် ရလိုက်တဲ့ ထူးချွန် ပါရမီ ရှင် တစ်ဦး ဖြစ်တယ်လို့ ပေါစခိုးလ်က ထောက်ခံခဲ့ပေမယ့် ၄င်းရဲ့ မြန်နှုန်း ဘယ်လောက် ရှိလဲ ဆိုတာတော့ သေချာ မသိသေးကြောင်း ဆိုခဲ့ပါတယ်။


ယူနိုက်တက်မှာ ဗန်ဒီဘိခ် ရင်ဆိုင်နေရတဲ့ အနေအထားနဲ့ပတ်သတ်ပြီး ချယ်ဆီးမှာ ဇီယက်ခ်ျ အချိန်ယူခဲ့ရတာနဲ့ နှိုင်းယှဉ်ကာ စိတ်ရှည်ဖို့ လီဗာပူးနဲ့ နယ်သာလန် တိုက်စစ်မှူးဟောင်း ဒါ့ကောက်က တိုက်တွန်း အားပေးခဲ့ပါတယ်။